မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန္တာ တိုက်စစ်မှုးလေး ဟွိုက်လန်းအတွက် ပေါင် သန်း ၅ဝ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း တယ်လီဂရပ်ဖ် သတင်းက ဖော်ထုတ်သွားပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူလိုနေကာ မန်ယူနိုက်တက် ပစ်မှတ်ဖြစ်တဲ့ ဟွိုက်လန်းကို ဝင်ရောက် ချိတ်ဆက်လိုနေပါတယ်။

သီယေဂို အယ်ကန်တာရာ ကို ခေါ်ယူဖို့ ဖီနာဘာချီအသင်းဘက်က ချိတ်ဆက်မှု ပြုလုပ်နေပေမယ့် ကွင်းလယ်လူက လီဗာပူးအသင်းမှာပဲ ဆက်နေလိုပါတယ်။

ပဲလေ့စ်ကနေ အလွတ်ဖြင့် ထွက်ခွင့်ရထားတဲ့ ဇာဟာဟာ စတီဗင်ဂျရတ် နည်းပြ လုပ်နေတဲ့ ဆော်ဒီကလပ် Al-Ettifaq အသင်းနဲ့ ဆွေးနွေးနေပါတယ်။

ချယ်ဆီး တိုက်စစ်သမားတွေဖြစ်တဲ့ ဇီယက်ချ်နဲ့ အူဘာမီယန်တို့ဟာ ဆော်ဒီဘက်ကို ပြောင်းရွှေ့သွားဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။

စပါးတိုက်စစ်မှုး ဟယ်ရီကိန်းကို အလိုရှိနေသေးတဲ့ ဘိုင်ယန်မြူးနစ်က ပေါင် သန်း ၇ဝ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဘိုင်ယန်ရဲ့ ပေါင် ၅၆ သန်းနဲ့ ပထမ ကမ်းလှမ်းမှုကတော့ ငြင်းဆန် ပယ်ချခံထားရတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ အခြားသော ဂိုးသမားတွေနဲ့ ချိတ်ဆက်နေခြင်း မရှိဘဲ အင်တာမီလန်ကနေ အိုနာနာကို ခေါ်ယူနိုင်ရေး တစ်ခုတည်းကို အာရုံစိုက်နေပါပြီ။

လီဗာပူး၊ ဘရိုက်တန်တို့က အလိုရှိနေတဲ့ လီဗီ ကိုးဝဲလ်ဟာ ချယ်ဆီးကစားသမား ဖြစ်ပြီး လာမယ့်ရက်တွေအတွင်း ကစားသမား စတမ်းဖိုဒ့်ဘရစ်ချ်ကို ပြန်ရောက်လာရင် စကားပြောကြမှာဖြစ်တယ်လို့ နည်းပြ ပိုချက်တီနိုက ပြောလာပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆန်းဒါးလန်းမှာ အငှား ထွက်ကစားရင်း ခြေစွမ်းပြခဲ့တဲ့ အာမက် ဒီယာလို အား လာမယ့်ရာသီမှာလည်း အငှား ထပ်မံ စေလွှတ်ဖို့ မန်ချက်စတာ ယူနိုက်တက်က စဉ်းစားနေပါတယ်။

အာဆင်နယ်၊ လီဗာပူးတို့က စိတ်ဝင်စားနေမှုကြောင့် လာဗီယာနဲ့ ဝေါ့ပရောက်စ်တို့ကို လက်လွတ်ရဖွယ်ရှိနေတဲ့ ဆောက်သမ်တန်ဟာ မန်စီးတီး လူငယ်ကြယ်ပွင့် ချာလီကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

လက်စတာတိုက်စစ်မှူး ဟာဗေးဘန်းစ်က ဒီနွေမှာ နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညိနှိုင်းမှု အဆင်ပြေရင် အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ် ရှိပါတယ်။