လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီသစ် အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားတွေကတော့ မနေ့က ထွက်ပေါ်လာပြီ ဖြစ်ပြီး အဖွင့်ပွဲစဉ်တွေမှာ ဘယ်အသင်းက အခက်ဆုံးလဲ ဆိုတာကို စူပါကွန်ပျူတာက သုံးသပ် တွက်ထုတ်ထားပြီ ဖြစ်ပါတယ်။
အဖွင့် သီတင်းပတ် ပွဲစဉ် ၁ မှာ အာဆင်နယ်က ဝုဗ် ကို အိမ်ကွင်းမှာ ဧည့်ခံမှာပါ။ မန်ချက်စတာ ယူနိုက်တက်ကလည်း ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံမှာပါ။
လီဗာပူးအသင်းကတော့ တန်းတက် Ipswich အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်မှာ ဖြစ်ပါတယ်။ ပရီးမိးယားလိဂ် ၄ ရာသီဆက် ချန်ပီယံ မန်စီးတီးဟာ နည်းပြသစ် မာရက်စ်နဲ့ သွေးသစ်လောင်းလာမယ့် ချယ်ဆီးအသင်းနဲ့ တွေ့နေတာပဲ ဖြစ်ပါတယ်။
မာရက်စ်ကာ ထွက်သွားလို့ နည်းပြသစ် ရှာဖွေနေရဆဲ့ လက်စတာ အသင်းကတော့ အဖွင့်ပွဲမှာ တော်တင်ဟမ် စပါး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
စူပါကွန်ပျူတာကတော့ ပွဲစဉ် ၁ ကနေ ၅ ထိ အဖွင့် ၅ ပွဲမှာ ကလပ်အသင်းတွေနဲ့ သူတို့ ဆုံရမယ့် ပြိုင်ဘက်တွေရဲ့ အားသာချက်၊ အားနည်းချက်၊ စွမ်းေ်ဆာင်ရည်တွေ အပေါ် အခြေခံကာ ဘယ်အသင်းက အခက်ဆုံး လမ်းကြောင်း ရှိနေလဲ rating တွက်ချက် သတ်မှတ်ပေးလာပါပြီ။
Opta စူပါကွန်ပျူတာ ရဲ့ rating အပြည့်အစုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
အသင်းကြီးတွေထဲမှာ ပထမ ပွဲစဉ် ၅ ပွဲထဲ အလွယ်ဆုံး အဖြစ် rating အနည်းဆုံး ရထားကာ အလွယ်ဆုံး လမ်းကြောင်း ရထားတာ လီဗာပူး ဖြစ်ပြီး အာဆင်နယ်ကတော့ rating အများဆုံးနဲ့ အခက်ဆုံး ပွဲစဉ်တွေ ကြုံမယ်လို့ စူပါကွန်ပျူတာက ဆိုပါတယ်။