Date

April 14, 2024

မန်ယူကို ကျော်ပြီး ဥရောပဝင်ခွင့် ရသွားနိုင်တဲ့ ချယ်ဆီးအသင်း

ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ မှာ ယူနိုက်တက်က ဘုန်းမောက်ကို ၂-၂ သရေကျခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ မဖြစ်နိုင်သလောက် အနေအထားကို ရောက်လာခဲ့ပါပြီ။ ယူနိုက်တက်ဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၄ ပွဲမှာ ၃ ပွဲသရေကျထားပြီး ၁ ပွဲ ရှုံးနိမ့်ထားကာ အခြေအနေ ဆိုးရွားနေတာပါ။ ဒါကြောင့်ပဲ မကြာခင် ချယ်ဆီးအသင်း ကျော်တက်သွားခြင်းကို ခံရဖွယ် ရှိလာပါတယ်။ အဆင့် ၇ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်နဲ့ အဆင့် ၉ မှာ ရှိနေတဲ့… Continue Reading →

ဒီရာသီ အကောင်းဆုံး လူသစ် ခေါ်ယူမှု ၁၀ ခုထဲ လီဗာပူး ကစားသမား ၂ ဦး ပါဝင်

လီဗာပူးအသင်းဟာ ရာသီမစခင်တုန်းက ကွင်းလယ်လူသစ် ၄ ဦးဖြစ်တဲ့ မက်ကယ်လစ္စတာ၊ အန်ဒို၊ ဆိုဘိုစလိုင်နဲ့ ဂရာဗင်ဘက်ချ်တို့ကို ခေါ်ယူခဲ့ပါတယ်။ ဒီနွေမှာ ကစားသမား ၆ ဦး ထွက်ခွာသွားပြီး လူသစ် ၄ ဦး ဝင်လာခြင်းဟာ အသင်းလူစာရင်းကို စာရွက်ပေါ်မှာ အရမ်းကြီး တောင့်တင်းသွားစေခြင်း မရှိဘူး။ ဒါပေမယ့်လို့ ကွင်းထဲ အသုံးပြုနိုင်စွမ်းက များစွာ ကွာခြားသွားခဲ့ပါတယ်။ သူတို့ထဲက မက်ကယ်လစ္စတာဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုအဖြစ် အာဆင်နယ်မှ ဒီကလန်ရိုက်စ်၊ ချယ်ဆီးအသင်းမှ ကိုးလ် ပါလ်မာတို့နဲ့… Continue Reading →

မန်ယူအသင်း ရလဒ်ကောင်းစေချင်ရင် ဒီ ၂ နေရာ လူသစ် ခေါ်ပေးလို့ တန်ဟက် တောင်းဆို

မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်က ဒီနွေအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူလိုကြောင်း ပြောလာပါတယ်။ ဒီရာသီမှာ သူ့အသင်းဟာ တိုက်စစ်အတွက် လုံလောက်တဲ့ ရွေးချယ်စရာ မရှိဘူးလို့ ယူနိုက်တက် နည်းပြက မြင်ထားတာပါ။ သရဲနီတွေဟာ ကြီး ၆ ကြီးထဲမှာ တိုက်စစ် အညံ့ဆုံးအသင်းအဖြစ် ၄၇ ဂိုးပဲ သွင်းထားနိုင်ပါတယ်။ ” တိုက်စစ်သမားသစ် ခေါ်ယူတာက ကျနော်တို့အတွက် အကူအညီဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ရွေးချယ်စရာတွေ ပိုရလာဖို့ လိုပါတယ်။ နေရာတိုင်းမှာ ရွေးချယ်စရာ ၂ ဦးစီ ရှိနေရမှာပါ။… Continue Reading →

အာဆင်နယ်ဂိုးသမား ရာယာရဲ့ အားနည်းချက်ကို ဖော်ထုတ်လိုက်တဲ့ တိုက်စစ်မှူး ကိန်း

မနက်က အာဆင်နယ် ၂-၂ ဘိုင်ယန်မြူးနစ်ပွဲမှာ ရာယာဟာ ခပ်မြန်မြန် ဒိုင်ဗင်ပစ်တတ်သူ ဆိုတာ ကြိုတွက်မိခဲ့ကြောင်း ဟယ်ရီကိန်းက ထုတ်ပြောလာပါတယ်။ ၁-၁ ဖြစ်နေချိန် ရလာတဲ့ ပင်နယ်တီ အခွင့်အရေးကို ကိန်းက အဆုံးသတ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုး ရယူခဲ့တာပါ။ ကိန်းဟာ ဘောလုံးကို ခပ်မြန်မြန် မကန်ခဲ့ဘဲ ရာယာ ဟန်ချက်ပျက်မှာကို စောင့်ပြီးမှ အသာအယာ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၁၆ သင်း ရှုံးထွက်ပွဲတုန်းက ပေါ်တိုပွဲမှာ အာဆင်နယ် ဂိုးသမား ရာယာရဲ့ ပင်နယ်တီ ကာကွယ်မှုတွေကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!