Date

November 9, 2019

လီဗာပူးက ဘာစီလိုနာ ကစားသမားနှစ်ဦးကို ခေါ်ယူလိုနေကြောင့် စပိန်သတင်းဖော်ပြ

လီဗာပူးအသင်းဟာ ခံစစ်ပိုင်အင်အား တောင့်တင်းလာစေဖို့အတွက် ဘာစီလိုနာမှ ခံစစ်သမားတွေဖြစ်တဲ့ အမ်တီတီနဲ့ ဆမ်မီဒိုတို့ကို လာမယ့် အပြောင်းအရွှေ့တွေမှာ ခေါ်ယူလိုပြီး စောင့်ကြည့်မှုတွေ လုပ်နေပါကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။ လီဗာပူးခံစစ်မှူး မာတစ်ဟာ ဒဏ်ရာပြဿနာတွေ ရှိနေပြီး နိုင်ငံတကာသီတင်းပတ် ကျော်လွန်မှ ပြန်ကောင်းနိုင်မယ့် အနေအထားဖြစ်တယ်။ ခံစစ်မှူး လိုဗရန်နဲ့ ဂိုးမက်စ်တို့က မာတစ်မပါချိန်မှာ ၂ ပွဲစီ ကစားခဲ့ကြပြီး နွေမှာ ခံစစ်သမားတွေ ထွက်ခွာပါက ပြန်လည်အားဖြည့်ဖို့ ဘာစီလိုနာ ခံစစ်သမား အမ်တီတီကို စောင့်ကြည့်နေခြင်းလို့ သိရတယ်။ နွေတုန်းကပဲ လီဗာပူးကနေ… Continue Reading →

ရှာခါ အာဆင်နယ်အတွက် ထပ်မကစားပေးတာလည်း ဖြစ်နိုင်ကြောင်း အမ်မရီ ထုတ်ပြောပြီ

အူနိုင်းအမ်မရီက အာဆင်နယ်အတွက် ရှာခါဟာ နောက်တစ်ကြိမ် ပြန်ကစားပေးတာမျိုး မဖြစ်နိုင်တော့ဘူးလို့ ဝန်ခံမှုနဲ့အတူ ဇန်နဝါရီမှာ ရောင်းထုတ်ဖို့ကိစ္စအတွက် နိုင်ငံတကာ သီတင်းပတ်အပြီးမျာ ကစားသမားနဲ့ စကားပြောမှု ပြုလုပ်သွားတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို မချေမငံ ဆက်ဆံခဲ့တဲ့နောက် ရှာခါနဲ့ ဂန်းနားတို့ကြား အဆင်မပြေမှုတွေ ဖြစ်လာခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ရာထူးကို ပြန်လည် ရုပ်သိမ်းခြင်းလည်း ခံခဲ့ရပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ နောက်ပိုင်းမှာ တောင်းပန်စာပုံစံ စာထုတ်ခဲ့ပေမယ့် သူနဲ့ အသင်းပရိသတ်ကြား အက်ကြောင်းကတော့ လုံးဝ ပြတ်ဆက်မရတော့ပါဘူး။ မန်နေဂျာအမ်မရီကတော့… Continue Reading →

လီဗာပူးက မန်စီးတီးကို နိုင်ဖို့ လိုအပ်တဲ့ အကြောင်းပြချက်တစ်ခုကို အယ်လီဆန် ထုတ်ဖော်

လီဗာပူးဂိုးသမား အယ်လီဆန်က တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မန်စီးတီးနဲ့ပွဲဟာ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအတွက် ဘယ်လောက်ထိ အရေးပါတယ်ဆိုတာ သိထားပါတယ်လို့ ပြောဆိုပါတယ်။ မနှစ်ကရာသီ မန်စီးတီးအသင်းကို ရမှတ်တစ်မှတ်တည်းနဲ့ အမှတ်ပေးဖလား အနိုင်ပေးခဲ့ရတဲ့ အနေအထားမျိုး ထပ်မဖြစ်ဖို့အတွက် ဒီရာသီမှာ သေချာအောင် လုပ်ရမှာပါ။ လီဗာပူးဟာ အမှတ်ပေးပွဲ ၁၁ ပွဲ ကစားခဲ့ပြီးချိန်မှာ မန်စီးတီးကို ရမှတ် ၆ မှတ် ဖြတ်ထားတာဖြစ်ပြီး ဒီရာသီမှာ ယူနိုက်တက်နဲ့ အဝေးကွင်းပွဲကလွဲလို့ ပြိုင်ပွဲအားလုံးကို အနိုင်ကစားထားတာဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ရမယ်ဆိုရင် လီဗာပူးက ရမှတ်အားဖြင့်… Continue Reading →

ချယ်ဆီးတစ်သင်းလုံးရဲ့ အမြန်ဆုံး ကစားသမားကို ပြောပြတဲ့ ခံစစ်မှူး တိုမိုရီ

ချယ်ဆီးခံစစ်သမား တိုမိုရီက စတမ်းဖိုဒ့်ဘရစ်မှာ ဒီရာသီ တောက်ပနေပြီး စီနီယာပွဲကစားခွင့် ၁၄ ပွဲမှာ ၁၃ ပွဲကို ပွဲထွက်လူစာရင်းကနေ ပါဝင်ထားခဲ့ခြင်းဖြစ်ကာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ခေါ်ယူခြင်းကိုလည်း ခံထားရပြီဖြစ်ပါတယ်။ အသင်းဖော် ဇူးမားနဲ့ တွဲဘက်ညီညီ ခြေစွမ်းပြနေခြင်းက တိုမိုရီကို အသင်းပရိသတ်တွေ သဘောကျနေရတဲ့ အကြောင်းရင်းဖြစ်ပြီး ချယ်ဆီးရဲ့ တောက်ပတဲ့ ကစားသမားတွေထဲမှာ ခံစစ်မှူးကိုလည်း ထည့်သွင်းထားကြတာဖြစ်တယ်။ ဒီလအစောပိုင်းတုန်းကလည်း FIFA 20 သူ့ရဲ့ အရှိန်က အိုဒွိုင်းထက် နည်းနေတာကြောင့် ဟာသလုပ်ပြီး ရယ်မောခဲ့သေးတာလည်းဖြစ်တယ်။ တိုမိုရီကတော့ သူဟာ အိုဒွိုင်းထက်… Continue Reading →

အမ်ဘတ်ပီကို လိုချင်ပေမယ့် မခေါ်နိုင်တဲ့အကြောင်းရင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောတဲ့ ယာဂင်ကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အမ်ဘတ်ပီနဲ့ ထွက်ပေါ်နေတဲ့ သတင်းများကို ယတိပြတ် ငြင်းဆန်လိုက်ပြီး သန်းပေါင်းများစွာသော လီဗာပူး ပရိသတ်တွေ မျှော်လင့်ချက်ကို ချိုးဖျက်လိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပြင်သစ်ကြယ်ပွင့်ကို ကာလရှည် ချိတ်ဆက်မှုတွေ ရှိခဲ့ပြီး အမ်ဘတ်ပီကို ၂၀၁၇ ၎င်း မိုနာကိုမှာ ရှိစဉ်က ကမ်းလျမ်းမှု ပြုလုပ်ခဲ့ပါသေးတယ်။ လီဗာပူးအသင်းဟာ နောက်နှစ်မှာ Nike နဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်တာကြောင့် အမ်ဘတ်ပီကို ပြန်လည် ကြိုးစားမလား သတင်းတွေ ထွက်နေခဲ့တာပါ။ အမ်ဘတ်ပီက Nike နဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!