အီတီဟတ်မှာ ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၃ သင်းထဲက ၂ သင်းဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်ပွဲကတော့ ၀-၀ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ခံစစ်ကို ကျစ်ကျစ်လစ်လစ် ကစားနိုင်ခဲ့တဲ့ အာဆင်နယ်က အီတီဟတ်က သရေပွဲကို ကျေနပ်နေနိုင်သလို တိုက်စစ်ပိုင်း ပုံစံကောင်း မပြနိုင်ခဲ့တဲ့ မန်စီးတီးအတွက်လည်း မျှတတဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။

နှစ်သင်းလုံး တစ်မှတ်စီ ခွဲယူလိုက်ခြင်းကြောင့် ပွဲအပြီးမှာတော့ ရလဒ်အတွက် ကျေနပ်ပျော်ရွှင်မှု အရှိဆုံး အသင်းကတော့ ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ယူကာ ဇယားထိပ်မှာ အစောတည်းက တက်နှင့်နေတဲ့ လီဗာပူးပဲဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်၊ တတိယနေရာက မန်စီးတီးကို ၃ မှတ် ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၉ ပွဲပဲရှိတော့ကာ ပွဲအားလုံးကို အနိုင်ရမယ်ဆိုရင် လီဗာပူးက ချန်ပီယံဖြစ်သွားတော့မှာပါ။

ဘောလုံးရာသီ လက်ကျန်ကာလမှာတော့ အာဆင်နယ်နဲ့ မန်စီးတီးတို့က ချန်ပီယံလိဂ်ကစားရမှာဖြစ်ကာ လီဗာပူးကတော့ ယူရိုပါလိဂ်ပဲ ယှဉ်ပြိုင်ရမှာက တပန်းသားမှုဖြစ်လာနိုင်ပါတယ်။

ကျန် ၂ သင်းကတော့ လီဗာပူး ခြေချော်ဖို့အပြင် သူတို့တွေ ဆက်ပြီး ရလဒ် အပြည့်ယူနိုင်ဖို့ အာရုံစိုက်ရမှာဖြစ်ပါတယ်။

ဒီအပတ်မှာတော့ ကလော့ပ်ရဲ့ လီဗာပူးက ၂ ထပ်ကွမ်း အနိုင်ရတဲ့အသင်း ဖြစ်သွားခဲ့ပါတယ်။