ဒီအပတ် ပရီးမီးယားလိဂ် တတိယအပတ် ပွဲစဉ်တွေ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ် ဆရာကြီး ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
ချယ်ဆီး vs လူတန်တောင်း
၆ မှတ်အတွက် ကစားပြီးချိန် ချယ်ဆီးက ၁ မှတ်ပဲ ရထားတယ်။ ဒါပေမယ့် ပိုချက်တီနို ကိုင်တွယ်မှုမှာ သူတို့က နည်းနည်းတော့ သဟဇာတဖြစ်ပုံရပါတယ်။
လူတန်ကတော့ အတော်လေး ရုန်းကန်နေရတယ်။ ဘောလုံးရာသီရှည် ဆက်သွားရမှာဖြစ်ပြီး ချယ်ဆီးကို ရင်ဆိုင်ရမှာ သူတို့ ဂိုးသွင်းနိုင်မယ် မထင်ပါဘူး။ လူတန်က ဘရိုက်တန်ကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားပေမယ့် ၄-၁ နဲ့ အရေးနိမ့်ခဲ့တယ်။ သူတို့က ခံစစ်ကစားဖို့ထက် ခြိမ်းခြောက်နိုင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။
လူတန်အတွက် ချယ်ဆီးက တောင့်တင်းလွန်းပါတယ်။ ပိုချက်တီနိုတို့ အနိုင်ရမှာပါ။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၃-၀ လူတန်တောင်း
အာဆင်နယ် vs ဖူလ်ဟမ်
ပဲလေ့စ်နဲ့ ပွဲမှာ တိုမီယာဆု ထုတ်ပယ်ခံရပေမယ့်လို့ အနိုင်ရခဲ့တာဟာ အာဆင်နယ်အတွက် အရေးကြီးပါတယ်။ ဒီရာသီမှာ အာဆင်နယ်က သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသလာနိုင်ခြင်း မရှိသေးဘူး ဒါပေမယ့် သူတို့ တာထွက် ကောင်းနေပါတယ်။
အဖွင့်ပွဲမှာ အဲဗာတန်ကို ဖူလ်ဟမ်တို့ အနိုင်ရခဲ့ပေမယ့် ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ရာမှာ သူတို့ ကျရှုံးခဲ့ပါတယ်။ အာဆင်နယ် တို့ သက်သောင့်သက်သာ အနိုင်ရမယ့်ပွဲ ဖြစ်ပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၀ ဖူလ်ဟမ်
မန်ချက်စတာ ယူနိုက်တက် vs ဖောရက်စ်
မန်ချက်စတာ ယူနိုက်တက်က ပျော့ညံ့လွန်းနေပြီး ခံစစ်ပိုင်း အားနည်းမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် မနှစ်က သီတုန်းက ဖောရက်စ်ရဲ့ အဝေးကွင်း စွမ်းဆောင်ရည် မကောင်းပါဘူး။ သူတို့ရဲ့ အဓိက ကစားသမား ဘရီနာ ဂျွန်ဆင်က စပါးကို ရောက်မယ်လို့ သတင်းထွက်နေတာပါ။
ယူနိုက်တက်က ဒီရာသီမှာ ဆိုးရွားတဲ့ တာထွက်မှုကို ပိုင်ဆိုင်နေတာတောင် သူတို့ ဝုဗ်ကိုတော့ အနိုင်ရခဲ့ပါတယ်။ ဒီတော့ ဒီပွဲကို အနိုင်ရသွားမယ်လို့ ထင်ပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် ၃-၁ ဖောရက်စ်
ရှက်ဖီးယူနိုက်တက် vs မန်စီးတီး
ရှက်ဖီးယူနိုက်တက်ကတော့ အတော်လေး ဒုက္ခများနေပါတယ်။ သူတို့က ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမား နီဒီယာကို မာဆေးအသင်းထံ ရောင်းချခဲ့တယ်။ သူတို့ ဖောရက်စ်ကို ရင်ဆိုင်ရာမှာ ကောင်းခဲ့ပေမယ့် ရှုံးခဲ့ပါတယ်။ ပဲလေစ့်ကလည်း သူတို့ကို အနိုင်ယူထားပါတယ်။
ဒီပွဲက ခက်ခက်ခဲခဲ ကစားပြီး ၁-၀ ဖြစ်လာမှာ မဟုတ်ပါဘူး။ မန်စီးတီးက ဒီပွဲကို ၄-၀ လောက်နဲ့ ဂိုးပြတ် နိုင်မှာပါ။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ရှက်ဖီးယူနိုက်တက် ဝ-၄ မန်စီးတီး
နယူးကာဆယ် vs လီဗာပူး
နယူးကာဆယ်ဟာ အဖွင့်ပွဲအဖြစ် အက်စတွန်ဗီလာကို ရင်ဆိုင်ရာမှာ အောင်ပွဲရခဲ့သလို သူတို့အတွက် လှုံ့ဆော်မှုလည်း ဖြစ်ခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာ အခြေအနေတွေနဲ့ သူတို့ မန်စီးတီးကို ရင်ဆိုင်ခဲ့ပေမယ့် ထပ်မလုပ်နိုင်ခဲ့ပါဘူး။
လီဗာပူးမှာက တိုက်စစ်အားသန် ကစားသမားတွေ များလွန်းပြီး အရင်အပတ်က ဒီယက်ဇ်ရဲ့ ဂိုးဟာ ထူးချွန်ခဲ့တယ်။ ဂျိုတာလည်း အသုံးဝင်ပါတယ်။ နောက်ဆာလာပေါ့။ ဆိုဘိုစလိုင်က အရည်အချင်းရှိ ကစားသမားပါ။ ဒါပေမယ့် သူတို့က ကွင်းလယ်ကို ကာကွယ်နိုင်ပါမလား?
ဆက်တန် ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် ၃-၁ လီဗာပူး
အခြားပွဲတွေအတွက် ဆက်တန် ခန့်မှန်းရလဒ်များ
- Bournemouth 1-2 Tottenham
- Brentford 1-0 Crystal Palace
- Everton 1-1 Wolves
- Brighton 2-0 West Ham
- Burnley 1-2 Aston Villa