၂၀၀၅ မှာ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ကာရေဂါကတော့ ဒီရာသီ ဖိုင်နယ်မှာ သူတွေ့စေချင်တဲ့ ကလပ် ၂ သင်းကို ဖော်ထုတ်လာပါတယ်။

ကွာတားအဆင့်မှာ အသင်းကောင်းတွေ ထိပ်တိုက်တွေ့နေခဲ့ပေမယ့် အခုချိန်ထိတော့ ရလဒ်တွေက မပြတ်သားသေးပါဘူး။ ဒုတိယအကျော့ မပြီးခင်ထိ ဘယ်အသင်းတွေ ဆီမီးဖိုင်နယ်အဆင့်ထံ တက်ရောက်မယ်ဆိုတာ ပြောနိုင်သေးခြင်း မရှိတာပါ။

အာဆင်နယ်နဲ့ ဘိုင်ယန်၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ သရေကျခဲ့ပေမယ့် ပထမအကျော့ပွဲတွေမှာ အက်သလက်တီကိုက ဒေါ့မွန်ကို ၂-၁ ဖြင့် အနိုင်ရပြီး ဘာစီလိုနာက ပီအက်စ်ဂျီကို ၃-၂ ဖြင့် အဝေးကွင်းမှာ အနိုင်ယူခဲ့ပါတယ်။

ရလဒ်တွေအရ နောက်အဆင့်တက်ဖို့ရာ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ အက်သလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ရေပန်းစားနေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာက ဘာမဆိုဖြစ်လာနိုင်ဆဲဖြစ်ပါတယ်။

ကာရေဂါကတော့ ဆီမီးဖိုင်နယ်အဆင့်ထံ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ အက်သလက်တီကို မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ တက်ရောက်နိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဖိုင်နယ်ကိုတော့ မန်စီးတီးနဲ့ ပီအက်စ်ဂျီ ၂ သင်း တက်ရောက်နိုင်မယ်လို့ သူက ခန့်မှန်းခဲ့တာဖြစ်ပါတယ်။