အာဆင်နယ် ကွင်းလယ်ကစားသမား ဂျိုးဝယ်လော့ခ်က နည်းပြ ယွန်းဘတ်ဟာ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ အချိတ်ဆက်၊ ဆက်ဆံရေး များ ရှိထားတာကြောင့် အားကိုးရသူ ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။ နာပိုလီနည်းပြဟောင်း အန်ဆယ်လော့တီကို အာဆင်နယ်က နည်းပြရာထူးအတွက် ချိတ်ဆက်နေတဲ့ အပေါ် ယွန်းဘတ်ကတော့ ဘာမှတ်ချက်မှ မပေးလိုဘဲ အသင်းက ရွေးချယ်မှာ ဖြစ်ကြောင်း တုန့်ပြန် ဖြေကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းကို နိုင်တဲ့ပွဲမှာ ဆယ်ကျော်သက် ဘရာဇီးသား တိုက်စစ်သမား မာတင်နယ်လီ အထူးခြေစွမ်းပြသွားတာကြောင့် ဒီနေ့ည စတန်းဒက် လိဂ်နဲ့ ယူရိုပါလိဂ်ပွဲမှာ… Continue Reading →
လီဗာပူးအသင်းဟာ ဘုန်းမောက်၊ ဆဲလ်ဘတ်တို့နဲ့ ပွဲများ နှစ်ပွဲဆက်တိုက် ပေးဂိုး မရှိဘဲ နိုင်ပွဲ ရခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူး ဂိုးသမား အယ်လစ်ဆန် ကတော့ အခုလို clean sheet တွေ ပြန်ရလာတာက အသင်းသားတွေ အကုန်လုံး ပွဲချိန်ပြည့် အထူး အာရုံစိုက် ကစားဖြစ်တာကြောင့် ဖြစ်တယ်လို့ ဖွင့်ဟသွားပါတယ်။ လီဗာပူးအသင်းဟာ နေမာကို ပုံမှန် စောင့်ကြည့် မေးမြန်းနေတဲ့ ကလပ်အသင်း ၆ သင်းထဲမှာ ပါဝင်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ နေမာရဲ့ အေးဂျင့်ဖြစ်သူကို အပြောင်းအရွှေ့… Continue Reading →
ချယ်ဆီးအသင်းဟာ ဒီတစ်ပတ်ထဲမှာ လိုက်ပ်ဇစ်၊ လိုင်ယွန်အသင်းတို့ထံ ကင်းထောက်များ စေလွှတ်ပြီး တီမို ဝါနာ၊ မိုဆာ ဒမ်ဘီလီတို့ကို စောင့်ကြည့်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြလာပါတယ်။ လိုင်လီကို အနိုင်ယူပြီး ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်သွားတဲ့ ချယ်ဆီးအသင်းဟာ ထိုအဆင့်မှာ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ လိုက်ပ်ဇစ် အသင်းတွေထဲက တစ်သင်းနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။ ဖီဖာရဲ့ အပြောင်းအရွှေ့ ပြစ်ဒဏ်က ကင်းလွတ်ခဲ့ပြီ ဖြစ်တာကြောင့် ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ ကစားသမားသစ်များ ခေါ်ယူနိုင်တော့မှာ… Continue Reading →
အာဆင်နယ် ဘယ်စွန် ခံစစ်မှူး တီရာနေးဟာ တနင်္လာနေ့ည ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ညာဘက် ပခုံး ဒဏ်ရာ ရသွားခဲ့တာကြောင့် ကုသမှု ခံယူရဦးမှာ ဖြစ်ကြောင်း အာဆင်နယ်အသင်းက အတည်ြ့ပု ထားပါတယ်။ အာဆင်နယ်အသင်းဟာ နာပိုလီအသင်းက ထုတ်ပယ်လိုက်ပြီ ဖြစ်တဲ့ ဝါရင့်နည်းပြ အန်ဆယ်လော့တီကို လန်ဒန်ကလပ်အသင်းရဲ့ နည်းပြနေရာ အတွက် ခေါ်ယူရန် ဆက်သွယ်ထားပါတယ်။ အန်ဆယ်လော့တီကို အာဆင်နယ်နည်းတူ အဲဗာတန်ကလည်း ချိတ်ဆက်နေပါတယ်။ ဘယ်လာရင်ကတော့ ညာဘက် တံကောက်ကြော နာကျင်မှု ရှိနေသေးပြီး စတန်းဒက်လိဂ်နဲ့ ပွဲကိုတော့ လွဲချော်မှာ… Continue Reading →
ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အင်္ဂလန်သား ကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆန်ကို လက်ရှိကလပ် လက်စတာအသင်းက သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ပေါ့ဘာဟာ မြက်ခင်းပြင်မှာ ထရိန်နင် ပြန်ဆင်းနေပြီ ဖြစ်ကာ ပထမအသင်းကြီးနဲ့ အတူ ပြန် ပါဝင် ကစားနိုင်ဖို့ နီးစပ်လာပါပြီလို့ သတင်းပါးခဲ့ပါတယ်။ ယူနိုက်တက် ခံစစ်မှူး ဖီးလ်ဂျုံးစ်ဟာ ပြီးခဲ့တဲ့လထဲ ရှက်ဖီးယူနိုက်တက်နဲ့ သရေကျတဲ့ ပွဲနောက်ပိုင်း အသင်း အတွက် ပါဝင် ကစားရခြင်း မရှိသေးပေမယ့် ဂျုံးစ်ဟာ… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑