ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးတို့ထဲက ဘယ်အသင်း အနိုင်ရမလဲအတွက် အင်္ဂလန်ခံစစ်မှူးဟောင်း မီဂါရစ်ချက်က အခုလို ခန့်မှန်းခဲ့ပါတယ်။

မီဂါရစ်ချက်က ” လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား မရနိုင်တာ သေချာတယ်။ ဒီရာသီ ဖလားက မန်စီးတီး ဒါမှမဟုတ် အာဆင်နယ် နှစ်သင်းထဲ တစ်သင်းပဲ ဖြစ်လာလိမ့်မယ်။ မန်စီးတီး အနိုင်ရသွားမယ်တော့ ထင်မိတယ်။ ” လို့ ခန့်မှန်းပါတယ်။

ဆက်ပြီး ” ဒီရာသီ ချန်ပီယံ ဘယ်အသင်းဖြစ်မလဲက တနင်္ဂနွေနေ့ပွဲအပေါ် မူတည်နေပါတယ်။ ကျနော်ကတော့ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ရလိုရင် ဒီအပတ်ပွဲကို နိုင်ဖို့လိုမယ် ထင်မိတယ်။

မနှစ်တုန်းက ဒီလိုအချိန်မှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ အခွင့်အရေး ရှိခဲ့ချိန် အာဆင်နယ်တို့ လှုပ်လှုပ်ခတ်ခတ် အခြေအနေတွေ ရှိခဲ့ပါတယ်။ သူတို့ မန်စီးတီးကို ရင်ဆိုင်ရာမှာ အနိုင်မရခဲ့တာကြောင့် စီးတီးကပဲ ဖလားပြိုင်ပွဲကို ဦးဆောင်သွားခဲ့တာပါ။

ဒါကြောင့် ဒီနေ့ပွဲဟာ အတော်လေးကို အရေးကြီးပါတယ် အကယ်လို့ အာဆင်နယ်တို့ အနိုင်ရမယ်ဆိုရင် အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မှာပါ။ ကျနော်ကတော့ စီးတီးနဲ့ ဘာကာကို အားပေးပါတယ်။ မန်စီးတီးကိုပဲ နိုင်စေချင်ပါတယ်။

အာဆင်နယ်ကိုလည်း အကောင်းဆုံးဖြစ်စေချင်ပါတယ်။ အာတီတာဟာ လူငယ်အသင်း တစ်သင်းကို ဦးဆောင်ပြီး ဒီအခြေအနေထိ ရောက်လာခဲ့တာပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။