လီဗာပူးအသင်းဟာ စပို့တင်းနည်းပြ အမ်မိုရင်းကို ယာဂင်ကလော့ပ် နေရာ အစားထိုးဖို့ ခေါ်ယူနိုင်ရေး အားထုတ်ကြိုးစားနေပါတယ်။

၂၀၂၀ မှာ စပို့တင်းနည်းပြဖြစ်လာပြီးနောက် အမ်မိုရင်းဟာ ပေါ်တူဂီဘောလုံးလောကမှာ ဩဇာရှိ နည်းပြတစ်ဦးဖြစ်လာခဲ့တယ်။ သူဟာ ကိုဗင်ထရီကနေ တိုက်စစ်မှူး ခရိုကီယက်စ်ကို ခေါ်ယူခဲ့ကာ ပေါ်တူဂီလိဂ်ရဲ့ ထိပ်တန်းကစားသမား ဖြစ်လာစေခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ခရိုကီယက်စ်ကို ခေါ်ယူပြီး အသင်းတိုက်စစ်ကို အင်အားတိုးချဲ့လိုနေတာပါ။ ဆွီဒင်တိုက်စစ်မှူးဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၃၆ ဂိုး သွင်းယူထားပြီး ဂိုးထောက်ပံ့မှု ၁၂ ကြိမ်လည်း လုပ်ထားနိုင်ပါတယ်။

ဇန်နဝါရီမှာတည်းက ခရိုကီးယက်စ်ကို ခေါ်ယူလိုခဲ့ပေမယ့် ဘဏ္ဍာရေး အခြေအနေအရကော ကစားသမားဘက်က အသင်းပြောင်းလိုစိတ် မရှိခြင်းကြောင့်ပါ အာဆင်နယ်ဘက်က အရေးမသာခဲ့ပါဘူး။

ဒီနွေမှာ အမ်မိုရင်း ထွက်ခွာခဲ့မယ်ဆိုရင်တော့ ခရိုကီးယက်စ်ဟာ သူ့ရဲ့ အနာဂတ်ကို စဉ်းစားမှာဖြစ်ကာ ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

ဆွီဒင်သားကို ခေါ်ယူဖို့ အာဆင်နယ်အပြင် ချယ်ဆီးအသင်းလည်း စိတ်ဝင်စားနေပေမယ့် အာတီတာလက်အောက်မှာ ပိုမို စိတ်လှုပ်ရှားစရာတွေ ဖန်တီးနိုင်ဖို့ကို ခရိုကီးယက်စ်လည်း စိတ်ဝင်စားနေမှာဖြစ်ပါတယ်။