ယူႏုိက္တက္ခံစစ္မွဴး ဒါမီးယန္းဟာ စီးရီးေအကလပ္ ပါးမားအသင္းကို တစ္ႏွစ္အငွားနဲ႔ ထြက္ခြာဖို႔ သေဘာတူညီမႈ ရခဲ့ပါျပီ။ ရာသီကုန္ ေခၚယူမႈလည္း ပါဝင္ႏုိင္မယ္လုိ႔ ယူဆရျပီး ယူရို ၁.၅ သန္းတန္ အျပီးသတ္ အေျပာင္းအေရႊ႔အတြက္ စကားေျပာမႈလည္း ရွိေနပါတယ္။

တိုက္စစ္မွဴး မာရွယ္တစ္ေယာက္ ဒါဏ္ရာျပႆနာေၾကာင့္ ေဆာက္သမ္တန္နဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ရွိေနတာေၾကာင့္ နည္းျပ ဆိုးရွားဟာ ျပင္သစ္သားေနရာမွာ ဝါရင့္ကစားသမား မာတာကို ထည့္သြင္းကစားေစဖို႔ စီစဥ္ေနပါတယ္။

ယူရိုပါလိဂ္ျပိဳင္ပြဲ အုပ္စု L မွာေတာ့ ယူႏိုက္တက္ဟာ အက္စတာနာ ၊ ပါတီဇန္ ၊ အယ္ခမာ တို႔နဲ႔အတူ က်ေရာက္ေနပါတယ္။ ယူႏုိက္တက္အတြက္ေတာ့ ခရီးပန္းႏုိင္တဲ့ အကြာအေဝးေတြ ပါေနတယ္လုိ႔ သိရပါတယ္။

ယူနိုက္တက္ရဲ့ ဗဟိုခံစစ္မွဴး ခရစ္ စေမာလင္းဟာ အီတလီကလပ္ ရိုးမား အသင္းဆီ တစ္ရာသီ အငွားနဲ့ အတည္ျပဳ ေရာက္ရွိသြားခဲ့ျပီျဖစ္ပါတယ္။ ရာသီကုန္ အျပီးသတ္ ေခၚယူခြင့္ မပါခဲ့ေပမယ့္ ငွားရမ္းခေတာ့ ရရွိမွာပါ။

ယူနုိက္တက္ နည္းျပ ဆုိးရွားက ဇလာတန္ အေျပာင္းအေရႊ႔ျဖစ္ဖုိ႔ ခက္ခဲေပမယ့္ ကစားသမားအေနနဲ့ ယူနုိက္တက္ဆီ ေျပာင္းေရႊ့ဖုိ့ အမွန္တစ္ကယ္ စိတ္ဝင္စားပါက သူ့ဆီ ဖုန္းဆက္လို့ ရနုိင္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းရဲ့ ဗဟိုခံစစ္ကစားသမား ျဖစ္တဲ့ ဂ်ာရတ္ ပီေကးက အသင္းေဟာင္း မန္ခ်က္စတာ ယူနုိက္တက္တုိ့ ဒီေႏြမွာ စံခ်ိန္တင္ ေျပာင္းေရႊ့ေၾကးနဲ့ ေခၚယူထားခဲ့တဲ့ ေနာက္ခံကစားသမားသစ္ ဟယ္ရီ မက္ဂြားယားက အသင္းကို ပရီးမီးယားလိဂ္ဖလား ျပန္လည္ဆြတ္ခူးနုိင္ေအာင္ ကူညီေပးနုိင္လိမ့္မယ္လို့ ေမွ်ာ္လင့္ေနပါတယ္။

ရီးယဲ မက္ဒရစ္ အသင္း ရဲ့ ပစ္မွတ္ ကစားသမား တစ္ဦး ျဖစ္ေန ေပမယ့္ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ ဟာ အသင္း မွာပဲ ဆက္လက္ ရွိေန လိမ့္မယ္ လို့ ယံုၾကည္ေၾကာင္း သရဲနီ ဘယ္ ေနာက္ခံလူ ေဟာင္း ပတ္ထရစ္ အီဗရာ က သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

နည္းျပ ဆိုးရွားဟာ သူပထမဆုံး ကိုင္တြယ္ခဲ့တဲ့ ၿပိဳင္ပြဲစုံ ၃၂ ပြဲမွာ ႏိုင္ပြဲရာခိုင္ႏႈန္း ၅၃.၁ ရာခိုင္ႏႈန္းသာ ရွိခဲ့ၿပီး မိုယက္စ္၊ ေမာ္ရင္ဟိုတို႔ထက္ အႏိုင္ႏႈန္း နည္းပါးေနခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္အတြင္း အခ်က္အလက္ေတြမွာလည္း ဆိုးရွားရဲ႕ အႏိုင္ႏႈန္းက ၄၈.၃ ရာခိုင္ႏႈန္းသာရွိတယ္လို႔ သိရပါတယ္။

UNICODE

ယူနိုက်တက်ခံစစ်မှူး ဒါမီးယန်းဟာ စီးရီးအေကလပ် ပါးမားအသင်းကို တစ်နှစ်အငှားနဲ့ ထွက်ခွာဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ ရာသီကုန် ခေါ်ယူမှုလည်း ပါဝင်နိုင်မယ်လို့ ယူဆရပြီး ယူရို ၁.၅ သန်းတန် အပြီးသတ် အပြောင်းအရွှေ့အတွက် စကားပြောမှုလည်း ရှိနေပါတယ်။

တိုက်စစ်မှူး မာရှယ်တစ်ယောက် ဒါဏ်ရာပြဿနာကြောင့် ဆောက်သမ်တန်နဲ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတာကြောင့် နည်းပြ ဆိုးရှားဟာ ပြင်သစ်သားနေရာမှာ ဝါရင့်ကစားသမား မာတာကို ထည့်သွင်းကစားစေဖို့ စီစဉ်နေပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စု L မှာတော့ ယူနိုက်တက်ဟာ အက်စတာနာ ၊ ပါတီဇန် ၊ အယ်ခမာ တို့နဲ့အတူ ကျရောက်နေပါတယ်။ ယူနိုက်တက်အတွက်တော့ ခရီးပန်းနိုင်တဲ့ အကွာအဝေးတွေ ပါနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ခရစ် စမောလင်းဟာ အီတလီကလပ် ရိုးမား အသင်းဆီ တစ်ရာသီ အငှားနဲ့ အတည်ပြု ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ရာသီကုန် အပြီးသတ် ခေါ်ယူခွင့် မပါခဲ့ပေမယ့် ငှားရမ်းခတော့ ရရှိမှာပါ။

ယူနိုက်တက် နည်းပြ ဆိုးရှားက ဇလာတန် အပြောင်းအရွှေ့ဖြစ်ဖို့ ခက်ခဲပေမယ့် ကစားသမားအနေနဲ့ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အမှန်တစ်ကယ် စိတ်ဝင်စားပါက သူ့ဆီ ဖုန်းဆက်လို့ ရနိုင်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဗဟိုခံစစ်ကစားသမား ဖြစ်တဲ့ ဂျာရတ် ပီကေးက အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်တို့ ဒီနွေမှာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ နောက်ခံကစားသမားသစ် ဟယ်ရီ မက်ဂွားယားက အသင်းကို ပရီးမီးယားလိဂ်ဖလား ပြန်လည်ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ရီးယဲ မက်ဒရစ် အသင်း ရဲ့ ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်နေ ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ အသင်း မှာပဲ ဆက်လက် ရှိနေ လိမ့်မယ် လို့ ယုံကြည်ကြောင်း သရဲနီ ဘယ် နောက်ခံလူ ဟောင်း ပတ်ထရစ် အီဗရာ က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

နည်းပြ ဆိုးရှားဟာ သူပထမဆုံး ကိုင်တွယ်ခဲ့တဲ့ ပြိုင်ပွဲစုံ ၃၂ ပွဲမှာ နိုင်ပွဲရာခိုင်နှုန်း ၅၃.၁ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး မိုယက်စ်၊ မော်ရင်ဟိုတို့ထက် အနိုင်နှုန်း နည်းပါးနေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အချက်အလက်တွေမှာလည်း ဆိုးရှားရဲ့ အနိုင်နှုန်းက ၄၈.၃ ရာခိုင်နှုန်းသာရှိတယ်လို့ သိရပါတယ်။