မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်အတွက် ကမ်းလှမ်းမှု ဒီနေ့ စတင် ပြုလုပ်ခဲ့ပြီး တခါတည်း ပယ်ချခံခဲ့ရပါတယ်။ စီးတီးကပာင်းရွှေ့ကြေး ပေါင် သန်း ၈၀ + ထပ်ဆောင်း ဆုကြေး ပေါင် ၁၀ သန်း နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်က တိုက်စစ်မှုး ဟယ်ရီကိန်း အတွက် ယူရို သန်း ၇ဝ + ထပ်ဆောင်းကြေးနဲ့ ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီး စပါးအသင်းကလည်း ချက်ချင်း ငြင်းဆန် ပယ်ချခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းထံမှ အင်္ဂလန်သား အစွန်နောက်ခံလူ လူငယ်လေး ဟယ်ရီ အေမက်စ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ကာ ၄နှစ် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
တိုနာလီ ကို လက်လွှတ်ရတော့မယ့် အေစီမီလန် အသင်းဟာ ချယ်ဆီး ကစားသမား လော့ဖ်တပ်ချိခ် ကို အစားထိုး ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ ချယ်ဆီးကတော့ လော့ဖ်တပ်ချိခ်အတွက် ပေါင် ၂၅ သန်း တောင်းဆိုဖွယ် ရှိပါတယ်။
နာပိုလီ တိုက်စစ် ကြယ်ပွင့် အိုဆင်ဟမ် ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်တွေထဲမှာ နောက်ဆုံး ပါဝင်လာတာက လီဗာပူး အသင်း ဖြစ်ပါတယ်။ ၎င်းကို ပီအက်စ်ဂျီနဲ့ မန်ချက်စတာ ယူနိုက်တက် တို့က ချိတ်ဆက်နေတာပါ။
ဆောက်သမ်တန် ကြယ်ပွင့် လာဗီယာ ကို ခေါ်ယူဖို့ လီဗာပူးအသင်းက ဆက်သွယ် မေးမြန်းလာပါတယ်။ ၎င်းကို ခေါ်ယူဖို့ အာဆင်နယ် ကြိုးစားနေတာ ၁၅ ရက်တာ ရှိပေမယ့် ကမ်းလှမ်းမှု မပြုလုပ်သေးပါဘူး။ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။
အာဆင်နယ်က အေဂျက် ကစားသမား တင်ဘာ အတွက် ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။ ဒီတကြိမ် ဒုတိယ ကမ်းလှမ်းမှုမှာ ပြောင်းရွှေ့ကြေးက ယူရို ၄၅ သန်း လောက် ရှိမယ် လို့ ဆိုပါတယ်။