အာဆင်နယ်ဟာ အိမ်ကွင်းမှာတင် အက်စတွန်ဗီလာကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို လင်လွတ်လိုက်ရပါပြီ။

ဒီပွဲအပြီးမှာ အာဆင်နယ်ဟာ အလှည့်အပြောင်း များမယ့် ပွဲစဉ်တွေကို ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီအပတ် ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်ပဲ ဖြစ်ပါတယ်။

ဒီကြားရက်မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေပြီး ဆီမီးဖိုင်နယ်ကို တက်မလား? ပြိုင်ပွဲကနေ ထွက်ရမလား? အဆုံးအဖြတ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အဝေးကွင်းပွဲစဉ် ရှိပါမယ်။

ဘိုင်ယန်မြူးနစ်ပွဲအပေါ် မူတည်ပြီး ဆီမီးဖိုင်နယ်ပွဲ ရှိလာခဲ့ရင်တော့ အသင်းဟာ မက်ဒရစ် vs မန်စီးတီး အတွဲက အနိုင်ရမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ၂ ပွဲ တိုးလာပါမယ်။

အဲ့ပွဲတွေအပြင် ပရီးမီးယားလိဂ်ပွဲတွေအဖြစ် ဝုဗ် (အဝေးကွင်း)၊ ချယ်ဆီး (အိမ်ကွင်း)၊ စပါး (အဝေးကွင်း)၊ ဘုန်းမောက် (အိမ်ကွင်း)၊ ယူနိုက်တက် (အဝေးကွင်း)၊ အဲဗာတန် (အိမ်ကွင်း) ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။