Date

April 15, 2024

မန်ယူကြောင့် လီဗာပူးရဲ့ ဖလား အိပ်မက်တွေ ပျက်ဆီးသွားကြောင်း အသင်းခေါင်းဆောင်ဟောင်း သုံးသပ်

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျင်မီရက်နက်ကတော့ လီဗာပူးအသင်းဟာ ယူနိုက်တက်ကို အနိုင်မရခြင်းကြောင့် ဇယားထိပ်က ဆင်းခဲ့ရတဲ့ ဖိအားကို ကိုင်တွယ်နိုင်ခြင်း မရှိတာလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဖလား ၄ လုံး လမ်းကြောင်းကနေ ယူနိုက်တက်ကို ရှုံးနိမ့်အပြီး စတင် သွေဖယ်လာခဲ့တဲ့ လီဗာပူးဟာ အရင်အပတ်က အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို သရေကျခဲ့တဲ့နောက် ဒုတိယနေရာကို ဆင်းခဲ့ရတာပါ။ ကြားရက်မှာ အတ္တလန်တာကို ရှုံးနိမ့်ခဲ့ပြီး ဒီအပတ်မှာ ပဲလေစ့်ကိုပါ ဆက်ရှုံးတာမို့ နောက်ထပ် ဖလား ၂ လုံးကနေ ထွက်ခွာရလုနီးပါး အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ရက်နက်က… Continue Reading →

လီဗာပူးရဲ့ အမေရိကန်ပိုင်ရှင်တွေ အသစ် ထပ်ဝယ်သွားနိုင်တဲ့ ကလပ်အသင်း

လီဗာပူးအသင်း ပိုင်ရှင်တွေဖြစ်ကြပြီး ဉာဏ်ကြီးရှင်တွေအဖြစ် တင်စားခံရတဲ့ FSG အဖွဲ့ကတော့ ခေတ်သစ်ဘောလုံးလောကမှာ ရှင်သန်ရေးဟာ muti-club တည်ထောင်ခြင်းပဲဖြစ်တယ်လို့ တွက်ဆခဲ့ကြပါတယ်။ ဒါဟာ ယူအီးအက်ဖ်အေရဲ့ ထိန်းချုပ်မှုကြီးမားတဲ့ FFP ကို ဖောက်ထွက်ဖို့ရာ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ပါတယ်။ အင်္ဂလန်ပြင်ပ ကလပ်တစ်သင်းနဲ့အတူ ကြယ်ပွင့်တွေကို လွတ်လပ်စွာ ခေါ်ယူ ပျိုးထောင်ပြီး လီဗာပူးလို အဆင့်မှာ ကစားဖို့ ထိုက်တန်ရင် ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။ လီဗာပူးရဲ့ အမေရိကန်ပိုင်ရှင်တွေဟာ ဒီလုပ်ငန်းစဉ်ကို ဦးဆောင်ဖို့ FSG CEO အဖြစ် မိုက်ကယ်အတ်ဝပ်ကို ခေါ်ယူထားသလို… Continue Reading →

အာဆင်နယ်အသင်းရဲ့ လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၆ ပွဲက ဘယ်အသင်းတွေနဲ့လဲ

အာဆင်နယ်ဟာ အိမ်ကွင်းမှာတင် အက်စတွန်ဗီလာကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို လင်လွတ်လိုက်ရပါပြီ။ ဒီပွဲအပြီးမှာ အာဆင်နယ်ဟာ အလှည့်အပြောင်း များမယ့် ပွဲစဉ်တွေကို ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီအပတ် ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဒီကြားရက်မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေပြီး ဆီမီးဖိုင်နယ်ကို တက်မလား? ပြိုင်ပွဲကနေ ထွက်ရမလား? အဆုံးအဖြတ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အဝေးကွင်းပွဲစဉ် ရှိပါမယ်။ ဘိုင်ယန်မြူးနစ်ပွဲအပေါ် မူတည်ပြီး ဆီမီးဖိုင်နယ်ပွဲ ရှိလာခဲ့ရင်တော့ အသင်းဟာ မက်ဒရစ် vs မန်စီးတီး… Continue Reading →

ရှုံးပွဲတွေအတွက် တိုက်စစ်သမားတွေကို ဝေဖန်လိုက်တဲ့ လီဗာပူးအသင်းသား

ပဲလေစ့်ကို အိမ်ကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ မန်စီးတီး၊ အာဆင်နယ်အသင်းတို့ နောက်ကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ကြားရက်ကပဲ ယူရိုပါလိဂ်မှာ အတ္တလန်တာကို ၃-၀ နဲ့ ရှုံးထားသေးတာကြောင့် တစ်ပတ်တည်းမှာတင် ဖလားပြိုင်ပွဲ ၂ ရပ်ကနေ လီဗာပူးအသင်း ထွက်ခွာရတာ ဖြစ်လာနိုင်ပါတယ်။ အခုလို ရလဒ်တွေ မကောင်းဖြစ်ရခြင်းဟာ တိုက်စစ်က ဂိုးတွေ မသွင်းနိုင်လို့ဖြစ်ကြောင်း လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က မှတ်ချက်ပေးခဲ့ပါတယ်။ ရော်ဘတ်ဆန်က “ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!