Month

August 2019

ဘန်လေပွဲကြို ပြောစကား၊ ခန့်မှန်းရလဒ်၊ ရှာကွီရီကိစ္စနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူး တိုက်စစ်သမား ရှာကွီရီဟာ ကလပ်အသင်းမှာ ကစားခွင့်ရဖို့သာ အာရုံစိုက်ချင်တာကြောင့် လာမယ့် နိုင်ငံတကာသီတင်းပတ် နိုင်ငံ အသင်း ဆွစ်ဇာလန်နဲ့ အတူ ယူရို ၂၀၂၀ ခြေစစ်ပွဲ ကစားရမယ့် ပွဲစဉ်များအတွက် ပါဝင်ဖို့ နှုတ်ထွက်ထားတယ်လို့ သိရပါတယ်။ ရှာကွီရီဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များမှာ ပွဲထွက်ကစားခွင့် မရသေးဘဲ ရှိနေပါတယ်။ လီဗာပူးအသင်းကနေ ထွက်ခွာလိုတဲ့ ကိစ္စကြောင့် ဒီတလောမှာ ပြဿနာ အချို့ ရှိနေတဲ့ လူငယ်ကစားသမား ဒန်ကန်နဲ့ ပတ်သတ်ပြီး ကလော့ပ်က ၄င်းတို့ဟာ ဒန်ကန်ကို အမှန်တကယ်… Continue Reading →

ပိုချက်မုန်းတဲ့ ဂန်းနား၊ ရလဒ်ခန့်မှန်းနဲ့ စပါးနဲ့ လန်ဒန်ဒါဘီပွဲကြို အာဆင်နယ် နံနက်ခင်းသတင်းများ

အာဆင်နယ်အသင်းဟာ လာမယ့် ၃-၄ နှစ် အတွင်းမှာပဲ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ပြန်လည် စိန်ခေါ်နိုင်တော့မှာ ဖြစ်ကြောင်း အသင်းခေါင်းဆောင် ဇာခါက ပြောဆိုလိုက်ပါတယ်။ ဒီတလော အမှားအယွင်း ပြုလုပ်ထားမှုတွေ ရှိတဲ့ အာဆင်နယ်ခံစစ်မှူး ဒေးဗစ်လူးဝစ်ကို လာမယ့် ဒါဘီပွဲမှာ သီးသန့် ပစ်မှတ်ထား ကစားသွားမှာ မဟုတ်ကြောင်း စပါးတိုက်စစ်မှူး ကိန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အတွေ့အကြံရှိ ခံစစ်မှူး မူစတာဖီကို ဥရောပ အပြောင်းအရွှေ့ မပိတ်ခင် ရောင်းထုတ်တာမျိုး မပြုလုပ်သင့်ဘဲ အသင်းမှာ ဆက်ထိန်း ထားသင့်တယ်လို့… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၃၁-၈-၂၀၁၉၊ စနေနေ့)

ဒီရက်ပိုင်းမှာတင် ယူနိုက်တက်က လိုအပ်လို့ ခေါ်ယူပါက ပြန်လာဖို့ အသင့်ရှိတယ် ဆိုထားတဲ့ တိုက်စစ်မှူးဟောင်း ဇာလက်တန် အီဗရာဟင် မိုဗစ်ခ်ျကို နည်းပြ ဆိုးရှားက ၄င်းသာ အမှန်တကယ် ဆန္ဒရှိပါက လာဖို့ ဖိတ်ခေါ်ထားတယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းများက ဖော်ပြနေပါတယ်။ ယူနိုက်တက် တောင်ပံတိုက်စစ်မှူးဟောင်း ရိုင်ယန်ဂစ် ယူနိုက်တက် ဆယ်ကျော်သက် တိုက်စစ်သမား မေဆန် ဂရင်းဝုဒ်ရဲ့ ခြေစွမ်းတွေကို မြင်ရတာက အသင်းတိုက်စစ်မှူးဟောင်း ဗန်ပါစီကို ပြန်အမှတ်ရမိစေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားဟာ… Continue Reading →

ဒါမီးယန်း၊ စမောလင်း ထွက်ခွာခြင်း၊ ယူရိုပါလိဂ်ဆိုင်ရာ အခက်အခဲနဲ့ နောက်ဆုံးရ မန်ယူသတင်းများ

ယူနိုက်တက်ခံစစ်မှူး ဒါမီးယန်းဟာ စီးရီးအေကလပ် ပါးမားအသင်းကို တစ်နှစ်အငှားနဲ့ ထွက်ခွာဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ ရာသီကုန် ခေါ်ယူမှုလည်း ပါဝင်နိုင်မယ်လို့ ယူဆရပြီး ယူရို ၁.၅ သန်းတန် အပြီးသတ် အပြောင်းအရွှေ့အတွက် စကားပြောမှုလည်း ရှိနေပါတယ်။ တိုက်စစ်မှူး မာရှယ်တစ်ယောက် ဒါဏ်ရာပြဿနာကြောင့် ဆောက်သမ်တန်နဲ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတာကြောင့် နည်းပြ ဆိုးရှားဟာ ပြင်သစ်သားနေရာမှာ ဝါရင့်ကစားသမား မာတာကို ထည့်သွင်းကစားစေဖို့ စီစဉ်နေပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စု L မှာတော့ ယူနိုက်တက်ဟာ အက်စတာနာ ၊… Continue Reading →

ချန်ပီယံလိဂ် အုပ်စုနဲ့ ကလော့ပ် မှတ်ချက်၊ လိုဗရန်၊ တီမိုဝါနာ၊ အာနိုးတို့နဲ့ လီဗာပူး ညနေခင်းသတင်းများ

Zawgyi – လီဗာပူး အသင်းက ပစ်မှတ်ထားနေတဲ့ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာဟာ အနာဂတ်ကာလမှာ ပြည်ပမှာ ထွက်ကစားဖို့ အစီအစဉ်ရှိ မရှိ မေးမြန်းခံရချိန်မှာ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ် က ချန်ပီယံလိဂ် မှာ လွယ်ကူတဲ့ အုပ်စု ဆိုတာ မရှိဘူးလို့ ဆိုလိုက်ပြီး နာပိုလီ၊ ရက်ဘူးဆဲလ်ဘတ် နဲ့ ဂျန့်တို့လည်း ပါဝင် နေတဲ့ ချန်ပီယံလိဂ် အုပ်စု E ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့အုပ်စု ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။… Continue Reading →

စပါးနဲ့ ပွဲကြို ရှင်းလင်းပွဲ၊ အိုဇေးအတွက် အမ်မရီ အာမခံခြင်း၊ ယူရိုပါအုပ်စုနဲ့ အာဆင်နယ် ညနေခင်းသတင်းများ

ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်များအတွက် မဲခွဲမှု ယနေ့ညနေက ပြုလုပ်သွားရာ အာဆင်နယ်က အုပ်စု F မှာ ဖရန့်ဖတ် ၊ စတန်းဒက်လိဒ် ၊ ဗစ်တိုးရီးယားအသင်းတို့နဲ့ အတူ ကျရောက်နေပါတယ်။ အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီက ကွင်းလယ်ကစားသမား အိုဇေးလ်ကို အပြောင်းအရွှေ့နောက်ဆုံးအချိန်ရောက်မှ ရောင်းချသွားမှာ မဟုတ်ဘူး လို့ အတည်ပြုခဲ့ပါတယ်။ အိုဇေးလ်က ဥရောပ အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် စက်တင်ဘာလ (၂) ရက်နေ့မတိုင်ခင်မှာပဲ အသင်းက ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အမ်မရီက ကစားသမားရဲ့အနာဂတ်အတွက် အာမခံပေးလိုက်တာပါ။ ဂျူဗင်တပ်အသင်းဟာ… Continue Reading →

တိုက်စစ်မှူး အေဘရာဟီမိုဗစ်ကို မန်ယူထံ ပြန်ခေါ်ဖို့ကိစ္စ စကားပြန်လာတဲ့ မန်နေဂျာဆိုးရှား

မန်နေဂျာဆိုးရှားဟာ ယူနိုက်တက်ထံ တိုက်စစ်သမားဟောင်း အေဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူဖို့ မေးခွန်းထုတ်ယူမှုအပေါ် အဖြေပြန်ပေးခဲ့ပါတယ်။ မေဂျာလိဂ်ကလပ် ဂလက်ဆီအသင်းမှာ ကစားနေတဲ့ ဝါရင့်တိုက်စစ်မှူးကြီးက ” ကျွန်တော် ပရီးမီးယားလိဂ်မှာ အလွယ်တကူ အသားကျခဲ့တယ်။ တကယ်လို့ ယူနိုက်တက်က အလိုရှိလာမယ်ဆိုရင်လည်း ကျွန်တော်က အဆင်သင့်ရှိနေဆဲပါ။” လို့ ဒီအပတ်ထဲမှာပဲ ပြောဆိုခဲ့တာပါ။ ယူနိုက်တက်မှာ တိုက်စစ်မှူးရှားပါးနေမှုကြောင့် မိုဗစ်က ကမ်းလှမ်းမှုကို တံခါးဖွင့်ပေးရာက ဆိုးရှားအား မီဒီယာတွေက မေးခွန်းထုတ်ခဲ့ကြတာဖြစ်တယ်။ ဒီနှစ်အကုန်မှာ မေဂျာလိဂ်ကလပ်နဲ့ သက်တမ်းကုန်မယ့် မိုဗစ်ကို ယူနိုက်တက်က ခေါ်ယူခွင့်ရှိမှာလည်းဖြစ်တယ်။ ဒါပေမယ့် မန်နေဂျာဆိုးရှားကတော့… Continue Reading →

UEFA အကောင်းဆုံးကစားသမားဆုမှာ မာနေး၊ ဆာလက်တို့ အဆင့်ဘယ်လောက်မှာ ရပ်တည်ခဲ့သလဲ

မနေ့က ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမှုမှာပဲ ၂၀၁၉ ခုနှစ်ရဲ့ UEFA အကောင်းဆုံးကစားသမားဆုကို လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဆန်ကာတင် နောက်ဆုံး သုံးဦးစာရင်းမှာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အပြိုင် ဗန်ဒိုက် ပါဝင်ခဲ့ပြီး ဆုကိုတော့ ပြိုင်ဘက်အသင်းသားတွေကို ကျော်ဖြတ်ရရှိခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်ရဲ့ ဥရောပအကောင်းဆုံး ကစားသမားဆုအတွက် ထိပ်ဆုံးစာရင်းတွေမှာ ပါဝင်ခဲ့သူက ဗန်ဒိုက်တစ်ဦးတည်း မဟုတ်ပါဘူး။ ဆန်ကာတင်စာရင်းမတင်ခင် အကြို ၁၀ ဦးစာရင်းမှာတော့ လီဗာပူးအသင်းသားတွေဖြစ်တဲ့ အယ်လီဆန်၊ မာနေး၊ ဆာလက်တို့လည်း ပါဝင်ခဲ့ကြသေးတာဖြစ်တယ်။ မဲပေးမှုရလဒ်တွေအရ ဗန်ဒိုက်က အများဆုံးနဲ့… Continue Reading →

အူဘာ-လာကာ-ပီပီ သုံးယောက်တိုက်စစ်အတွဲနဲ့ လန်ဒန်ဒါဘီ ပွဲကြမ်းဖို့ အမ်မရီ ကြံရွယ်နေ

Zawgyi – အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီဟာ အသင်း တိုက်စစ်သုံးယောက်ဖြစ်တဲ့ ပေါင် သန်း ၁၈၀ တန်ကြေးရှိ အူဘာမီယန်း၊ လာကာဇက်တီနဲ့ နစ်ကိုးလပ်စ် ပီပီတို့ကို ဒီတပတ် စပါးနဲ့ လန်ဒန် ဒါဘီ ပွဲစဉ်မှာ တစ်ပြိုင်နက်တည်း ပွဲထွက် အသုံးပြုဖို့ ကြံရွယ်နေပါတယ်။ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီဟာ အသေးစား ဒဏ်ရာတစ်ခုကြောင့် ပြီးခဲ့တဲ့အပတ် လီဗာပူးနဲ့ ပွဲစဉ်ကို ပွဲထွက်ခွင့်မရခဲ့ပါဘူး။ ဒီတပတ် မှာတော့ အမ်မရီက အဆိုပါ တိုက်စစ်ကစားသမား ၃ ဦးစလုံးကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!