ကမ္ဘာ့တန်ကြေးအကြီးဆုံး ပွဲထွက် ၁၁ ဦးစာရင်း ထွက်ပေါ်လာရာမှာတော့ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးမှ ကစားသမားတွေ ပါဝင်လာပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အဖြစ် ယူဆခံရပြီး ကလပ် ၃ သင်းက ချန်ပီယံဖြစ်နိုင်ချေ ရှိနေတာပါ။ သူတို့ကြား ရမှတ်ကွာဟမှုကလည်း ၁ မှတ်ပဲ ရှိထားတာဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ အာဆင်နယ်က ၇၁ မှတ်ဖြင့် ဇယားထိပ်ကရှိနေကာ လီဗာပူးက ရမှတ်တူ ဂိုးကွာခြားချက်အကွာဖြင့် ဒုတိယနေရာမှာ ရှိနေပြီး မန်စီးတီးက ရမှတ် ၇၀ ဖြင့် တတိယနေရာမှာ ရှိနေပါတယ်။

ဒီနှစ်တွေအတွင်း မန်စီးတီး၊ လီဗာပူးတို့ လွှမ်းမိုးထားတဲ့ အင်္ဂလန်လိဂ်မှာ အာဆင်နယ်က အားကောင်းတဲ့ပြိုင်ဘက်အဖြစ် ပေါ်ထွက်လာပါတယ်။

Transfermarkt က ရွေးချယ်တဲ့ ကမ္ဘာ့စျေးကြီးဆုံး ပွဲထွက် ၁၁ ဦးမှာတော့ ပရီးမီးယားလိဂ်မှ ၆ ဦးထိ ပါဝင်လာပါတယ်။ မန်စီးတီးမှ ဒီယက်စ်နဲ့ ရိုဒရီ၊ အာဆင်နယ်မှ ဆာလီဘာ၊ ရိုက်စ်၊ ဆာကာနဲ့ လီဗာပူးမှ ထရန့်တို့ဖြစ်ပါတယ်။

ဂိုးသမားနေရာမှာတော့ ပေါ်တိုအသင်းမှ ကော်စတာဖြစ်ပြီး ပီအက်စ်ဂျီမှ ခံစစ်သမား မန်ဒက်စ်၊ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်၊ တိုက်စစ်မှူး ဗင်နီးဆီးယက်စ်၊ ပီအက်စ်ဂျီမှ အမ်ဘာပေးတို့လည်း ပါဝင်သွားတာဖြစ်ပါတယ်။

လက်ရှိ တန်ကြေးအကြီးဆုံး ကစားသမားတွေက အမ်ဘာပေနဲ့ ရိုဒရီတို့ဖြစ်ကာ ဟာလန်း၊ ဖိုဒန်တို့ကတော့ ဒီစာရင်းထဲ ပါဝင်လာခြင်း မရှိပါဘူး။