ဂျူဗင်တပ် အသင်းဟာ အာဆင်နယ် ခံစစ်မှူး ကီဝီအာ အတွက် ပေါင် ၅ သန်း + အာသာမယ်လိုနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းဟာ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ခရိုကီးယက်စ်ကို ခေါ်ယူလိုပေမယ့် ဈေးအရမ်းကြီးနေတာကြောင့် နောက်ဆုတ်ရဖွယ် ရှိနေပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှူးသစ် ရှာဖွေနေဆဲဖြစ်ပြီး ဂျူဗင်တပ်မှ ဗလာဟိုဗစ်၊ နာပိုလီမှ အိုဆင်မန် အပြင် အခြားသော နံပါတ် ၉ တိုက်စစ်သမားတွေကိုလည်း စိတ်ဝင်စားနေပါတယ်။

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ က အာဆင်နယ် အသင်း နောက်ခံလူ ဆလီဘာကို ချီးကျူးလိုက်ပြီး ဂန်းနား ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ဗဟို နောက်ခံလူ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဟက်စကီး က ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အာဆင်နယ် ဂိုးသမား ရမ်စ်ဒေးလ် ကို ရွေးချယ်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ် ရဲ့ ဆုံးဖြတ်ချက် ဟာ မှားယွင်းကြောင်း ဝေဖန် ပြောဆို သွားခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူဟောင်း ဂါဘရီရယ် ပယ်လစ္စတာ ကတော့ အက်သလက်တီကို မက်ဒရစ် ကနေ ထွက်ခွာလာခဲ့ပြီး ဘက်ဆစ်တပ် အသင်းဆီ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။