အာဆင်နယ်ရဲ့ အလေးအနက် ချိတ်ဆက်ခြင်း ခံနေရတဲ့ ချယ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ဇ် က လက်ရှိကလပ်နဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်တော့မှာ မဟုတ်ကြောင်း အသိပေးခဲ့ပါတယ်။

ချယ်ဆီးနဲ့ အင်္ဂလန် ကွင်းလယ် ကစားသမား မေဆန်မောင့် ဟာ မန်ချက်စတာ ယူနိုက်တက်ကိုပဲ အသင်း ပြောင်းရွှေ့ လိုနေတာက ချန်ပီယံလိဂ် ကစားချင်လို့ ဖြစ်ကြောင်း သိရပါတယ်။

ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ် တိုက်စစ်သမား နီကိုးလက်စ် ဂျက်ဆန်ကို ခေါ်ယူနိုင်ရေး စာချုပ်ပါအတိုင်း ယူရို ၃၅ သန်းပေးမှာ ဖြစ်ပါတယ်။ ကစားသမားကလည်း ကာလရှည် စာချုပ်နဲ့အတူ ချယ်ဆီးထံပဲ ပြောင်းလိုနေပါတယ်။

ချယ်ဆီး ဂိုးသမား မန်ဒီဟာ ဆော်ဒီကလပ် Al Ahli အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အူဘာမီးယန်းနဲ့ ဇီယက်ချ်လည်း ဆော်ဒီဘက်ပဲ ပြောင်းရွှေ့မှာပါ။

လီဝီ ကိုးဝယ်အတွက် ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းမှုကို ချယ်ဆီးဘက်က ပယ်ချလိုက်ပေမယ့် ဘရိုက်တန် ဘက်က အင်္ဂလန်သား ခံစစ်မှူးကို ခေါ်ယူလိုနေဆဲ ဖြစ်ပါတယ်။

ကိုဗာဆစ် မန်စီးတီး အသင်းထံ ပြောင်းရွှေ့ရေးဟာ ချယ်ဆီးနဲ့ ညှိနှိုင်းဆွေးနွေးမှု နောက်ဆုံး အဆင့် ရောက်ရှိနေပြီ လို့ သိရပါတယ်။ စီးတီး ကမ်းလှမ်းမှုက ယူရို ၂၅ သန်း ဖြစ်ပြီး ချယ်ဆီးက ယူရို သန်း ၃ဝ အလိုရှိနေတာကြောင့် စကား ဆက်ပြောနေကြဆဲပါ။