ရွှေအသင်း သတ်မှတ်စျေး အနည်းငယ် ကျဆင်းလာကာ ပြင်ပရွှေစျေးကတော့ အရောင်းအဝယ် လုပ်ဆောင်ရ ခက်ခဲသလို စျေးတန်း အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။

ယနေ့ ပြည်တွင်းရွှေဈေး (ဇွန်လ ၂၀ ရက်၊ ကြာသပတေးနေ့ နံနက် ၉ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၃၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၇၁၀၂၅ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၃၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
၅၀၁၅၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။