မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်က ဒီနွေအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူလိုကြောင်း ပြောလာပါတယ်။

ဒီရာသီမှာ သူ့အသင်းဟာ တိုက်စစ်အတွက် လုံလောက်တဲ့ ရွေးချယ်စရာ မရှိဘူးလို့ ယူနိုက်တက် နည်းပြက မြင်ထားတာပါ။ သရဲနီတွေဟာ ကြီး ၆ ကြီးထဲမှာ တိုက်စစ် အညံ့ဆုံးအသင်းအဖြစ် ၄၇ ဂိုးပဲ သွင်းထားနိုင်ပါတယ်။

” တိုက်စစ်သမားသစ် ခေါ်ယူတာက ကျနော်တို့အတွက် အကူအညီဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ရွေးချယ်စရာတွေ ပိုရလာဖို့ လိုပါတယ်။ နေရာတိုင်းမှာ ရွေးချယ်စရာ ၂ ဦးစီ ရှိနေရမှာပါ။

ဒီရာသီ အချို့နေရာတွေအတွက် ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ တိုက်စစ်နဲ့ ဘယ်ခြမ်းခံစစ်လို နေရာတွေပေါ့။ ဒါက ရလဒ်တွေကို မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ် ” လို့ တန်ဟက်က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီ၊ ဟွိုင်လန်းတို့ကို ခေါ်ယူထားပေမယ့် တန်းဆင်းဇုန်က လူတန်အသင်းကတောင် သွင်းဂိုး ၄၆ ဂိုးရထားတာမို့ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်က စိတ်ပျက်ဖွယ်ဖြစ်နေခဲ့ပါတယ်။