လီဗာပူး တိုက္စစ္သမား ရွာကြီရီဟာ ကလပ္အသင္းမွာ ကစားခြင့္ရဖို႔သာ အာရံုစိုက္ခ်င္တာေၾကာင့္ လာမယ့္ နိုင္ငံတကာသီတင္းပတ္ နုိင္ငံ အသင္း ဆြစ္ဇာလန္နဲ႕ အတူ ယူရို ၂၀၂၀ ေျခစစ္ပြဲ ကစားရမယ့္ ပြဲစဥ္မ်ားအတြက္ ပါ၀င္ဖို႔ နႈတ္ထြက္ထားတယ္လို႔ သိရပါတယ္။ ရွာကြီရီဟာ ဒီရာသီ ပရီးမီးယားလိဂ္ပြဲစဥ္မ်ားမွာ ပြဲထြက္ကစားခြင့္ မရေသးဘဲ ရွိေနပါတယ္။

လီဗာပူးအသင္းကေန ထြက္ခြာလိုတဲ့ ကိစၥေၾကာင့္ ဒီတေလာမွာ ျပႆနာ အခ်ိဳ႕ ရွိေနတဲ့ လူငယ္ကစားသမား ဒန္ကန္နဲ႕ ပတ္သတ္ျပီး ကေလာ့ပ္က ၄င္းတို႔ဟာ ဒန္ကန္ကို အမွန္တကယ္ ဂရုတစိုက္ အေလးထားေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ဒန္ကန္ရဲ႕ ေအးဂ်င့္ျဖစ္သူက ကလပ္ အသင္း ဟာ ကစားသမားအေပၚ အေလးမထား အခြင့္အေရး မေပးဘူးလို႔ စြပ္စြဲမႈေတြ ရွိထားျပီး ရႈပ္ေထြးမႈ အခ်ိဳ႕ ရွိေနတာပါ။

ဂိုးသမား အယ္လီဆန္ရဲ႕ ဒဏ္ရာ အေနအထားဟာ တစ္ဆင့္ခ်င္း မွန္ကန္စြာ တိုးတက္ေကာင္းမြန္လာေနျပီး အခ်ိန္ယူကာ အျပည့္အ၀ ေပ်ာက္ကင္းေစရန္ အဓိကထား ေနေၾကာင္း ကေလာ့ပ္က သတင္းပါးခဲ့ပါတယ္။

ဥေရာပထိပ္သီး အသင္းေတြဟာ ခ်န္ပီယံလိဂ္ကို အသင္းေပါင္း ၉၆ သင္း အထိ ပါ၀င္ ယွဥ္ၿပဳိင္တဲ့ ၾကီးမားတဲ့ ၿပဳိင္ပြဲ ျဖစ္လာေအာင္ ေဆြးေႏြးေနၾကၿပီး အဂၤလန္က ေလးသင္းမဟုတ္ပဲ ၆ သင္း အထိ ပါ၀င္ခြင့္ရရွိမယ့္ အခ်က္လည္း ပါ၀င္ေနတယ္လို႔ သိရပါတယ္။

ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ လီဗာပူးဟာ ဘန္ေလကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရဖို႔ ရွိေနပါတယ္။ ပရီးမီးယားလိဂ္ ေဘာလံုးသံုးသပ္သူ ေရာ္ဘီဆားေဗ့ခ်္ကေတာ့ ဘန္ေလ ၁-၂ လီဗာပူး ရလဒ္ ထြက္ေပၚမယ္လို႔ ခန္႔မွန္းပါတယ္။

ကေလာ့ပ္က ဘန္ေလအသင္းနဲ႔ ပက္သက္ျပီး ျပိဳင္ဘက္မန္ေနဂ်ာကို ေလးစားမႈရွိေၾကာင္းနဲ႔ ေနာက္ဆံုး ေတြ႔ဆံုမႈက ျပင္းထန္တဲ့ ျပိဳင္ပြဲျဖစ္ခဲ့ေၾကာင္း ေျပာပါတယ္။ ဘန္ေလရဲ႕ကစားပံုဟာ အေတာ္ရွင္းျပီး ဒီနည္းစနစ္နဲ႔ အေကာင္းဆံုး လုပ္ႏုိင္တယ္။ ဘန္ေလအိမ္ကြင္းမွာ ဂုိးျပတ္ႏုိ္င္တဲ့ အသင္း မ်ားမ်ားစားစား မရွိဘူးလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္ဟာ ေလ့က်င့္ေရး အစီအစဥ္မွာ ဇာဒန္ရွကီရီရဲ႕ အားထုတ္မွဳကို ခ်ီးက်ဴး လိုက္ျပီး လီဗာပူး အသင္းဟာ ဆြစ္ဇာလန္ လက္ေရြးစင္ရဲ႕ အရည္အေသြးကို ဒီရာသီမွာ လိုအပ္လာမွာ ျဖစ္တယ္လို႕ ဆုိလိုက္ပါတယ္။ ရွကီရီဟာ ဒီရာသီ လီဗာပူးအတြက္ မန္စီးတီးနဲ႕ ၀င္ဘာေလမွာ ကစားခဲ့တဲ့ ကြန္ျမဴနတီဒုိင္း ပြဲစဥ္ရဲ႕ ဒုတိယပိုင္းမွာ လူစား၀င္ခြင့္ တစ္ၾကိမ္ပဲ ရခဲ့တာပဲ ျဖစ္ပါတယ္။

UNICODE

လီဗာပူး တိုက်စစ်သမား ရှာကွီရီဟာ ကလပ်အသင်းမှာ ကစားခွင့်ရဖို့သာ အာရုံစိုက်ချင်တာကြောင့် လာမယ့် နိုင်ငံတကာသီတင်းပတ် နိုင်ငံ အသင်း ဆွစ်ဇာလန်နဲ့ အတူ ယူရို ၂၀၂၀ ခြေစစ်ပွဲ ကစားရမယ့် ပွဲစဉ်များအတွက် ပါဝင်ဖို့ နှုတ်ထွက်ထားတယ်လို့ သိရပါတယ်။ ရှာကွီရီဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များမှာ ပွဲထွက်ကစားခွင့် မရသေးဘဲ ရှိနေပါတယ်။

လီဗာပူးအသင်းကနေ ထွက်ခွာလိုတဲ့ ကိစ္စကြောင့် ဒီတလောမှာ ပြဿနာ အချို့ ရှိနေတဲ့ လူငယ်ကစားသမား ဒန်ကန်နဲ့ ပတ်သတ်ပြီး ကလော့ပ်က ၎င်းတို့ဟာ ဒန်ကန်ကို အမှန်တကယ် ဂရုတစိုက် အလေးထားကြောင်း ပြောကြားလိုက်ပါတယ်။ ဒန်ကန်ရဲ့ အေးဂျင့်ဖြစ်သူက ကလပ် အသင်း ဟာ ကစားသမားအပေါ် အလေးမထား အခွင့်အရေး မပေးဘူးလို့ စွပ်စွဲမှုတွေ ရှိထားပြီး ရှုပ်ထွေးမှု အချို့ ရှိနေတာပါ။

ဂိုးသမား အယ်လီဆန်ရဲ့ ဒဏ်ရာ အနေအထားဟာ တစ်ဆင့်ချင်း မှန်ကန်စွာ တိုးတက်ကောင်းမွန်လာနေပြီး အချိန်ယူကာ အပြည့်အ၀ ပျောက်ကင်းစေရန် အဓိကထား နေကြောင်း ကလော့ပ်က သတင်းပါးခဲ့ပါတယ်။

ဥရောပထိပ်သီး အသင်းတွေဟာ ချန်ပီယံလိဂ်ကို အသင်းပေါင်း ၉၆ သင်း အထိ ပါဝင် ယှဉ်ပြိုင်တဲ့ ကြီးမားတဲ့ ပြိုင်ပွဲ ဖြစ်လာအောင် ဆွေးနွေးနေကြပြီး အင်္ဂလန်က လေးသင်းမဟုတ်ပဲ ၆ သင်း အထိ ပါဝင်ခွင့်ရရှိမယ့် အချက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ လီဗာပူးဟာ ဘန်လေကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးသုံးသပ်သူ ရော်ဘီဆားဗေ့ချ်ကတော့ ဘန်လေ ၁-၂ လီဗာပူး ရလဒ် ထွက်ပေါ်မယ်လို့ ခန့်မှန်းပါတယ်။

ကလော့ပ်က ဘန်လေအသင်းနဲ့ ပက်သက်ပြီး ပြိုင်ဘက်မန်နေဂျာကို လေးစားမှုရှိကြောင်းနဲ့ နောက်ဆုံး တွေ့ဆုံမှုက ပြင်းထန်တဲ့ ပြိုင်ပွဲဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ဘန်လေရဲ့ကစားပုံဟာ အတော်ရှင်းပြီး ဒီနည်းစနစ်နဲ့ အကောင်းဆုံး လုပ်နိုင်တယ်။ ဘန်လေအိမ်ကွင်းမှာ ဂိုးပြတ်နိုင်တဲ့ အသင်း များများစားစား မရှိဘူးလို့ ချီးကျူးခဲ့ပါတယ်။

ယာဂင်ကလော့ပ်ဟာ လေ့ကျင့်ရေး အစီအစဉ်မှာ ဇာဒန်ရှကီရီရဲ့ အားထုတ်မှုကို ချီးကျူး လိုက်ပြီး လီဗာပူး အသင်းဟာ ဆွစ်ဇာလန် လက်ရွေးစင်ရဲ့ အရည်အသွေးကို ဒီရာသီမှာ လိုအပ်လာမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ရှကီရီဟာ ဒီရာသီ လီဗာပူးအတွက် မန်စီးတီးနဲ့ ဝင်ဘာလေမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားဝင်ခွင့် တစ်ကြိမ်ပဲ ရခဲ့တာပဲ ဖြစ်ပါတယ်။