ကမ္ဘာ့ရွှေစျေး ပြန်တက်လာပေမယ့် ရွှေအသင်းစျေးက ထောင်ဂဏန်းပဲ အတက်ပြလာခဲ့ပါတယ်။ လက်ရှိမှာ ရွှေစျေးကွက်ဟာ အရောင်းအဝယ် ရပ်နားနေဆဲဖြစ်ပါတယ်။
ယနေ့ ရွှေဈေး (ဇွန် ၁၃ ရက်၊ နံနက် ၉ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၃၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၆၉၅၁၃ ကျပ်
– ပြင်ပရွှေစျေး
၅၄၆၃၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။