လီဗာပူးအသင်းဟာ ရာသီမစခင်တုန်းက ကွင်းလယ်လူသစ် ၄ ဦးဖြစ်တဲ့ မက်ကယ်လစ္စတာ၊ အန်ဒို၊ ဆိုဘိုစလိုင်နဲ့ ဂရာဗင်ဘက်ချ်တို့ကို ခေါ်ယူခဲ့ပါတယ်။

ဒီနွေမှာ ကစားသမား ၆ ဦး ထွက်ခွာသွားပြီး လူသစ် ၄ ဦး ဝင်လာခြင်းဟာ အသင်းလူစာရင်းကို စာရွက်ပေါ်မှာ အရမ်းကြီး တောင့်တင်းသွားစေခြင်း မရှိဘူး။ ဒါပေမယ့်လို့ ကွင်းထဲ အသုံးပြုနိုင်စွမ်းက များစွာ ကွာခြားသွားခဲ့ပါတယ်။

သူတို့ထဲက မက်ကယ်လစ္စတာဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုအဖြစ် အာဆင်နယ်မှ ဒီကလန်ရိုက်စ်၊ ချယ်ဆီးအသင်းမှ ကိုးလ် ပါလ်မာတို့နဲ့ အပြိုင်ဖြစ်နေတာပါ။

ထုံးစံအတိုင်းပါပဲ။ လီဗာပူးအသင်းဘက်က ပေါင် ၃၅ သန်း အကုန်အကျခံ ခေါ်ယူခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်လူဟာ အင်္ဂလန်မီဒီယာတွေအတွင်း ရေပန်းစားမှုမှာ အင်္ဂလန်သားတွေကိုတော့ ကျော်နိုင်ခြင်း မရှိပါဘူး။

ထိုက်ထိုက်တန်တန်အဖြစ် စတုဂတ်ကနေ ပေါင် ၁၆ သန်းဖြင့် လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ အန်ဒိုကလည်း ဒီရာသီ အကောင်းဆုံး ခေါ်ယူမှုထဲ ပါဝင်ခဲ့ပါတယ်။ ကိုင်ဆီဒိုနဲ့ လာဗီယာတို့ကို ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် အန်ဒိုကို အစားထိုး ခေါ်ယူရာမှာ ဂျပန်သားဟာ ထူးထူးချွန်ချွန် ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။

တယ်လီဂရပ်က ပြုစုတဲ့ ဒီရာသီအတွက် အကောင်းဆုံး ခေါ်ယူမှု ၁၀ ခုကတော့

၁၀ – ပက်ဒရို (ဘရိုက်တန်)
၉ – ဘာကလေ (လူတန်တောင်း)
၈ – ပေါတောရက်စ် (အက်စတွန်ဗီလာ)
၇ – မတ်ဒီဆန် (စပါး)
၆ – ဝါတာရု အန်ဒို (လီဗာပူး)
၅ – ဗီကာရီယို (စပါး)
၄ – ခူးဒက်စ် (ဝက်စ်ဟမ်း)
၃ – မက်ကယ်လစ္စတာ (လီဗာပူး)
၂ – ကိုးလ်ပါလ်မာ (ချယ်ဆီး)
၁ – ဒီကလန်ရိုက်စ် (အာဆင်နယ်)