Date

April 1, 2024

မန်စီးတီး ၀-၀ အာဆင်နယ်ပွဲမှာ ချီးကျူးရမယ့် ကစားသမား ၂ ဦး နာမည်ကို နဗီး ထုတ်ပြော

ဂယ်ရီနဗီးကတော့ အီတီဟတ်က သရေပွဲမှာ သူ သဘောကျ နှစ်သက်မိတာ အာဆင်နယ်အသင်းဖြစ်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ဂိုးမရှိ သရေပွဲဖြစ်ခဲ့ပေမယ့် ရလဒ်ပိုင်းဟာ အာဆင်နယ်ကို ပိုမို ကျေနပ်စေခဲ့ပါတယ်။ အိမ်ကွင်း ၅၇ ပွဲဆက်တိုက် ဂိုးသွင်းထားတဲ့ အီတီဟတ်ကွင်းမှာ မရှုံးအောင် ကစားခဲ့နိုင်တာကြောင့် ဖလားပြိုင်ဆိုင်မှုမှာ အာဆင်နယ်ရဲ့ အလားအလာကောင်းက ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဂယ်ရီနဗီး ပြောခဲ့တာက ‘ မန်စီးတီးတို့ ခက်ခက်ခဲခဲ ကစားရအောင် အာဆင်နယ်အသင်း လုပ်ပြခဲ့ပါတယ်။ အဆုံးသတ်ပိုင်း ဧရိယာမှာ မန်စီးတီး ဒီလောက် ခက်ခဲနေအောင် လုပ်ပြနိုင်တဲ့… Continue Reading →

ဂွာဒီယိုလာမြင်တဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဖလားရဖို့ ရေပန်းအစားဆုံး အသင်း

တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲတွေအပြီးမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဖလားရဖို့ ရေပန်းအစားဆုံးဟာ သူတို့အသင်း မဟုတ်တော့ပါဘူးလို့ ထုတ်ပြောလာခဲ့ပါတယ်။ ၃ ရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို သရေပဲ ကစားနိုင်တာကြောင့် ဇယားထိပ်က လီဗာပူးနဲ့ ၃ မှတ်ကွာဟခဲ့ပါပြီ။ ၎င်းတို့အသင်းဟာ အာဆင်နယ်နဲ့လည်း ၁ မှတ် ကွာဟနေတာပါ။ လက်ကျန် ၉ ပွဲကစားဖို့ ကျန်ရှိချိန် ဖလားလုဘက် ၃ သင်းထဲမှာ မန်စီးတီးက ချန်ပီယံဖြစ်ဖို့ အခွင့်အရေး အနည်းဆုံး ဖြစ်နေပြီလို့ ဂွာဒီယိုလာက ပြောလာခဲ့ကာ… Continue Reading →

ရွိုင်ကိန်းရဲ့ ပါးစပ်ဖျားမှာ ရစရာမရှိ အပြောခံလိုက်ရတဲ့ ဂိုးသွင်းမုဆိုး ဟာလန်း

အီတီဟတ်မှာ ကစားခဲ့တဲ့ ဟာလန်းရဲ့ ခြေစွမ်းကိုကြည့်ပြီး ဘောလုံးဝေဖန်သူ ရွိုင်ကိန်းကတော့ နော်ဝေသားဟာ ထိပ်တန်းတိုက်စစ်မှူးဆိုပေမယ့် ပရီးမီးယားလိဂ်မှာ ကစားဖို့ အဆင့်မရှိအောင်လည်း ညံ့ဖျင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူးဟာ ဂန်းနားခံစစ်ကို ကျော်ဖြတ်နိုင်စွမ်း နည်းခဲ့သလို ဘောလုံးထိချက်တွေကအစ ကန့်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ဂိုးသွင်းတာတော့ ကောင်းပေမယ့် တစ်ပွဲလုံး ပါဝင်နိုင်စွမ်း၊ ထိချက်တွေနဲ့ တိုက်စစ်ဖွင့်ရာမှာ သူ့ရဲ့ ဘောလုံးတောင်းဆိုနိုင်စွမ်းတွေလို အရည်အချင်းပိုင်းတွေမှာ အားနည်းချက် ရှိကြောင်း မှတ်ချက်တွေရထားခဲ့တာပါ။ ရွိုင်ကိန်းက ‘ ဟာလန်းရဲ့ ကစားပုံက ခြုံပြောရရင်… Continue Reading →

ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ အခွင့်အရေးက ဘယ်အသင်းလက်ထဲမှာလဲဲ ဂွာဒီယိုလာ ထုတ်ဖော်

မနေ့ညကပွဲမှာ လီဗာပူးက ဘရိုက်တန်ကို ၂-၁ ဖြင့် အနိုင်ရကာ မန်စီးတီးနဲ့ အာဆင်နယ်ကတော့ သရေကျခဲ့တာကြောင့် ဇယားထိပ် အပြောင်းအလဲဖြစ်လာခဲ့ပါတယ်။ လီဗာပူးအသင်းက ဇယားထိပ်ကို တက်သွားခဲ့ကာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်၊ တတိယနေရာက မန်စီးတီးကို ၃ မှတ် ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီကရှေ့ ဖလားစိန်ခေါ်ဘက် အသင်းတွေကြား ထိပ်တိုက်တွေ့မယ့်ပွဲ မရှိတော့ပါဘူး။ ဒါကြောင့် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၉ ပွဲမှာ ပွဲအားလုံးကို အနိုင်ရမယ်ဆိုရင် ပြိုင်ဘက်တွေရဲ့ ရလဒ်ကို ကြည့်စရာ မလိုဘဲ လီဗာပူးက… Continue Reading →

တစ်ရက်တည်း ၂ ပွဲနိုင်သွားတဲ့ လီဗာပူး

အီတီဟတ်မှာ ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၃ သင်းထဲက ၂ သင်းဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်ပွဲကတော့ ၀-၀ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ခံစစ်ကို ကျစ်ကျစ်လစ်လစ် ကစားနိုင်ခဲ့တဲ့ အာဆင်နယ်က အီတီဟတ်က သရေပွဲကို ကျေနပ်နေနိုင်သလို တိုက်စစ်ပိုင်း ပုံစံကောင်း မပြနိုင်ခဲ့တဲ့ မန်စီးတီးအတွက်လည်း မျှတတဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။ နှစ်သင်းလုံး တစ်မှတ်စီ ခွဲယူလိုက်ခြင်းကြောင့် ပွဲအပြီးမှာတော့ ရလဒ်အတွက် ကျေနပ်ပျော်ရွှင်မှု အရှိဆုံး အသင်းကတော့ ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ယူကာ ဇယားထိပ်မှာ အစောတည်းက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!