ဒီရက္ပိုင္းမွာတင္ ယူနိုက္တက္က လိုအပ္လို႔ ေခၚယူပါက ျပန္လာဖို႔ အသင့္ရွိတယ္ ဆိုထားတဲ့ တိုက္စစ္မွဴးေဟာင္း ဇာလက္တန္ အီဗရာဟင္ မိုဗစ္ခ်္ကို နည္းျပ ဆိုးရွားက ၄င္းသာ အမွန္တကယ္ ဆႏၵရွိပါက လာဖို႔ ဖိတ္ေခၚထားတယ္လို႔ မန္ခ်က္စတာ အေျခစိုက္ သတင္းမ်ားက ေဖာ္ျပေနပါတယ္။

ယူနိုက္တက္ ေတာင္ပံတိုက္စစ္မွဴးေဟာင္း ရိုင္ယန္ဂစ္ ယူနိုက္တက္ ဆယ္ေက်ာ္သက္ တိုက္စစ္သမား ေမဆန္ ဂရင္း၀ုဒ္ရဲ႕ ေျခစြမ္းေတြကို ျမင္ရတာက အသင္းတိုက္စစ္မွဴးေဟာင္း ဗန္ပါစီကို ျပန္အမွတ္ရမိေစေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ ခံစစ္မွဴး မက္ဂြဲရားဟာ တခ်ိန္က အသင္းနာမည္ေက်ာ္ ခံစစ္မဴွး ရီယိုဖာဒီနန္ကဲ့သို႔ ကလပ္အသင္းအတြက္ အေရးပါတဲ့ ကစားသမား ျဖစ္လာနုိင္ေၾကာင္း ဘာစီလိုနာကစားသမား ပီေကးက မွတ္ခ်က္ျပဳလုိက္ပါတယ္။ ပီေကးဟာ ဘာစီလိုနာမေရာက္ခင္ ယူနိုက္တက္မွာ ကစားသြားခဲ့ဖူးသူပါ။

ယူရိုပါလိဂ္ အုပ္စုပြဲစဥ္မ်ား ထြက္ေပၚလာရာ မန္ယူအသင္းက အက္စတာနာ ၊ ပါတီဇန္ ၊ အယ္ခမာ အသင္းတို႔နဲ႕ တစ္အုပ္စုတည္း က်ေရာက္ေနျပီး အုပ္စုပြဲစဥ္မ်ား အတြက္ ခရီးမိုင္ ၈၀၀၀ ေလာက္ ခရီးသြားရဖို႔ ရွိေနပါတယ္။

မန္ယူခံစစ္မွဴး ဒါမီယန္းက စီးရီးေအကလပ္ ပါးမားအသင္းထံ ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။ ဆန္းခ်က္ ကေတာ့ အသင္းသစ္ အင္တာမီလန္ကို ေရာက္ေရာက္ခ်င္းမွာပဲ ေလ့က်င့္ခန္း စဆင္းခဲ့ၿပီး ယခုတစ္ပတ္မွာတင္ အင္တာရဲ႕အရန္ စာရင္းကေန ပါ၀င္လာဖြယ္ ရွိပါတယ္။

မန္ခ်က္စတာ ယူႏုိက္တက္ လူငယ္ တုိက္စစ္မႈးေလး ေမဆင္ဂရင္း၀ုဒ္ဟာ အဂၤလန္ ယူ-၂၁ အသင္း အတြက္ ပထမဆံုး အႀကိမ္ ေရြးခ်ယ္ ေခၚယူျခင္းခံခဲ့ရပါတယ္။

ဥေရာပထိပ္သီး အသင္းေတြဟာ ခ်န္ပီယံလိဂ္ကို အသင္းေပါင္း ၉၆ သင္း အထိ ပါ၀င္ ယွဥ္ၿပဳိင္တဲ့ ၾကီးမားတဲ့ ၿပဳိင္ပြဲ ျဖစ္လာေအာင္ ေဆြးေႏြးေနၾကၿပီး အဂၤလန္က ေလးသင္းမဟုတ္ပဲ ၆ သင္း အထိ ပါ၀င္ခြင့္ရရွိမယ့္ အခ်က္လည္း ပါ၀င္ေနတယ္လို႔ သိရပါတယ္။

ယူႏုိက္တက္ ယူ-၂၃ အသင္းက ဝက္ဟမ္း ယူ-၂၃ အသင္းနဲ႔ ရင္ဆုိင္ကစားတဲ့ပြဲမွာ ၂-၂ သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။

UNICODE

ဒီရက်ပိုင်းမှာတင် ယူနိုက်တက်က လိုအပ်လို့ ခေါ်ယူပါက ပြန်လာဖို့ အသင့်ရှိတယ် ဆိုထားတဲ့ တိုက်စစ်မှူးဟောင်း ဇာလက်တန် အီဗရာဟင် မိုဗစ်ချ်ကို နည်းပြ ဆိုးရှားက ၎င်းသာ အမှန်တကယ် ဆန္ဒရှိပါက လာဖို့ ဖိတ်ခေါ်ထားတယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းများက ဖော်ပြနေပါတယ်။

ယူနိုက်တက် တောင်ပံတိုက်စစ်မှူးဟောင်း ရိုင်ယန်ဂစ် ယူနိုက်တက် ဆယ်ကျော်သက် တိုက်စစ်သမား မေဆန် ဂရင်းဝုဒ်ရဲ့ ခြေစွမ်းတွေကို မြင်ရတာက အသင်းတိုက်စစ်မှူးဟောင်း ဗန်ပါစီကို ပြန်အမှတ်ရမိစေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားဟာ တချိန်က အသင်းနာမည်ကျော် ခံစစ်မူှး ရီယိုဖာဒီနန်ကဲ့သို့ ကလပ်အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်ကြောင်း ဘာစီလိုနာကစားသမား ပီကေးက မှတ်ချက်ပြုလိုက်ပါတယ်။ ပီကေးဟာ ဘာစီလိုနာမရောက်ခင် ယူနိုက်တက်မှာ ကစားသွားခဲ့ဖူးသူပါ။

ယူရိုပါလိဂ် အုပ်စုပွဲစဉ်များ ထွက်ပေါ်လာရာ မန်ယူအသင်းက အက်စတာနာ ၊ ပါတီဇန် ၊ အယ်ခမာ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပွဲစဉ်များ အတွက် ခရီးမိုင် ၈၀၀၀ လောက် ခရီးသွားရဖို့ ရှိနေပါတယ်။

မန်ယူခံစစ်မှူး ဒါမီယန်းက စီးရီးအေကလပ် ပါးမားအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဆန်းချက် ကတော့ အသင်းသစ် အင်တာမီလန်ကို ရောက်ရောက်ချင်းမှာပဲ လေ့ကျင့်ခန်း စဆင်းခဲ့ပြီး ယခုတစ်ပတ်မှာတင် အင်တာရဲ့အရန် စာရင်းကနေ ပါဝင်လာဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် လူငယ် တိုက်စစ်မှုးလေး မေဆင်ဂရင်းဝုဒ်ဟာ အင်္ဂလန် ယူ-၂၁ အသင်း အတွက် ပထမဆုံး အကြိမ် ရွေးချယ် ခေါ်ယူခြင်းခံခဲ့ရပါတယ်။

ဥရောပထိပ်သီး အသင်းတွေဟာ ချန်ပီယံလိဂ်ကို အသင်းပေါင်း ၉၆ သင်း အထိ ပါဝင် ယှဉ်ပြိုင်တဲ့ ကြီးမားတဲ့ ပြိုင်ပွဲ ဖြစ်လာအောင် ဆွေးနွေးနေကြပြီး အင်္ဂလန်က လေးသင်းမဟုတ်ပဲ ၆ သင်း အထိ ပါဝင်ခွင့်ရရှိမယ့် အချက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် ယူ-၂၃ အသင်းက ဝက်ဟမ်း ယူ-၂၃ အသင်းနဲ့ ရင်ဆိုင်ကစားတဲ့ပွဲမှာ ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။