ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဝါရင့် ဘောလုံးပွဲရလဒ် ခန့်မှန်းသူ တစ်ဦးဖြစ်တဲ့ ဂုရုကြီး လော်ရိုးရဲ့ ပွဲကြို မှန်းဆချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Crystal Palace v Man City

နည်းပြသစ်လက်အောက်မှာ နိုင်ပွဲသိပ်မရပေမယ့် အနိုင်ယူဖို့ ခက်ခဲလာတဲ့ ပဲလေစ့်ကို ရင်ဆိုင်ကစားဖို့ရာ မန်စီးတီးက အားကြီးလွန်းနေဆဲပါ။ ကြားရက်တုန်းကလည်း ဒီဘရိုင်း၊ ဟာလန်း မပါပေမယ့် ဖိုဒန်ကြောင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Palace 0-3 Man City

Brighton v Arsenal

နှစ်သင်းလုံးက ကစားရတာကြိုက်တော့ ပွဲကောင်းဖြစ်လာဦးမှာပါ။ လူတန်ပွဲမှာ အာတီတာက အဓိက ကစားသမား အချို့ကို အနားပေးခဲ့တယ်။ ဒီပွဲလည်း သူတို့ အနိုင်ရပြီး ပုံစံကောင်းကို ဆက်ထိန်းသွားမှာပါပဲ။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Brighton 1-2 Arsenal

Man United v Liverpool

ယူနိုက်တက်ရဲ့ ခံစစ်သမားတွေက ပြန်သက်သာလာပြီး ဒဏ်ရာ ပြန်ရကြပြန်ပါပြီ။ လီဗာပူးကတော့ ကစားသမားတွေ ပြန်သက်သာလာနေပါတယ်။ ဘယ်သူတွေကို ပွဲထုတ်မယ် မသိပေမယ့် ဒီပွဲကို လီဗာပူးအသင်း အနိုင်ရသင့်ပါတယ်။ ယူနိုက်တက်ကို ကျနော် မယုံပါဘူး။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Man United 1-3 Liverpool.

Sheffield United v Chelsea

လီဗာပူးကို ရင်ဆိုင်ကစားတုန်း ရှက်ဖီးတို့ တိုက်ခိုက်ပြခဲ့ပါတယ်။ ချယ်ဆီးကတော့ ဒရာမာဆန်ဆန်ပဲ ယူနိုက်တက်ကို အနိုင်ယူခဲ့တယ်။ အိမ်ကွင်းမှာ ဖြစ်ပေမယ့် ရှက်ဖီးက အနိုင်ရဖို့ ရုန်းကန်နေရဆဲပါ။

လော်ရိုးရဲ့ ခန့်မှန်းရလဒ်။ ။ Sheffield United 1-2 Chelsea

အခြားပွဲစဉ်တွေအတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ

Aston Villa 2-1 Brentford
Everton 2-0 Burnley
Fulham 1-1 Newcastle
Luton 0-2 Bournemouth
Wolves 1-1 West Ham
Tottenham 3-0 Nottingham Forest