လီဗာပူးနဲ့ ဒိုင်လူကြီး တီယာနေးကြား ပြဿနာတွေရှိနေတယ်လို့ ကလော့ပ်ရဲ့ စွပ်စွဲချက်ကို ပရီးမီးယားလိဂ် ဒိုင်လူကြီးများ အဖွဲ့က တီယာနေးဟာ ပရော်ဖက်ရှင်နယ် ဆန်ဆန် ကိုင်တွယ်ခဲ့သူလို့ တုန့်ပြန်ပါတယ်။ တီယာနေးကို ပြောခဲ့တဲ့ မှတ်ချက်အတွက် ကလော့ပ်ကို အက်ဖ်အေက အရေးယူဖွယ် ရှိပါတယ်။
အက်စတွန်ဗီလာပွဲကြိုမှာ မန်ယူနိုက်တက် ပရိသတ်တွေက အသင်းပိုင်ရှင် ဂလေဇာအဖွဲ့ကို ကလပ်ကို အပြီးသတ်ရောင်းပြီး ထွက်သွားကြဖို့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပွဲကို အရေးနိမ့်ပေမယ့် ဘောလုံးကိုင်ခွင့်ရတိုင်း တစ်ကြိမ် ဂိုးရလုဖြစ်ခဲ့တာမို့ စပါးက လီဗာပူးထက် အပုံကြီး ပိုကောင်းတယ်လို့ ယာယီနည်းပြ ရိုင်ယန် မေဆန်က ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ အနာဂတ် ပလန်ထဲမှာ အရေးကြီးဆုံးက ဘန်ဇီမာ နေရာမှာ အစားထိုးမယ့် တိုက်စစ်မှူးသစ် ခေါ်ယူရေးပဲ ဖြစ်တယ်လို့ အန်ဆယ်လော့တီက ထုတ်ပြောခဲ့ပါတယ်။
အဲရစ်တန်ဟက်ဟာ ဟယ်ရီကိန်းကို နံပါတ်တစ် ပစ်မှတ်ထားနေဆဲ ဖြစ်တာနဲ့အတူ ဒီနွေရာသီမှာ ယူနိုက်တက် အကြီးအကဲတွေထံကနေ နံပါတ် ၉ တိုက်စစ်သမားသစ် တစ်ယောက် သေချာပေါက် ခေါ်ယူရေး တောင်းဆိုခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဂျူ့ဒ်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် ဂျာမနီထံ ကိုယ်စားလှယ်တွေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။
မကြာသေးခင်က ခေါ်ယူထားတဲ့ လူသစ်တွေ အပါအဝင် ချယ်ဆီးရဲ့ စီနီယာကစားသမား များစွာဟာ အသင်းနဲ့ ရေရှည် စာချုပ်ချုပ်ထားတဲ့အပေါ်မှာ နောင်တရနေပြီး ကလပ်ရဲ့ အနာဂတ်အပေါ် စိုးရိမ်မှုတွေ တိုးလာပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ဆာဂျင်ရတ်ကလစ်ဖ်ရဲ့ ကမ်းလှမ်းမှုဟာ ကာတာဘက်က ကမ်းလှမ်းခဲ့တဲ့ ပေါင် ၅ ဘီလျံထက် ပိုမိုများပြားသလို သူက ဂလေဇာမိသားစုကို ဆက်လက် အုပ်ချုပ်ခွင့် ပေးဖို့ပါ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြန်ကစားရတော့မှာဖြစ်လို့ နွေရာသီမှာ အသင်းကို အဓိက အပြောင်း အလဲတွေ လုပ်တော့မှာဖြစ်ပြီး ဖိုလာရင် ဘာလိုဂန်၊ ရှာကာ အပါအဝင် ကစားသမားများစွာ ထွက်ခွာရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ပစ်မှတ် ဂျာရီယန်တင်ဘာဟာ အေဂျက်မှာ နောက်တစ်ရာသီ ဆက်နေခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ မနှစ်က နွေရာသီမှာ ကလပ်နဲ့ သဘောတူညီခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
ပက်ဂွာဒီယိုလာဟာ ဂန်ဒိုဂမ်ကို ချစ်တဲ့အကြောင်း ဝန်ခံခဲ့ပေမယ့် ဒါဟာ မန်စီးတီးမှာ သူ့ကို ဆက် ထိန်းထားဖို့ လုံလောက်မှာတော့ မဟုတ်ပါဘူး။
ချယ်ဆီးရဲ့ တွဲဖက်အသင်းပိုင်ရှင် အက်ဘာလီဟာ ပရိသတ်တစ်ယောက်နဲ့ စကားပြောဆိုမှုထဲမှာ ပိုချက်တီနိုကို နည်းပြသစ်ခန့်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း အတည်ပြုသွားခဲ့ပါတယ်။
ကိုင်လီဝေါ်ကာဟာ ဗီလာနဲ့ အေစီမီလန်ရဲ့ စိတ်ဝင်စားမှုရထားပေမယ့် မန်စီးတီးနဲ့ စာချုပ်နောက်ဆုံးနှစ် ကုန်တဲ့အထိ ဆက်နေဖို့ စီစဉ်ထားပါတယ်။