ျမန္မာႏိုင္ငံသည္ ဖြံ႔ျဖိဳးတိုးတက္လာမႈႏွင့္အတူ အြန္းလိုင္း အသံုးျပဳမႈ အေရအတြက္ကလည္း အေရွ႔ေတာင္အာရွ ႏိုင္ငံေတြထဲမွာ အရွိန္အဟုန္ အျမင့္ဆံုးအျဖစ္ တိုးတက္လာေနသည့္ ႏုိင္ငံျဖစ္သည္။ အထူးသျဖင့္ ေဖ့ဘုတ္ လူမႈကြန္ယက္ အသံုးျပဳမႈ ျမင့္မားသည့္ ႏိုင္ငံေတြထဲတြင္ ထိပ္တန္းက ပါဝင္သည္လို႔ သိရပါသည္။

ျမန္မာႏိုင္ငံတြင္ ေအာ္ပေရတာ လုပ္ငန္းၾကီး ေလးခုရွိျပီး အဆိုပါထဲမွာ တယ္လီေနာျမန္မာကလည္း တစ္ခုအပါအဝင္ျဖစ္သည္။ တယ္လီေနာ္ျမန္မာသည္ လူငယ္မ်ားအား အြန္လိုင္း လုံၿခဳံစြာ အသုံးျပဳနည္းမ်ား ပို႔ခ်ေပးေနသည့္ ေအာ္ပေရတာ တစ္ခုလည္း ျဖစ္ပါသည္။

တယ္လီေနာျမန္မာက ျမန္မာႏိုင္ငံ၌ ေအာ္ပေရတာ လုပ္ငန္း လုပ္ကိုင္ခဲ့သည့္ ေလးႏွစ္အတြင္း ေက်ာင္သားေက်ာင္းသူမ်ားႏွင့္ လူငယ္ႏွစ္သိန္းေက်ာ္ကို အင္တာနက္ အသုံးျပဳျခင္း အက်ိဳးေက်းဇူးႏွင့္ လုံၿခဳံစြာ အြန္လိုင္း အသုံးျပဳျခင္း နည္းလမ္းမ်ားကို သင္ၾကားေပးႏိုင္ခဲ့ေၾကာင္း တယ္လီေနာျမန္မာ၏ ေရရွည္ တည္တံ့ေသာ လုပ္ငန္း ေဆာင္႐ြက္မႈဆိုင္ရာ က႑တာဝန္ခံဦးမင္းသူက ေျပာသည္။

ဦးမင္းသူက ” ေဘးကင္းေသာ အင္တာနက္ အစီအစဥ္ကို ျမန္မာႏိုင္ငံမွာ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့အတြက္ လူငယ္ေတြအေနနဲ႔ အင္တာနက္ကို ဘယ္လို အက်ိဳးရွိစြာ အသုံးျပဳရမလဲဆိုတာ နားလည္လာၾကပါၿပီ။ လာမယ့္ ႏွစ္ေတြမွာလည္း ဒီအစီအစဥ္ကို ဆက္လက္ အေကာင္အထည္ေဖာ္သြားမွာပါ ” ဟု ေျပာပါသည္။

တယ္လီေနာျမန္မာသည္ ေလးႏွစ္အတြင္း ျပည္တြင္းရွိ အေျခခံပညာ အလယ္တန္း၊ အထက္တန္း ေက်ာင္းမ်ား၊ ပုဂၢလိက ေက်ာင္းမ်ားႏွင့္တကၠသိုလ္မ်ားရွိ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ လူငယ္မ်ားကို အခမဲ့ သင္ၾကား ေပးခဲ့ျခင္းျဖစ္ၿပီး သတင္းအတု အေယာင္မ်ားကို သိရွိႏိုင္သည့္၊ သိသင့္သည့္ အခ်က္မ်ားကိုလည္း ထည့္သြင္း သင္ၾကားလ်က္ရွိသည္။ 

UNICODE

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အွန်းလိုင်း အသုံးပြုမှု အရေအတွက်ကလည်း အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အရှိန်အဟုန် အမြင့်ဆုံးအဖြစ် တိုးတက်လာနေသည့် နိုင်ငံဖြစ်သည်။ အထူးသဖြင့် ဖေ့ဘုတ် လူမှုကွန်ယက် အသုံးပြုမှု မြင့်မားသည့် နိုင်ငံတွေထဲတွင် ထိပ်တန်းက ပါဝင်သည်လို့ သိရပါသည်။

မြန်မာနိုင်ငံတွင် အော်ပရေတာ လုပ်ငန်းကြီး လေးခုရှိပြီး အဆိုပါထဲမှာ တယ်လီနောမြန်မာကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ တယ်လီနော်မြန်မာသည် လူငယ်များအား အွန်လိုင်း လုံခြုံစွာ အသုံးပြုနည်းများ ပို့ချပေးနေသည့် အော်ပရေတာ တစ်ခုလည်း ဖြစ်ပါသည်။

တယ်လီနောမြန်မာက မြန်မာနိုင်ငံ၌ အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခဲ့သည့် လေးနှစ်အတွင်း ကျောင်သားကျောင်းသူများနှင့် လူငယ်နှစ်သိန်းကျော်ကို အင်တာနက် အသုံးပြုခြင်း အကျိုးကျေးဇူးနှင့် လုံခြုံစွာ အွန်လိုင်း အသုံးပြုခြင်း နည်းလမ်းများကို သင်ကြားပေးနိုင်ခဲ့ကြောင်း တယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍတာဝန်ခံဦးမင်းသူက ပြောသည်။

ဦးမင်းသူက ” ဘေးကင်းသော အင်တာနက် အစီအစဉ်ကို မြန်မာနိုင်ငံမှာ ပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက် လူငယ်တွေအနေနဲ့ အင်တာနက်ကို ဘယ်လို အကျိုးရှိစွာ အသုံးပြုရမလဲဆိုတာ နားလည်လာကြပါပြီ။ လာမယ့် နှစ်တွေမှာလည်း ဒီအစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်သွားမှာပါ ” ဟု ပြောပါသည်။

တယ်လီနောမြန်မာသည် လေးနှစ်အတွင်း ပြည်တွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများနှင့်တက္ကသိုလ်များရှိ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များကို အခမဲ့ သင်ကြား ပေးခဲ့ခြင်းဖြစ်ပြီး သတင်းအတု အယောင်များကို သိရှိနိုင်သည့်၊ သိသင့်သည့် အချက်များကိုလည်း ထည့်သွင်း သင်ကြားလျက်ရှိသည်။