Date

April 6, 2024

ယူနိုက်တက်ပွဲကြို လီဗာပူးအသင်းသားတွေကို အရေးကြီး သတိပေးလိုက်တဲ့ နည်းပြကလော့ပ်

ဒီအပတ် အိုးထရတ်ဖိုဒ့်ကွင်းကို လီဗာပူးနည်းပြအဖြစ် နောက်ဆုံးအကြိမ် သွားရောက်ရမယ့် နည်းပြကလော့ပ်က အနိုင်ကန်ဖို့ကလွဲလို့ နှုတ်ဆက်ပွဲလို အခြားသော ခံစားချက်မျိုး ထွေထွေထူးထူး မရှိဘူးလို့ ပြောလာပါတယ်။ လက်ကျန် ၈ ပွဲမှာ ပွဲစဉ် အားလုံး အနိုင်ရရင် ချန်ပီယံဖြစ်မှာမို့ ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ အနိုင် ၃ မှတ်ယူဖို့ကလွဲလို့ အခြား ဘာကိုမှလည်း အာရုံစိုက်နေရမှာ မဟုတ်ပါဘူး။ အိုးထရတ်ဖိုဒ်မှာ လွယ်လွယ်ရမှာဆိုလို့ ဒုက္ခတွေပဲ ရှိပါလိမ့်မယ်။ ကလော့ပ်က ” အိုးထရတ်ဖိုဒ့်ဟာ သိပ်ကောင်းတဲ့ကွင်းပါ။ ယူနိုက်တက်ဟာ သိပ်ကောင်းတဲ့ အားပေးမှုတွေရှိတဲ့… Continue Reading →

ဒီ ၂ ချက်ကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်း ဖြစ်နေတယ်

အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းလားလို့ မေးခံရချိန်မှာ ဘရိုက်တန်နည်းပြ ဒီဇာဘီက “ဟုတ်ပါတယ် ” လို့ ပြန်ဖြေပါတယ်။ ” အာဆင်နယ်က အကောင်းဆုံးထဲက တစ်သင်းပါ။ သူတို့ရဲ့ စတိုင်က လီဗာပူးနဲ့လည်း မတူဘူး။ အာဆင်နယ်ကစားပုံ ကောင်းနေရင် ဘယ်လို ပြိုင်ဘက်အတွက် မဆို ခက်ခဲပါတယ်။ အာဆင်နယ်က ပြင်းထန်တဲ့ စိတ်ဓါတ်ပိုင်းနဲ့ကော သတ္တိရှိမှုနဲ့ပါ ကစားတဲ့အသင်း ဖြစ်ပါတယ် ” လို့ ဘရိုက်တန်နည်းပြက ဆက်ပြောခဲ့တယ်။ ၎င်းကပဲ အာတီတာကလည်း ထူးချွန်တဲ့ နည်းပြလို့ မှတ်ချက်ပေးခဲ့သေးတာပါ။ ဒီဇင်ဘာတုန်းက… Continue Reading →

မန်ယူကို ဘက်ကန်ပြီး မန်စီးတီး၊ ချယ်ဆီး နိုင်ပွဲရမယ်ဆိုတဲ့ လော်ရိုးရဲ့ ရလဒ်ခန့်မှန်းများ

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဝါရင့် ဘောလုံးပွဲရလဒ် ခန့်မှန်းသူ တစ်ဦးဖြစ်တဲ့ ဂုရုကြီး လော်ရိုးရဲ့ ပွဲကြို မှန်းဆချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Crystal Palace v Man City နည်းပြသစ်လက်အောက်မှာ နိုင်ပွဲသိပ်မရပေမယ့် အနိုင်ယူဖို့ ခက်ခဲလာတဲ့ ပဲလေစ့်ကို ရင်ဆိုင်ကစားဖို့ရာ မန်စီးတီးက အားကြီးလွန်းနေဆဲပါ။ ကြားရက်တုန်းကလည်း ဒီဘရိုင်း၊ ဟာလန်း မပါပေမယ့် ဖိုဒန်ကြောင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Palace 0-3 Man City… Continue Reading →

ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ခရစ်ဆက်တန်ရဲ့ ပွဲကြို ရလဒ်ခန့်မှန်းများ ထွက်ပါပြီ

ဒီအပတ် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်တွေ ထွက်လာပြီဖြစ်ပါတယ်။ Crystal Palace v Man City အက်စတွန်ဗီလာပွဲမှာ စီးတီးက ဟာလန်း၊ ဒီဘရိုင်းတို့ကို အနားပေးထားခဲ့တယ်။ ဒီပွဲမှာ သူတို့ ၂ ဦးလုံး ပါဝင်လာပြီး ပဲလေစ့်ကို ဒုက္ခပေးသင့်ပါတယ်။ သူတို့ မပါရင်တောင် စီးတီးက နိုင်သွားဦးမယ်လို့ ထင်ပါတယ်။ ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Crystal Palace 0-2 Man City Brighton v Arsenal… Continue Reading →

ကလောပ့်နဲ့ အာတီတာတို့ မပိုင်ဆိုင်ထားတဲ့ စပယ်ရှယ် ကစားသမား သူ့မှာ ရှိနေတယ်လို့ ဂွာဒီယိုလာ ထုတ်ဖော်

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ပြိုင်ဘက်အသင်းတွေမှာ မရှိဘဲ စီးတီးမှာမှ ပိုင်ဆိုင်ထားတဲ့ ထူးရှယ်ကစားသမား တစ်ဦး ရှိကြောင်း ထုတ်ဖော် ပြောဆိုပြီး သူ့တပည့်ကျော်အား ချီးကျူးလိုက်ပါတယ်။ ဂွာဒီယိုလာ အမွှန်းတင်လိုက်တာက ရိုဒရီ ဖြစ်ပြီး ဗီလာကို ၄-၁ နဲ့ နိုင်တဲ့ ပွဲမှာ ၎င်းက စီးတီး အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။ ရိုဒရီရဲ့ ဘောလုံးနဲ့ အတူရော၊ ဘောလုံး မပါဘဲ ရွေ့လျားမှုကပါ ထူးရှယ် ဖြစ်နေပြီး စီးတီးအတွက် အရေးပါတဲ့ နေရာကနေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!