ကလပ်အသင်းတွေရဲ့ လတ်တလော အခြေအနေနဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို အခြေခံ တွက်ထုတ်တဲ့ FiveThirtyEight ဝက်ဘ်ဆိုဒ်ရဲ့ နာမည်ကျော် စူပါကွန်ပျူတာကတော့ ဒီကြားရက် အာဆင်နယ် မန်စီးတီး ပွဲ အပြီးမှာ သူ့ရဲ့ ခန့်မှန်းဇယားကို ပြောင်းလဲလိုက်ပါတယ်။

အာဆင်နယ်ရဲ့ စီးတီးကို ၄-၁ နဲ့ ဂိုးပြတ် အရှုံးက ဂန်းနားတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်အား အတော် ရိုက်ခတ်သွားစေခဲ့တာတော့ အမှန်ပါ။ ဒါပေမယ့် စူပါကွန်ပျူတာကတော့ အာဆင်နယ် ချန်ပီယံဖြစ်နိုင်ခြေကို အများကြီး လျှော့ချပစ်လိုက်ပြီ ဖြစ်ပါတယ်။

စူပါကွန်ပျူတာရဲ့ နောက်ဆုံးထွက် ခန့်မှန်းမှာ မန်စီးတီး ပရီးမီးယားလိဂ် ဖလားရဖို့ ၉၀% လို့ ဖော်ပြလာပြီး အာဆင်နယ် ရဲ့ အခွင့်အရေးကတော့ ၁ဝ% ထိ လျော့ကျသွားခဲ့တာပါ။

စူပါကွန်ပျူတာရဲ့ နောက်ဆုံးထွက် ခန့်မှန်းမှုက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အာဆင်နယ်က အမှတ်ပေးဇယားထိပ်မှာ စီးတီးထက် ၂ မှတ် အသာရထားပေမယ့် မန်စီးတီးမှာ ပွဲကျန် နှစ်ပွဲ ကစားဖို့ ရှိနေတာကြောင့် ချန်ပီယံ လမ်းကြောင်းမှာ အတော် အခွင့်သာသွားတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်က ရာသီကုန်ထိ လိဂ်ပွဲ ၅ ပွဲ ကစားရဦးမှာ ဖြစ်ပြီး အဲဒီပွဲတွေထဲမှာ ချယ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲ ပါဝင်သလို ထိုပွဲနောက်မှာ နယူးကာဆယ်၊ ဘရိုက်တန် တို့လို မာကျောတဲ့ ပြိုင်ဘက်တွေကိုလည်း ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။