ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Man City vs Luton Town

မန်စီးတီးက ဒီပွဲကို အနိုင်ယူပြီး ဇယားထိပ် တက်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် အနည်းငယ်တုန်းက ဆိုရင် စီးတီးက title race ကနေ ထွက်ရပြီ ထင်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့က အလွယ်ကူဆုံး ပွဲစဉ်တွေနဲ့ အတူ ပြန်လာပါပြီ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Man City 3-0 Luton

Bournemouth vs Man United

ဘုန်းမောက်က တန်းဆင်းမှာ မဟုတ်ဘူး။ တကယ်တမ်းတော့ သူတို့ ဘာအတွက် ကစားနေတယ် ဆိုတာတောင် ဦးတည်ရာ မရှိနေပါဘူး။ ယူနိုက်တက်ကလည်း ဘယ်ရောက် ဘယ်ပေါက်မယ်ဆိုတာ မှန်းတောင် မရဘူး။ ပွဲတချို့ ရှုံးလိုက်၊ ရလဒ်ကောင်း တစ်ပွဲလောက် ရလိုက်၊ အရင်တိုင်း ပြန်ဖြစ်လိုက်ပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Bournemouth 2-2 Man United

Liverpool vs Crystal Palace

ပဲလေ့စ်က လီဗာပူးကို ပြဿနာတွေ အများကြီး ပေးမှာပါ။ ဒါပေမယ့် အနီရောင်တွေ အန်းဖီးမှာ နိုင်ပွဲ ရဖို့ ကျွန်တော် မျှော်လင့်ထားတယ်။ အနည်းဆုံး အာဆင်နယ် ပွဲ မကစားခင်ထိ သူတို့ ဇယားထိပ် ရောက်သွားနိုင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 3-1 Crystal Palace

Arsenal vs Aston Villa

ဒီပွဲမှာ ကျွန်တော်ကတော့ အိမ်ရှင် အသင်းဘက်က ရှိရမှာပဲ။ သူတို့က မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို ထူးရှယ် ဖြစ်နေတယ်။ အထူးသဖြင့် ဒီနှစ်ထဲ အမ်းမရိတ်မှာ ဆိုရင် အထင်ကြီးစရာ လုပ်ပြထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Arsenal 2-0 Aston Villa

Chelsea vs Everton

ချယ်ဆီးကတော့ ဒီရာသီ ပုံမှန်အောက်ကို ရောက်နေတဲ့ အနေအထားပါ။ ဒါပေမယ့် သူတို့ အိမ်ကွင်းမှာတော့ အလုပ်ဖြစ်အောင် လုပ်နိုင်မယ် လို့ ကျွန်တော် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Chelsea 2-0 Everton

အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Newcastle 2-1 Tottenham
Brentford 2-1 Sheffield United
Nottingham Forest 2-2 Wolves
Burnley 2-2 Brighton
West Ham 2-1 Fulham