Zawgyi – လီဗာပူး အသင္းက ပစ္မွတ္ထားေနတဲ့ လိုက္ပ္ဇစ္အသင္း တုိက္စစ္မွဴး တီမို၀ါနာဟာ အနာဂတ္ကာလမွာ ျပည္ပမွာ ထြက္ကစားဖို႔ အစီအစဥ္ရွိ မရွိ ေမးျမန္းခံရခ်ိန္မွာ ေျဖဆိုဖို႔ ျငင္းဆန္ခဲ့ပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ က ခ်န္ပီယံလိဂ္ မွာ လြယ္ကူတဲ့ အုပ္စု ဆုိတာ မရွိဘူးလို႕ ဆိုလိုက္ျပီး နာပိုလီ၊ ရက္ဘူးဆဲလ္ဘတ္ နဲ႕ ဂ်န္႕တုိ႕လည္း ပါ၀င္ ေနတဲ့ ခ်န္ပီယံလိဂ္ အုပ္စု E ဟာ စိတ္၀င္စားဖို႕ ေကာင္းတဲ့အုပ္စု ျဖစ္တယ္လို႕ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ဗန္ဒိုက္ တစ္ႏွစ္တာ အေကာင္းဆံုးကစားသမား ဆုရခဲ့တဲ့ အေပၚ ကေလာ့ပ္က “ဒါဟာ လီဗာပူး တစ္သင္းလံုးရဲ႕ ေအာင္ျမင္မူပါပဲ၊ က်ေနာ္တို႔ အသင္းကုိယ္စား သူ႔ကို ဆုယူဖို႔ လႊတ္လိုက္တာပါ၊ တိုက္စစ္သမားေတြ ဂိုးေတြသြင္းယူဖို႔ အေရးၾကီးတယ္ဆိုေပမယ္႔ ေနာက္ခံလူ ဟာလည္း ဂိုး မေပးရဖို႔ အဆင္သင္႔ျပင္ဆင္ လုပ္ေဆာင္ရမွာပါ၊ ဗန္ဒိုက္ဟာ အျမဲတမ္း အဆင္သင္႔ျဖစ္ေနတဲ႔ ထူးခြ်န္တဲ႔ ခံစစ္မွဴးတစ္ဦးျဖစ္ပါတယ္ ” လို႔ မွတ္ခ်က္ျပဳသြားခဲ႔ပါတယ္။

လီဗာပူးအသင္းဟာ ခံစစ္မွဴး လိုဗရန္အတြက္ ရိုးမားအသင္းရဲ႕ ကမ္းလွမ္းမႈကုိ ပယ္ခ်ခ့ဲပါတယ္။ ရုိးမားအသင္းဟာ လုိဗရန္ကုိ အငွားနဲ႔ တစ္ရာသီအရင္ေခၚၿပီး အ့ဲဒီေနာက္မွာေတာ့ အၿပီးသတ္ေခၚယူခြင့္အတြက္ ကမ္းလွမ္းခ့ဲတာပါ။ ရိုးမားက ဂ်ဴဗင္တပ္အသင္း ခံစစ္မွဴး ရူဂါနီကုိ ေခၚယူဖုိ႔ ကမ္းလွမ္းခ့ဲတာလည္း ပယ္ခ်ခံခ့ဲထားရပါတယ္။

အယ္လီဆန္ မကစားနိုင္ခ်ိန္ ပြဲထြက္ ဂိုးသမားေနရာ တာ၀န္ယူထားတဲ့ အက္ဒရီယန္က လီဗာပူးအသင္း နည္းျပ ယာဂင္ကေလာ့ပ္ နဲ႕ သူ႕ကစားသမား ေတြရဲ႕ ဆက္ဆံေရးဟာ မယံုၾကည္နိုင္ေလာက္ေအာင္ အေကာင္းဆံုး အေနအထား ရွိေနတယ္လို႕ ေျပာဆိုခဲ့ပါတယ္။

အဂၤလန္လက္ေရြးစင္အသင္း နည္းျပ ဂါရက္ေဆာက္ဂိတ္က သူဟာ ထရန္႔ အလက္ဇန္းဒါး အာႏုိးအတြက္ လမ္းေၾကာင္းတစ္ခု ဖန္တီးေပးဖို႕ ဘူေဂးရီးယား၊ ကိုဆုိဗို တုိ႕နဲ႕ ေျခစစ္ပြဲေတြမွာ မန္စီးတီးခံစစ္မွဴး ေ၀ၚကာကုိ မေရြးခ်ယ္ခဲ့တာ ျဖစ္တယ္လို႕ ၀န္ခံ သြားပါတယ္။

လီဗာပူး ကစားသမားေဟာင္း မန္စီးတီး ေတာင္ပံ တုိက္စစ္ကစားသမား ရာဟင္စတားလင္းက ဥေရာပ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကို ဆြတ္ခူးႏုိင္တဲ့ လီဗာပူးခံစစ္မွဴး ဗန္ဒုိက္ကုိ ဂုဏ္ျပဳစကား ေျပာၾကားခဲ့ပါတယ္။

Unicode –

လီဗာပူး အသင်းက ပစ်မှတ်ထားနေတဲ့ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး တီမို ဝါနာဟာ အနာဂတ်ကာလမှာ ပြည်ပမှာ ထွက်ကစားဖို့ အစီအစဉ်ရှိ မရှိ မေးမြန်းခံရချိန်မှာ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ် က ချန်ပီယံလိဂ် မှာ လွယ်ကူတဲ့ အုပ်စု ဆိုတာ မရှိဘူးလို့ ဆိုလိုက်ပြီး နာပိုလီ၊ ရက်ဘူးဆဲလ်ဘတ် နဲ့ ဂျန့်တို့လည်း ပါဝင် နေတဲ့ ချန်ပီယံလိဂ် အုပ်စု E ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့အုပ်စု ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဗန်ဒိုက် တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုရခဲ့တဲ့ အပေါ် ကလော့ပ်က “ဒါဟာ လီဗာပူး တစ်သင်းလုံးရဲ့ အောင်မြင်မူပါပဲ၊ ကျနော်တို့ အသင်းကိုယ်စား သူ့ကို ဆုယူဖို့ လွှတ်လိုက်တာပါ၊ တိုက်စစ်သမားတွေ ဂိုးတွေသွင်းယူဖို့ အရေးကြီးတယ်ဆိုပေမယ့် နောက်ခံလူ ဟာလည်း ဂိုး မပေးရဖို့ အဆင်သင့်ပြင်ဆင် လုပ်ဆောင်ရမှာပါ၊ ဗန်ဒိုက်ဟာ အမြဲတမ်း အဆင်သင့်ဖြစ်နေတဲ့ ထူးချွန်တဲ့ ခံစစ်မှူးတစ်ဦးဖြစ်ပါတယ် ” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်မှူး လိုဗရန်အတွက် ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ရိုးမားအသင်းဟာ လိုဗရန်ကို အငှားနဲ့ တစ်ရာသီအရင်ခေါ်ပြီး အဲ့ဒီနောက်မှာတော့ အပြီးသတ်ခေါ်ယူခွင့်အတွက် ကမ်းလှမ်းခဲ့တာပါ။ ရိုးမားက ဂျူဗင်တပ်အသင်း ခံစစ်မှူး ရူဂါနီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာလည်း ပယ်ချခံခဲ့ထားရပါတယ်။

အယ်လီဆန် မကစားနိုင်ချိန် ပွဲထွက် ဂိုးသမားနေရာ တာဝန်ယူထားတဲ့ အက်ဒရီယန်က လီဗာပူးအသင်း နည်းပြ ယာဂင်ကလော့ပ် နဲ့ သူ့ကစားသမား တွေရဲ့ ဆက်ဆံရေးဟာ မယုံကြည်နိုင်လောက်အောင် အကောင်းဆုံး အနေအထား ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြ ဂါရက်ဆောက်ဂိတ်က သူဟာ ထရန့် အလက်ဇန်းဒါး အာနိုးအတွက် လမ်းကြောင်းတစ်ခု ဖန်တီးပေးဖို့ ဘူဂေးရီးယား၊ ကိုဆိုဗို တို့နဲ့ ခြေစစ်ပွဲတွေမှာ မန်စီးတီးခံစစ်မှူး ဝေါ်ကာကို မရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဝန်ခံ သွားပါတယ်။

လီဗာပူး ကစားသမားဟောင်း မန်စီးတီး တောင်ပံ တိုက်စစ်ကစားသမား ရာဟင်စတားလင်းက ဥရောပ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်တဲ့ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။