ဒီနွေမှာ လီဗာပူးအသင်းကနေ ဆာလာကို ခေါ်ယူဖို့ ဆော်ဒီ ပရိုလိဂ်ကလပ် အချို့ ဆက်လက် ကြိုးစားဖွယ် ရှိပါတယ်။

အသင်းနဲ့ ၂၀၂၅ ခုနှစ်ပဲ ရှိထားတဲ့ ဆာလာဟာ စာချုပ်သစ်မရသေးသလို နည်းပြသစ် ရောက်မလာသေးခင်မှာ ကစားသမားသစ် ခေါ်ယူရေးနဲ့ သက်တမ်းတိုးရေး ကိစ္စတွေ အားလုံးကို လီဗာပူးအသင်းဘက်က ရပ်တန့်ထားပါတယ်။

ဒီနွေမှာ လီဗာပူးကနေ ဆာလာကို ခေါ်ယူရေးအတွက် ဆော်ဒီပရိုလိဂ်ကလပ် Al-Ittihad ဘက်က ကြိုးစားသွားမှာပါ။ သူတို့ရဲ့ ပထမဆုံး ကမ်းလှမ်းမှုဟာ ယူရို သန်း ၈၀ ဖြင့် စတင်မယ်လို့ အသံထွက်နေပါတယ်။

မနှစ်ကနွေမှာ Al-Ittihad အသင်းဟာ မိုဆာလာအတွက် ယူရို သန်း ၁၅၀ တန်ကြေးရှိ ကမ်းလှမ်းမှု ပေးခဲ့ပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့ပါသေးတယ်။ ဒီတစ်ကြိမ်မှာ လီဗာပူးဘက်က ဘယ်လို သဘောထားမလဲ မသိရသေးပါဘူး။

ဆော်ဒီကလပ်တွေကတော့ ပရိသတ်ပေါင်း သန်း ၁၀၀ ကျော်ရှိတဲ့ အီဂျစ်ရဲ့ အကောင်းဆုံး ကစားသမားကို ခေါ်ယူခြင်းနဲ့အတူ အာရပ်ကမ္ဘာမှာ အကြီးကျယ်ဆုံး ပရိုလိဂ်ဆိုတဲ့ နေရာကို ခိုင်ခိုင်မာမာ ရယူဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။