အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းလားလို့ မေးခံရချိန်မှာ ဘရိုက်တန်နည်းပြ ဒီဇာဘီက “ဟုတ်ပါတယ် ” လို့ ပြန်ဖြေပါတယ်။

” အာဆင်နယ်က အကောင်းဆုံးထဲက တစ်သင်းပါ။ သူတို့ရဲ့ စတိုင်က လီဗာပူးနဲ့လည်း မတူဘူး။ အာဆင်နယ်ကစားပုံ ကောင်းနေရင် ဘယ်လို ပြိုင်ဘက်အတွက် မဆို ခက်ခဲပါတယ်။

အာဆင်နယ်က ပြင်းထန်တဲ့ စိတ်ဓါတ်ပိုင်းနဲ့ကော သတ္တိရှိမှုနဲ့ပါ ကစားတဲ့အသင်း ဖြစ်ပါတယ် ” လို့ ဘရိုက်တန်နည်းပြက ဆက်ပြောခဲ့တယ်။ ၎င်းကပဲ အာတီတာကလည်း ထူးချွန်တဲ့ နည်းပြလို့ မှတ်ချက်ပေးခဲ့သေးတာပါ။

ဒီဇင်ဘာတုန်းက နှစ်သင်း ထိပ်တိုက်တွေ့ခဲ့ချိန်မှာ အာဆင်နယ်က ဘရိုက်တန်ကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒီတစ်ကြိမ်ပွဲမှာ အရှုံးရလဒ်ကို လက်စားချေဖို့နဲ့ ဇယားထိပ် ပြန်တက်နိုင်ဖို့ အာဆင်နယ်ဘက်က မောင်းတင်ထားမှာပဲ ဖြစ်ပါတယ်။