ဂန်းနားတို့ရဲ့ နွေ အဓိက ပစ်မှတ် ဖြစ်တဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်ကိုဟာ အာဆင်နယ်နဲ့ ချယ်ဆီးတို့ကို ငြင်းဆန်ပြီး ဂျာမာန်မြေမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆက်ကို က လိုက်ဇစ်နဲ့ စာချုပ်သစ် သက်တမ်းတိုးဖွယ် ရှိပါတယ်။
အာဆင်နယ် အသင်းဟာ မိုနာကို ကွင်းလယ်လူ ဖိုဖာနာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမးရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
အာဆင်နယ် ပစ်မှတ်ထားနေတဲ့ အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလစ် လူးဝစ်ကို ကစားသမား အလိုက်ပေးမှုအပြင် ပေါင် သန်း ၂၀ ဖြင့် ချိတ်ဆက်ဖို့ ဂျူဗင်တပ်က ကမ်းလှမ်းချင်နေပါတယ်။
အာဆင်နယ် အသင်းဟာ ရီးရဲလ်မက်ဒရစ် ဂိုးသမား လူနင် ကို ကမ်းလှမ်းမှု လုပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရီးရဲလ်ကလည်း လူနင် ကို စာချုပ်သစ် သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပြီး လူနင် ကတော့ စဉ်းစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Telegraph သတင်းထောက် ကတော့ ဒီနွေမှာ အာဆင်နယ် အသင်းဟာ တိုက်စစ်မှူးစစ်စစ်ထက် တောင်ပံ တိုက်စစ် ကစားသမားကို ဦးစားပေး ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နယူးကာဆယ် ကြယ်ပွင့် ဂွီးမားရက်စ်ကို အာဆင်နယ်က စိတ်ဝင်စားတယ် သတင်းထွက်နေပေမယ့် မန်စီးတီး အသင်းက ခေါ်ယူနိုင်ဖို့ ပိုများတယ်လို့ သိရပါတယ်။