Month

September 2019

Golden Boy နှစ်ဦး၊ ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ အာဆင်ဝင်းဂါးနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင်နယ်က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဗွီ တိုက်စစ် ကစားသမား မယ်လန်ကို အဲဗာတန်အသင်းကလည်း အပြိုင် စောင့်ကြည့်နေတယ် လို့ သိရပါတယ်။ ဖောရက်စ်နဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် အာဆင်နယ် ခံစစ်မှူး ဘယ်လာရင်ဟာ ပွဲချိန်ပြည့် ကစားဖို့ အသင့်မဖြစ်သေးဘူးလို့ အမ်မရီက ယူဆနေပြီး ယူနိုက်တက်နဲ့ ပွဲမှာ ပါဝင်ကစားစေဖို့ မသေချာကြောင်း ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ် အရန် ဂိုးသမား မာတီနက်ဇ်ဟာ အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်မှာ ဂျာမနီ၊ အီကွေဒေါတို့နဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိတဲ့ အာဂျင်တီးနား… Continue Reading →

ချယ်ဆီးအတွက် ထိခိုက်မှုများမယ့် သတင်းဆိုးဖြစ်လာနိုင်တဲ့ ဖီဖာ စည်းမျဉ်းအသစ်

ဒီကနေ့မှာ ပြုလုပ်တဲ့ ဖီဖာ ရှယ်ယာရှင်များ အစည်းအဝေး ဆုံးဖြတ်ချက်ဟာ ချယ်ဆီးရဲ့ ကစားသမား အငှားချမှု လုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ မတိုင်ခင်မှာ အငှားချမှုဆိုင်ရာ ကိစ္စတွေကို ချယ်ဆီးအသင်း ပြင်ဆင်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီမှာ ချယ်ဆီးဟာ ကလပ်အသင်းကနေ ကစားသမား ၄၀ ဦးထိကို အငှားချခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေရဲ့ ပွဲကစားခွင့် လိုအပ်မှုတွေကြောင့်ဖြစ်သလို အငှားကစားသမားတွေ ခြေစွမ်းပြလို့ ပြန်လည်ရောင်းချခြင်းကနေလည်း ချယ်ဆီးက အကျိုးအမြတ်တွေ စတင်ကာ ရရှိနေတာဖြစ်တယ်။ ဒီရာသီမှာတော့… Continue Reading →

ချီးကျူးခံနေရတဲ့ လူငယ်များ၊ စိတ်ပျက်စရာ စည်းမျဉ်းသစ်၊ မန်ယူနဲ့ပွဲနဲ့ ချယ်ဆီး သတင်းတိုများ

လိဂ်တူးကလပ် ဂရင်စဘီ တောင်းနဲ့ ကစားတဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ ချယ်ဆီးအသင်းကတော့ စတန်းဖို့ဘရစ်ခ်ျမှာ တိုက်စစ် အစွမ်းပြကာ ၇ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ချယ်ဆီးအသင်းအတွက် ဂိုးတွေကို ရော့စ်ဘာကလေ၊ ပက်ဒရို (ပင်နယ်တီ)၊ ဇူးမာ၊ ရီစီ ဂျိမ်းစ်၊ အိုဒွိုင်းတို့က တစ်ဂိုးစီနဲ့ ဘတ်ရှူဝါရီက နှစ်ဂိုး အသီးသီး သွင်းယူသွားတာပါ။ ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်များ မဲခွဲထွက်ပေါ်လာရာ ချယ်ဆီးအသင်းက မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး ဒီရာသီ အဖွင့်ပွဲက ဂိုးပြတ် ရှုံးပွဲကို လက်တုန့်ပြန်နိုင်မယ့်… Continue Reading →

မန်ယူနည်းပြ ဖြစ်ချင်လာတဲ့ ၀င်းဂါး၊ အစွမ်းပြလိုနေတဲ့ တူရန်ဇီဘီ၊ ဂိုးမက်တို့နဲ့ မန်ယူ ညနေခင်းသတင်းများ

မန်ယူအသင်းဟာ လိဂ်ဝမ်းကလပ် Rochdale နဲ့ ကာရာဘောင်းပွဲစဉ်မှာ ပုံမှန်ပွဲချိန်အတွင်း တစ်ဂိုးစီ သရေဖြစ်နေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ၅-၃ နဲ့ နောက်တစ်ဆင့် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူ လူငယ် ခံစစ်မှူး တူရန်ဇီဘီက ၄င်းဟာ ကလပ်အသင်း ပွဲထွက် ကစားသမားဖြစ်လို့ လုံလောက်တဲ့ ကောင်းမွန်မှု ရှိကြောင်း သက်သေပြရန် ပစ်မှတ် ထားနေပါတယ်။ အင်္ဂလန်သားဟာ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲမှာ ပါဝင်ကစား ခြေစွမ်းပြထားပါတယ်။ မန်ယူအသင်းဟာ မန်စီးတီးနဲ့ လီဗာပူးတို့ကို မှီဖို့ ဆိုရင် နောက်ထပ်… Continue Reading →

ဥရောပ အကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ကာတင်စာရင်းထဲ ပါဝင်လာတဲ့ ဂန်းနားနှစ်ဦး

၂၀၁၉ ခုနှစ်အတွက် ဥရောပအကောင်းဆုံး လူငယ်ကစားသမားအတွက် ဆန်ကာတင် ၄၀ ဦးစာရင်းကို ထုတ်ပြန်လာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှ လူငယ်ကစားသမား ၆ ဦးပဲ ပါဝင်လာပါတယ်။ ကစားသမားအများအပြားက လန်ဒန်အခြေစိုက်တွေဖြစ်ပြီး အာဆင်နယ်က အများဆုံးအဖြစ် နှစ်ဦးထိ ပါဝင်လာခဲ့တာပါ။ အဆိုပါ စာရင်းထဲ ပါဝင်နိုင်တဲ့ ပရီးမီးယားလိဂ် လူငယ်တွေကတော့ အာဆင်နယ်မှ နယ်ဆန်နဲ့ ဂွမ်ဒေါင်ဇီ၊ အဲဗာတန်မှာ ကိန်း၊ ချယ်ဆီးမှ မေဆန်မောင့်၊ မန်စီးတီးမှ ဖိုဒန်နဲ့ ဝတ်ဖိုဒ့် တွမ်ဒီလီ ဘာရှီယူတို့ ဖြစ်ပါတယ်။ ဒီဆုကို အနိုင်ရဖို့ ရေပန်းစားနေသူတွေထဲမှာတော့… Continue Reading →

ဒီဘရိုင်း ပီအက်စ်ဂျီသွားဖို့ တိုက်တွန်းမှု၊ လက်စတာခံစစ်မှူးကို ချိန်ရွယ်ခြင်းနဲ့ မန်စီးတီး သတင်းတိုများ

မန်စီးတီး လူငယ်ကစားသမား ဖီးလ် ဖိုဒန်က ၄င်းဟာ ရာဟင်းစတားလင်းကို စံပြ ကစားသမားအဖြစ် နမူနာယူ စံထားကာ စီးတီး အသင်းမှာ နေရာယူခွင့်ရဖို့ ကြိုးစားနေကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်များ မဲခွဲထွက်ပေါ်လာရာ အသင်းကြီးတွေချင်း ထိပ်တိုက်တွေ့ဆုံမှုတွေလည်း ပါဝင်လာပြီး မန်စီးတီးက ဆောက်သမ်တန်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းကို မန်ချက်စတာကနေ ထွက်ခွာပြီး ပြင်သစ်လီဂူးဝမ်းကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ ကစားရန် ဒီဘရိုင်းရဲ့ ဆရာဟောင်းဖြစ်သူ ဗန်ဟီစီ ဘရော့ခ်ျက တိုက်တွန်းလိုက်ပါတယ်။ ဒီဘရိုင်းဟာ… Continue Reading →

မန်ယူအသင်းက မန်နေဂျာနေရာအတွက် အိုလီကို ဘာလို့ အချိန်ထပ်ပေးသင့်သလဲ ထောက်ပြမှု

မန်ယူအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ကာရာဘောင်းပွဲမှာ ကလပ်ရဲ့ အရည်အချင်းတွေကို ထုတ်မပြနိုင်ပဲ နောက်တစ်ဆင့် တက်ဖို့ကို ခက်ခဲစွာ ရုန်းကန်ခဲ့ရတဲ့နောက် မန်နေဂျာအိုလီကို ရာထူးကနေ ထုတ်ပယ်ဖို့ မှတ်ချက်ပေးမှုတွေ များပြားလာပါတယ်။ အင်္ဂလန်လိဂ်ရဲ့ ကစားသမားဟောင်းဖြစ်ပြီး အားကစားသုံးသပ်သူဖြစ်တဲ့ ရော်ဘီဆားဗေ့ကတော့ အိုလီကို ရာထူးကနေ ထုတ်ပယ်လိုက်တာက မန်ယူအတွက် ပြသနာရဲ့ အဖြေမဟုတ်ဘူးလို့ ထောက်ပြခဲ့တယ်။ သူကပဲ ဒီရာသီ စွမ်းဆောင်ရည်ကောင်းနေတဲ့ ကစားသမားတွေက အိုလီ ခေါ်ယူပေးထားသူတွေဖြစ်ပြီး နော်ဝေသားကြီးကို အချိန်ပေးရပါမယ်လို့ ဆိုခဲ့ပါတယ်။ ဆားဗေ့က “​ မန်ယူက နောက်ဆုံး ၁၉… Continue Reading →

လီဗာပူးကို ရပ်တန့်ဖို့ ခံစစ်သမား ၁၀ ဦးထည့်မှပဲ ရတော့မယ်ဆိုတဲ့ ပြိုင်ဘက်မန်နေဂျာ

ဒီအပတ် လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပြိုင်ဘက်ဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်ရဲ့ မန်နေဂျာဖြစ်သူက အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးကို အနိုင်ရဖို့ဆိုရင် သူသုံးနေကျ ခံစစ်သုံးယောက်တန်းနဲ့ ရမှာမဟုတ်ဘူးလို့ ယူဆနေပါတယ်။ ပရီးမီးယားလိဂ် တန်းတက်ကလပ်ဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရနေပြီး လိဂ်ပွဲ ၆ ပွဲကစားပြီးချိန်မှာ ရမှတ် ၈မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။ မန်နေဂျာ Wilder က ခံစစ်သုံးယောက်တန်းကို အသုံးပြုတဲ့ မန်နေဂျာဖြစ်ပြီး လီဗာပူးရဲ့ ကျော်ကြားတဲ့ တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊… Continue Reading →

အာဆင်နယ်နဲ့ ပွဲဦးထွက်နိုင်ခဲ့သူ တီရာနေးကို အူဘာနဲ့ လာကာတို့ အကြောင်းကြားစာတွေ ပေးပို့

အာဆင်နယ် တိုက်စစ်အတွဲဖြစ်တဲ့ အူဘာမီယန်နဲ့ လာကာဇက်တီတို့က ဂန်းနားအသင်းအတွက် ပွဲထွက်ကစားပေးမှုကို လုပ်နိုင်ခဲ့ပြီဖြစ်တဲ့ ဘယ်အစွန်လူ တီရာနေးကို တုန့်ပြန်မှုကောင်းတွေ လုပ်သွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘယ်အစွန်လူဟာ နွေအပြောင်းအရွှေ့မှာ အာဆင်နယ်ကို ပြောင်းလာပြီးနောက်ပိုင်း နော်တင်ဟမ် ဖော်ရက်စ်နဲ့ပွဲမှာ ပထမဆုံး ပွဲထွက်မှုကို လုပ်နိုင်ခဲ့တာပါ။ အဆိုပါပွဲကို ၅-၀ နဲ့ အနိုင်ရမှုမှာ ကလပ်အသင်းကို အကျိုးဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး လူစားလဲဖို့ ကွင်းထဲက ထွက်လာချိန်မှာ အသင်းပရိသတ်တွေရဲ့ လက်ခုပ်သံတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အမ်းမရိတ်ကွင်းမှာ ပထမဆုံး ကစားခွင့်ရတဲ့ ပွဲနဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!