ဒီအပတ် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်တွေ ထွက်လာပြီဖြစ်ပါတယ်။

Crystal Palace v Man City

အက်စတွန်ဗီလာပွဲမှာ စီးတီးက ဟာလန်း၊ ဒီဘရိုင်းတို့ကို အနားပေးထားခဲ့တယ်။ ဒီပွဲမှာ သူတို့ ၂ ဦးလုံး ပါဝင်လာပြီး ပဲလေစ့်ကို ဒုက္ခပေးသင့်ပါတယ်။ သူတို့ မပါရင်တောင် စီးတီးက နိုင်သွားဦးမယ်လို့ ထင်ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Crystal Palace 0-2 Man City

Brighton v Arsenal

ကြားရက် လူတန်နဲ့ပွဲမှာ အာဆင်နယ်က စိတ်ဝင်စားစရာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး သက်သောင့်သက်သာ နိုင်ပွဲရခဲ့ဆဲဖြစ်ပါတယ်။ ဒီပွဲကတော့ အနည်းငယ် ပိုခက်ခဲနိုင်ပေမယ့် အာဆင်နယ် အနိုင်ရဖို့ မျှော်လင့်ထားဆဲပါ။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Brighton 1-2 Arsenal

Man Utd v Liverpool

လွယ်ကူမှာတော့ မဟုတ်ပေမယ့် ဒီရာသီ ယူနိုက်တက်နဲ့ တတိယအကြိမ် ရင်ဆိုင်ရမယ့်ပွဲမှာ ကလော့ပ်တို့အသင်း ကံကောင်းမှာပါ။ အရင် ၂ ကြိမ်ကတော့ လီဗာပူးတို့ တစ်ပွဲ သရေ၊ တစ်ပွဲရှုံးထားခဲ့ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Man Utd 1-3 Liverpool

Sheff Utd v Chelsea

ချယ်ဆီးက တကယ်ကို ချာတူးနေတာပါ၊ ခံစစ်ကလည်း ဆိုးရွားပါတယ်။ ဒါပေမယ့် သူတို့ အနိုင်ရမယ့် နည်းလမ်းကို ရှာနိုင်နေဆဲပါ။ ရှက်ဖီးက တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ မကြာခင်မှာပဲ တန်းဆင်းရတော့မှာပါ။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Sheff Utd 1-3 Chelsea

အခြားပွဲစဉ်တွေအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ

Aston Villa 2-1 Brentford
Everton 2-0 Burnley
Fulham 2-1 Newcastle
Luton 1-1 Bournemouth
Wolves 1-1 West Ham
Tottenham 4-1 Nott’m Forest