လီဗာပူး ကွင်းလယ်လူ ဖာဘင်ညိုရဲ့ ဆော်ဒီဘက် အပြောင်းအရွှေ့ကတော့ အခက်အခဲ တစ်ခု ရှိနေပါတယ်။ ဘူးလ်ဒေါ့ ခွေးအမျိုးအစား ကို ဆော်ဒီက ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီး ဖာဘင်ညိုမှာက ထိုအမျိုးအစား ခွေးနှစ်ကောင်တောင် မွေးထားတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းအတွက် တရားဝင် ကမ်းလှမ်းမှု စတင် ပေးပို့တော့မှာပါ။ ပီအက်စ်ဂျီဘက်ကလည်း တိုက်စစ်သမားကို ခေါ်ယူနိုင်ရေး ကစားသမားရဲ့ ကိုယ်စားလှယ်တွေဖြင့် ချိတ်ဆက်နေပါတယ်။

ချယ်ဆီးနဲ့ မန်စီးတီးတို့ဟာ ပဲလေစ့်ကွင်းလယ်လူ မိုင်ကယ် အိုးစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြပါတယ်။ ကစားသမားရဲ့ စာချုပ်ပါကြေးက ပေါင် ၃၅ သန်းလို့ သိထားရပါတယ်။

ဖူလ်ဟမ်အသင်းကနေ နည်းပြဆေးဗား ထွက်ခွာမယ်ဆိုရင် ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းကို ခေါ်ယူရေး အဆင်ပြေမှာ မဟုတ်ပါဘူး။ လာဇီယိုကလည်း အိုဒွိုင်းကို ရနိုင်ဖို့ အားထုတ်နေတာပါ။

လက်စတာ တိုက်စစ်မှူး ဟာဗေးဘန်းစ်ဟာ နယူးကာဆယ် အသင်းထံ ပေါင် ၃၈ သန်းဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းဟာ ဝုဗ်တိုက်စစ်မှူး ဂျီမီနက်စ်ကို ပေါင် ၅.၅ သန်းဖြင့် လက်မှတ်ထိုး ခေါ်ယူနိုင်တော့မှာပါ။

ချယ်ဆီးအသင်းဟာ မောင့်ပယ်လီယာ တိုက်စစ်မှူး ဝါဟီကို ခေါ်ယူနိုင်ဖို့ အတော်လေး အခြေအနေ ကောင်းနေပါပြီ။ ပြောင်းရွှေ့ကြေးကတော့ ယူရို သန်း ၃၀ ကျသင့်မှာဖြစ်ပါတယ်။

ဒီလကုန်လောက်မှာ လီဗာပူးအသင်းက ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ကမ်းလှမ်းမှု ပြုလုပ်မှာဖြစ်ကာ အပြိုင် ကမ်းလှမ်းမယ့် ကလပ် မရှိတာကြောင့် ပေါင် သန်း ၅၀ အောက်ဖြင့် ချိတ်ဆက်ပါမယ်။

လီဗာပူးက ပစ်မှတ်ထားနေတဲ့ ခံစစ်မှူး လီဗီ ကိုးဝဲလ်ကို ဒီနွေမှာ လုံးဝ ရောင်းမထုတ်ဘူးလို့ ချယ်ဆီးဘက်က ထုတ်ပြောလာပြီ ဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်ဟာ ယူနိုက်တက် တိုက်စစ်သမား အီလန်ဂါကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးတဲ့နောက် ဒင်းဟန်ဒါဆန် ကိစ္စ အပြီးသတ်ဖို့ ကြိုးစားနေပါတယ်။