Month

August 2019

ဥရောပ အကောင်းဆုံး ကစားသမားဆုက ဗန်ဒိုက်ထက် ရိုနယ်ဒိုနဲ့ ပိုတန်ပါတယ် (နက်ဗက်)

Zawgyi – မနေ့ညက ယူအီးအက်ဖ်အေရဲ့ချန်ပီယံလိဂ် မဲခွဲပွဲနဲ့ အကောင်းဆုံး ကစားသမားဆုများ ဆုပေးပွဲမှာ ဥရောပ အကောင်းဆုံး ကစားသမားဆု က လီဗာပူး ခံစစ်မှူး ဗန်ဒိုက် ဆွတ်ခူး ရရှိသွားပါတယ်။ ဗန်ဒိုက်ဟာ နာမည်ကျော်များ ဖြစ်တဲ့ ဂျူဗင်တပ်ကြယ်ပွင့် ရိုနယ်ဒိုနဲ့ ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ် မက်ဆီတို့ကို ကျော်ဖြတ်ပြီး ထို ဆုရခဲ့တာပါ။ ဂျူဗင်တပ် အသင်းရဲ့ ဒုတိယဥက္ကဌဖြစ်သူ နက်ဗက်ကတော့ ဥရောပ အကောင်းဆုံးကစားသမားဆုဟာ ဗန်ဒိုက်ထက် ရိုနယ်ဒိုက ပိုပြီး ထိုက်တန်တယ်လို့ ပြောဆိုခဲ့ပါတယ်။… Continue Reading →

လီဗာပူးပရိသတ်တွေ နှစ်သက်ကြမယ့် UEFA အကောင်းဆုံးဆုရှင် ဗန်ဒိုက်ကို မာနေးရဲ့ သတိပေးမှု

၂၀၁၉ ခုနှစ်အတွက် ယူအီးအက်ဖ်အေက ရွေးချယ်ချီးမြင့်တဲ့ တစ်နှစ်သာအကောင်းဆုံး အမျိုးသား ကစားသမားအတွက် ဗန်ဒိုက်က ဆုရရှိခဲ့ပြီဖြစ်ပါတယ်။ ဆန်ကာတင်စာရင်းဝင် ကမ္ဘာဘောလုံး အကျော်အမော်တွေဖြစ်တဲ့ ဘာစီလိုနာမှ လိုင်ယွန်နယ်မက်ဆီ၊ ဂျူဗင်တပ်မှ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့တာဖြစ်တယ်။ ချန်ပီယံလိဂ်အုပ်စုပွဲ မဲခွဲခြင်း အခမ်းအနားနဲ့အတူ ထုတ်ဖော် ရွေးချယ်ပေးခဲ့ကာ ဂုဏ်ပြုမှု လုပ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အထက်က လူစာရင်းတွေဟာ ယူအီးအက်ဖ်အေ အကောင်းဆုံးဆုမှာကော၊ ဖီဖာအကောင်းဆုံး ကစားသမားဆုမှာပါ ရေပန်းစားနေကြတာဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုနဲ့ ချန်ပီယံလိဂ်အနိုင်ရ လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဆာလက်၊ မာနေး၊… Continue Reading →

ချန်ပီယံလိဂ်၊ ကာရာဘောင်း မဲခွဲမှုတွေအကြောင်းနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးမန်နေဂျာ လမ်းပတ်က ချန်ပီယံလိဂ် ပြိုင်ပွဲဟာ အသင်းအတွက် အရမ်း ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာနိုင်သလို ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတာကြောင့် ကြီးကျယ်တဲ့ ပြိုင်ပွဲကို စိန်မခေါ်နိုင်ဘူး ဆိုတာမျိုး မဖြစ်စေရပါဘူးလို့ အာမခံချက် ပေးလာပါတယ်။ ဘရာဇီးတိုက်စစ်ကစားသမား ကနေဒီဟာ စက်တင်ဘာလ ၂ ရက်နေ့ ဥရောပအပြောင်းအရွှေ့ မပိတ်သိမ်းခင် ချယ်ဆီးအသင်းကနေ ထွက်ခွာရဖို့ ရှိနေပါတယ်။ ယနေ့ ည ၁၀ နာရီခွဲမှာ ပြုလုပ်မယ့် ၂၀၁၉ – ၂၀၂၀ ချန်ပီယံလိဂ် မဲခွဲပွဲမှာ… Continue Reading →

ကလော့ပ်ရဲ့ ချန်ပီယံလိဂ် မှတ်ချက်များ၊ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရတဲ့ ချိန်ဘာလိန်နဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီရာသီ ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲဖို့ဟာ ယခင်ကထက် ပိုမို ခက်ခဲလာလိမ့်မယ်လို့ သတိပေးလိုက်ပြီး ဒီရာသီ ပြိုင်ပွဲဝင် အသင်းတွေဟာ ရူးလောက်စရာ အရည်အသွေးကောင်းတွေ ရှိနေတယ်လို့ ထောက်ပြသွားပါတယ်။ လက်ရှိ ဥရောပချန်ပီယံ လီဗာပူးဟာ မဲအိုး ၁ မှာ ယူရိုပါလိဂ် ချန်ပီယံ ချယ်ဆီး ၊ ပြည်တွင်းအမှတ်ပေးဖလား ချန်ပီယံတွေဖြစ်တဲ့ ဘာစီလိုနာ၊ မန်စီးတီး၊ ပီအက်ဂျီ၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်၊ ဇင်းနစ်တို့နဲ့ အတူ ပါဝင်နေပါတယ်။ သို့ပေမယ့်လည်း မဲအိုး ၂ မှာ… Continue Reading →

ဥရောပဈေးကွက်မှာ ကစားသမား အထွက်စာရင်း များမှုနဲ့အတူ မန်ယူ ညနေခင်းသတင်းများ

မန်ယူခံစစ်မှူး စမောလင်းဟာ စီးရီးအေကလပ် ရိုးမားအသင်းထံ တစ်ရာသီ အငှားဖြင့် သွားရောက်ကစားတော့မှာဖြစ်တယ်။ ကလပ်ဟာ ငှားရမ်းခ ယူရို ၃ သန်း ရရှိမယ်လို့ သိရပါတယ်။ ခံစစ်မှူး ဒါမီယန်းဟာ အမည်မဖော်ပြတဲ့ စီးရီးအေကလပ်ကို ဥရောပဈေးကွက် မပိတ်ခင် ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပါပြီ။ တိုက်စစ်မှူး ဆန်းချက်ကတော့ အင်တာမီလန်ကို အငှားနဲ့ ထွက်ခွာခဲ့ပြီဖြစ်ပြီး ရာသီကုန်မှာ အသင်းထံပြန်လာမှာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာဟာ နိုင်ငံတကာသီးတင်းပတ်အတွက် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်ခံရမယ်လို့ နာမည်ကြီးနေပါတယ်။ ဂိုးသမားလေး ဟန်ဒါဆင်ဟာလည်း ပထမဆုံးအကြိမ်… Continue Reading →

အိုဇေးနဲ့ ကိုက်ညီတဲ့ နံပါတ် ၁၀၊ ဆီးဘယ်လော့ကို အပြီးရနိုင်ခြင်း၊ သက်တမ်းတိုးတော့မယ့် ဂွမ်ဒူဇီနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင်နယ်အသင်းဟာ လူငယ် ကွင်းလယ်ကစားသမား ဂွမ်ဒူဇီ ကို တစ်ပတ်လုပ်ခ ပေါင် ၇ သောင်း ဝန်းကျင် နဲ့ ငါးနှစ်စာချူပ်သစ် သက်တမ်းတိုးဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီမနက် ထွက်ပေါ်လာတဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်များအရ အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ ချန်ပီယံရှစ် ကလပ် နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာပါ။ အာဆင်နယ်ကနေ လိဒ်စ် ယူနိုက်တက်အသင်းထံ အငှားသွားရောက်ကစားနေပြီး… Continue Reading →

ပရီးမီးယားလိဂ်မှာ တစ်ဦးချင်းဖြတ်ကျော်မှုအကောင်းဆုံး ကစားသမား ပီပီနဲ့ ကိုဗာဆစ်

အာဆင်နယ် တိုက်စစ်မှူးသစ် နီကိုလပ်စ်ပီပီဟာ ဂန်းနားတွေနဲ့ အတူ ရာသီသစ်ကို စတင်ချိန်မှာပဲ စံချိန်မှတ်တမ်းကောင်း တစ်ခုကို စတင် ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ ပီပီနဲ့ အတူ ချယ်ဆီး ကွင်းလယ် ကစားသမား ကိုဗာဆစ်ကလည်း ပူးတွဲ ရပ်တည်နေတဲ့ မှတ်တမ်းပါ။ ထို မှတ်တမ်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ အပြီး တစ်ဦးချင်းဖြတ်ကျော်မှု အကောင်းဆုံးကစားသမားစာရင်းမှာ ပီပီနဲ့ ကိုဗာဆစ်က ထိပ်ဆုံးက ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ နာမည်ကြီး ဘောလုံးအချက်အလက် ၀က်ဘ်ဆိုက် Squawka ရဲ့ ထုတ်ပြန်ကြေညာချက်အရ တစ်ဦးချင်း ဖြတ်ကျော်မှု အကောင်းဆုံး… Continue Reading →

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်များအတွက် မိုက်ကယ်အိုဝင်ခန့်မှန်းချက်များ

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်များအတွက် မိုက်ကယ်အိုဝင်ခန့်မှန်းချက်များ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ ဆောက်သမ်တန် Vs မန်ချက်စတာယူနိုက်တက် မန်ယူအသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က ပဲလေ့စ်နဲ့ အိမ်ကွင်း ပွဲစဉ်မှာ ခြေချော်ခဲ့ပါတယ်။ ဆောက်သမ်တန်က မူဆာဂျနပိုဟာ ပြီးခဲ့တဲ့ တစ်ပတ်က Amex ကွင်းမှာ လူစားဝင်လာပြီး ၇၈ စက္ကန့် အကြာမှာပဲ ဂိုးသွင်းခဲ့ပါတယ်။ မာလီလက်ရွေးစင်ကစားသမားဟာနဲ့ ပွဲမှာ ပွဲထွက်ခွင့် မရရင်တော့ အံ့သြစရာ ဖြစ်လာမှာပါ။ မန်ယူက နာက်ဆုံး ကစားခဲ့တဲ့ ကိုးပွဲမှာ ၁ ပွဲသာ အနိုင်… Continue Reading →

မာဖီပြောတဲ့ ဒီနှစ် ချန်ပီယံ၊ လိုဗရန်ကို ပြန်ချဉ်းကပ်လာတဲ့ ရိုးမား၊ ရော်ဘတ်ဆန် မှတ်တမ်းကောင်းနဲ့ လီဗာပူး ညနေခင်းသတင်းများ

ပြီးခဲ့တဲ့ စနေနေ့က လီဗာပူးဟာ အာဆင်နယ် အသင်းကို ပရီးမီးယားလိဂ် မှာ ၃ – ၁ နဲ့ နိုင်ခဲ့ပေမယ့်လည်း ဂန်းနား တို့ဟာ တကယ့်ကို ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းလို့ လီဗာပူး ခံစစ်မှူး ဂျိုရယ်မာတစ် က ပြောဆိုလိုက်ပါတယ်။ မာတစ်ကပဲ – ” ကျွန်တော် ဂိုးတွေ ထပ်ပြီး သွင်းချင် ပါတယ်။ ကျွန်တော် ဂိုးသွင်း နိုင်ခဲ့တာ အရမ်း ကောင်းပါတယ်။ ဒါပေမယ့် ဒါဟာ ရာသီ အစပဲ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!