ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ်အသင်းမှ တိုက်စစ်သမား နီကိုးလက်စ် ဂျက်ဆန် ကို နောက်အပတ်ထဲ တရားဝင် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ သူ့အတွက် စာချုပ်ပါကြေး ယူရို ၃၅ သန်း ပေးရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာက ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကမ်မစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ဘိုင်ယန် ဘက်က ဆွေးနွေး ညှိနှိုင်လိုခြင်း မရှိပါဘူး။

ဆော်ဒီကလပ် Al Nassr အသင်းဟာ ချယ်ဆီးတိုက်စစ်သမား ဇီယက်ချ်ကို ခေါ်ယူရေး စကားပြောနေပြီး သဘောတူညီမှု ရတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ခံစစ်မှူး ဂါဗာဒီယိုကို ခေါ်ယူရေး ကစားသမားနဲ့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ လိုက်ဇစ် အသင်းကတော့ ခရိုအေးရှားသားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ ထိ တောင်းဆိုနေပါတယ်။

ဂိုးသမား အိုနာနာ အတွက် အင်တာမီလန်က ပေါင် သန်း ၇၀ ထိ တောင်းဆိုနေတာကြောင့် ချယ်ဆီးအသင်းကတော့ နောက်ဆုတ်သွားခဲ့ပါပြီ။

မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့် အတွက် ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းမှု ငြင်းဆန်ခံရပေမယ့် ဒုတိယမြောက် ချိတ်ဆက်မှု ထပ်မံ ပေးပို့တော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မွန်အသင်းမှ ဂျာမာန်လူငယ် တိုက်စစ်မှူး အယ်ဒီရယ်မီကို သဘောတွေ့ပေမယ့် ဒီနွေမှာ ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ပေါင် ၆၇ သန်း ဝန်းကျင် ပေးရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာကို စိတ်ဝင်စားပေမယ့်လို့ သူ့အတွက် ပေါင် သန်း ၅၀ လောက်ထိပေးဖို့တော့ ဆန္ဒ မရှိပါဘူး။

ဒီဂီယာဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဆော်ဒီကလပ် Al Hilal အသင်းထံ ၃ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့သွားနိုင်ပါတယ်။

ဆယ်တာဗီဂို ကွင်းလယ်လူ ဂေဘရီ ဗီဂါကို ခေါ်ယူရေး လီဗာပူးနဲ့အပြိုင် ချယ်ဆီးအသင်းလည်း ပါဝင်လာနေပြီ ဖြစ်ပါတယ်။

လက်စတာ ခံစစ်သမား ကက်စတိန်ကို ဒီနွေမှာ ခေါ်ယူလိုရင် ယူရို ၁၅ သန်းပေးရမှာပါ။ အာဆင်နယ်ဘက်က သူ့ကို ခေါ်ယူလိုပေမယ့် တရားဝင် ကမ်းလှမ်းခြင်း မရှိသေးဘဲ ဂျူဗင်တပ်ကတော့ စတင် စကားပြောနေပါပြီ။