အာဆင္နယ္အသင္းဟာ လာမယ့္ ၃-၄ နွစ္ အတြင္းမွာပဲ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို ျပန္လည္ စိန္ေခၚနုိင္ေတာ့မွာ ျဖစ္ေၾကာင္း အသင္းေခါင္းေဆာင္ ဇာခါက ေျပာဆိုလိုက္ပါတယ္။

ဒီတေလာ အမွားအယြင္း ျပဳလုပ္ထားမႈေတြ ရွိတဲ့ အာဆင္နယ္ခံစစ္မွဴး ေဒးဗစ္လူး၀စ္ကို လာမယ့္ ဒါဘီပြဲမွာ သီးသန္႔ ပစ္မွတ္ထား ကစားသြားမွာ မဟုတ္ေၾကာင္း စပါးတိုက္စစ္မွဴး ကိန္းက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ အေတြ႔အၾကံရွိ ခံစစ္မွဴး မူစတာဖီကို ဥေရာပ အေျပာင္းအေရႊ႕ မပိတ္ခင္ ေရာင္းထုတ္တာမ်ိဳး မျပဳလုပ္သင့္ဘဲ အသင္းမွာ ဆက္ထိန္း ထားသင့္တယ္လို႔ ESPN မွ သံုးသပ္သူ Shaka Hislop က သတိေပးလိုက္ပါတယ္။

ယူရိုပါလိဂ္ အုပ္စုပြဲစဥ္မ်ား ထြက္ေပၚလာရာ အာဆင္နယ္က ဖရန္႔ဖတ္ ၊ စတန္းဒက္လိဒ္ ၊ ဗစ္တိုးရီးယားအသင္းတို႔နဲ႕ တစ္အုပ္စုတည္း က်ေရာက္ေနျပီး အုပ္စုပြဲစဥ္မ်ား အတြက္ ခရီးမိုင္ ၁၄၀၀ မွ်သာ ခရီးသြားရမွာ ျဖစ္ျပီး မန္ခ်က္စတာ ယူနိုက္တက္ဟာ မိုင္ ၈၀၀၀ ေလာက္ ခရီးသြားရဖို႔ ရွိေနပါတယ္။

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ မွာေတာ့ စိတ္လွဳပ္ရွားစရာ အေကာင္းဆံုး ပြဲစဥ္ အျဖစ္ တနဂၤေႏြေန႕မွာ အာဆင္နယ္ နဲ႕ ေတာ့တင္ဟမ္ တုိ႕ရဲ႕ ေျမာက္လန္ဒန္ဒါဘီ ပြဲစဥ္ ယွဥ္ျပိဳင္ရဖို႔ ရွိေနပါတယ္။ ပရီးမီးယားလိဂ္ ေဘာလံုးသံုးသပ္သူ ေရာ္ဘီဆားေဗ့ခ်္ကေတာ့ အာဆင္နယ္ ၂ – ၂ ေတာ့တင္ဟမ္ ရလဒ္ ထြက္ေပၚမယ္လို႔ ခန္႔မွန္းပါတယ္။

လန္ဒန္ဒါဘီပြဲမတိုင္မွီ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ စပါး အသင္း နည္းၿပ ပိုခ်က္တီနိုဟာ သူတို႔ အသင္းကို မၾကာခဏ ဆိုသလို ႏွိပ္ကြပ္ ေျပာဆိုေလ့ရွိတဲ့ ဂန္းနား ကစားသမားေဟာင္း ေပါလ္မာဆင္နဲ႔ ၿပိဳင္ဘက္ အျဖစ္ ေဘာလုံး ယွဥ္ကစားခ်င္ေၾကာင္း စိန္ေခၚလိုက္ၿပီး ကြင္းထဲမွာ သူ႔ကို ကန္ပစ္မယ္လို႔ အရႊန္းေဖာက္ သြားခဲ့ပါတယ္။

ယူရိုပါလိဂ္ မဲခြဲပြဲအျပီး အာဆင္နယ္ဟာ အသင္းဟာ အုပ္စု ပထမရဖို႔ ေရပန္းစားေနေပမယ့္ ဂ်ာမနီ နဲ႔ ေပၚတူဂီ မွာ သြားကစားရမယ့္ အေဝးကြင္းပြဲေတြမွာ ေပါ့ဆလို႔ မရဘူးလို႔ သံုးသပ္မႈေတြ ထြက္ေပၚေနပါတယ္။

UNICODE

အာဆင်နယ်အသင်းဟာ လာမယ့် ၃-၄ နှစ် အတွင်းမှာပဲ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ပြန်လည် စိန်ခေါ်နိုင်တော့မှာ ဖြစ်ကြောင်း အသင်းခေါင်းဆောင် ဇာခါက ပြောဆိုလိုက်ပါတယ်။

ဒီတလော အမှားအယွင်း ပြုလုပ်ထားမှုတွေ ရှိတဲ့ အာဆင်နယ်ခံစစ်မှူး ဒေးဗစ်လူးဝစ်ကို လာမယ့် ဒါဘီပွဲမှာ သီးသန့် ပစ်မှတ်ထား ကစားသွားမှာ မဟုတ်ကြောင်း စပါးတိုက်စစ်မှူး ကိန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ အတွေ့အကြံရှိ ခံစစ်မှူး မူစတာဖီကို ဥရောပ အပြောင်းအရွှေ့ မပိတ်ခင် ရောင်းထုတ်တာမျိုး မပြုလုပ်သင့်ဘဲ အသင်းမှာ ဆက်ထိန်း ထားသင့်တယ်လို့ ESPN မှ သုံးသပ်သူ Shaka Hislop က သတိပေးလိုက်ပါတယ်။

ယူရိုပါလိဂ် အုပ်စုပွဲစဉ်များ ထွက်ပေါ်လာရာ အာဆင်နယ်က ဖရန့်ဖတ် ၊ စတန်းဒက်လိဒ် ၊ ဗစ်တိုးရီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပွဲစဉ်များ အတွက် ခရီးမိုင် ၁၄၀၀ မျှသာ ခရီးသွားရမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ မိုင် ၈၀၀၀ လောက် ခရီးသွားရဖို့ ရှိနေပါတယ်။

ဒီတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ် အဖြစ် တနင်္ဂနွေနေ့မှာ အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ရဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးသုံးသပ်သူ ရော်ဘီဆားဗေ့ချ်ကတော့ အာဆင်နယ် ၂ – ၂ တော့တင်ဟမ် ရလဒ် ထွက်ပေါ်မယ်လို့ ခန့်မှန်းပါတယ်။

လန်ဒန်ဒါဘီပွဲမတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ စပါး အသင်း နည်းပြ ပိုချက်တီနိုဟာ သူတို့ အသင်းကို မကြာခဏ ဆိုသလို နှိပ်ကွပ် ပြောဆိုလေ့ရှိတဲ့ ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆင်နဲ့ ပြိုင်ဘက် အဖြစ် ဘောလုံး ယှဉ်ကစားချင်ကြောင်း စိန်ခေါ်လိုက်ပြီး ကွင်းထဲမှာ သူ့ကို ကန်ပစ်မယ်လို့ အရွှန်းဖောက် သွားခဲ့ပါတယ်။

ယူရိုပါလိဂ် မဲခွဲပွဲအပြီး အာဆင်နယ်ဟာ အသင်းဟာ အုပ်စု ပထမရဖို့ ရေပန်းစားနေပေမယ့် ဂျာမနီ နဲ့ ပေါ်တူဂီ မှာ သွားကစားရမယ့် အဝေးကွင်းပွဲတွေမှာ ပေါ့ဆလို့ မရဘူးလို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။