လူငယ္တိုက္စစ္မႉး ေမဆန္ဂရင္းဝုဒ္ဟာ မတ္လတုန္းက ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ပြဲဦးထြက္ ကစားခြင့္ ရခဲ့ၿပီး ဒီရာသီ ဆိုးရွားရဲ႕ အသင္းအတြက္ ပြဲတိုင္းမွာ လူစားဝင္ ကစားေပးခဲ့ရပါတယ္။

အသက္ ၁၇ႏွစ္အ႐ြယ္ ကစားသမားဟာ စီးတီးရဲ႕ ဖီးဖိုဒင္၊ အာဆင္နယ္ရဲ႕ ရစ္နယ္ဆန္၊ ေတာ့တင္ဟမ္ရဲ႕ အိုလီဗာစကစ္နဲ႔ ဝုလ္ဗ္ရဲ႕ ​ေမာ္ဂန္ဂစ္ဝႈိက္တို႔နဲ႔အတူ အဂၤလန္ လူငယ္အသင္းမွာ ပါဝင္ခဲ့ပါတယ္။ လူငယ္အသင္းဟာ စက္တင္ဘာလ ၆ရက္မွာ တာကီကို သြားရမွာျဖစ္ၿပီး သုံးရက္အၾကာ ယူ႐ို ၂၀၂၁ ဝင္ခြင့္ အဖြင့္ပြဲကို ကိုဆိုဗိုနဲ႔ ကစားရမွာ ျဖစ္ပါတယ္။

အုပ္စုအဆင့္ကေန ထြက္ခဲ့ရတဲ့ ယူ႐ို ၂၀၁၉ အၿပီး အသင္းကို ျပန္လည္ ျပင္ဆင္ခဲ့ၿပီး အဲ့ဒီ့ၿပိဳင္ပြဲ ကစားသမား သုံးေယာက္သာ ​ျပန္ပါခဲ့တာပါ။ အသင္းက ​​သစ္လြင္ေတာက္ပေနေပမယ့္လဲ အဂၤလန္လူငယ္ၾကယ္ပြင့္ေတြ ေပါင္းစုမိၾကျပီ ျဖစ္ပါတယ္။

“ဒီလို ကစားသမားသစ္ေတြေၾကာင့္ က်ေနာ္ စိတ္လႈပ္ရွားပါတယ္။ သူတို႔အားလုံးဟာ ပရီးမီးယားလိဂ္ မွာ ပုံမွန္ကစားခြင့္ ရေနတာ ျမင္ရတာ အားရတယ္။ ပရီးမီးယားလိဂ္ မွာ အဂၤလန္ ကစားသမားေတြ ပိုၿပီး ပုံမွန္ကစားခြင့္ ရေနတာေၾကာင့္ အဂၤလန္နည္းျပအားလုံးက ေက်နပ္ေနတယ္။ ”

“ရာသီသစ္ မတိုင္ခင္ က်ေနာ္တို႔ ပထမဆုံး အႀကိမ္ အတူေတြ႕ရတာ အေတာ္ေလး စိတ္ဝင္စားစရာ ေကာင္းသလို အလုပ္လဲ ရႈပ္ပါတယ္။ က်ေနာ့္တို႔ရဲ႕ အႀကီးဆုံး ရည္မွန္းခ်က္ က ကစားသမားေတြ တိုးတက္ဖို႔နဲ႔ စီနီယာအသင္းအတြက္ အဆင္သင့္ ျဖစ္ေစဖို႔ပါ။ ေႏြရာသီၿပိဳင္ပြဲတုန္းက က်ေနာ္တို႔နဲ႔ အတူရွိခဲ့တဲ့ ကစားသမား သုံးေယာက္ကို ေဆာက္ဂိတ္ရဲ႕ အသင္းမွာ ေတြ႕ရတာ ေက်နပ္စရာပါ။ က်န္တဲ့သူေတြကိုလဲ အဲ့လို အခြင့္အေရး ရ​ေစဖို႔ က်ေနာ္တို႔ ႀကိဳးစားသြားမွာပါ။ ” လို႔ နည္းျပ Boothroydက ေျပာဆိုခဲ့ပါတယ္။

UNICODE

လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ဟာ မတ်လတုန်းက ပီအက်စ်ဂျီနဲ့ပွဲမှာ ပွဲဦးထွက် ကစားခွင့် ရခဲ့ပြီး ဒီရာသီ ဆိုးရှားရဲ့ အသင်းအတွက် ပွဲတိုင်းမှာ လူစားဝင် ကစားပေးခဲ့ရပါတယ်။

အသက် ၁၇နှစ်အရွယ် ကစားသမားဟာ စီးတီးရဲ့ ဖီးဖိုဒင်၊ အာဆင်နယ်ရဲ့ ရစ်နယ်ဆန်၊ တော့တင်ဟမ်ရဲ့ အိုလီဗာစကစ်နဲ့ ဝုလ်ဗ်ရဲ့ မော်ဂန်ဂစ်ဝှိုက်တို့နဲ့အတူ အင်္ဂလန် လူငယ်အသင်းမှာ ပါဝင်ခဲ့ပါတယ်။ လူငယ်အသင်းဟာ စက်တင်ဘာလ ၆ရက်မှာ တာကီကို သွားရမှာဖြစ်ပြီး သုံးရက်အကြာ ယူရို ၂၀၂၁ ဝင်ခွင့် အဖွင့်ပွဲကို ကိုဆိုဗိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။

အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ ယူရို ၂၀၁၉ အပြီး အသင်းကို ပြန်လည် ပြင်ဆင်ခဲ့ပြီး အဲ့ဒီ့ပြိုင်ပွဲ ကစားသမား သုံးယောက်သာ ပြန်ပါခဲ့တာပါ။ အသင်းက သစ်လွင်တောက်ပနေပေမယ့်လဲ အင်္ဂလန်လူငယ်ကြယ်ပွင့်တွေ ပေါင်းစုမိကြပြီ ဖြစ်ပါတယ်။

“ဒီလို ကစားသမားသစ်တွေကြောင့် ကျနော် စိတ်လှုပ်ရှားပါတယ်။ သူတို့အားလုံးဟာ ပရီးမီးယားလိဂ် မှာ ပုံမှန်ကစားခွင့် ရနေတာ မြင်ရတာ အားရတယ်။ ပရီးမီးယားလိဂ် မှာ အင်္ဂလန် ကစားသမားတွေ ပိုပြီး ပုံမှန်ကစားခွင့် ရနေတာကြောင့် အင်္ဂလန်နည်းပြအားလုံးက ကျေနပ်နေတယ်။ ”

“ရာသီသစ် မတိုင်ခင် ကျနော်တို့ ပထမဆုံး အကြိမ် အတူတွေ့ရတာ အတော်လေး စိတ်ဝင်စားစရာ ကောင်းသလို အလုပ်လဲ ရှုပ်ပါတယ်။ ကျနော့်တို့ရဲ့ အကြီးဆုံး ရည်မှန်းချက် က ကစားသမားတွေ တိုးတက်ဖို့နဲ့ စီနီယာအသင်းအတွက် အဆင်သင့် ဖြစ်စေဖို့ပါ။ နွေရာသီပြိုင်ပွဲတုန်းက ကျနော်တို့နဲ့ အတူရှိခဲ့တဲ့ ကစားသမား သုံးယောက်ကို ဆောက်ဂိတ်ရဲ့ အသင်းမှာ တွေ့ရတာ ကျေနပ်စရာပါ။ ကျန်တဲ့သူတွေကိုလဲ အဲ့လို အခွင့်အရေး ရစေဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။ ” လို့ နည်းပြ Boothroydက ပြောဆိုခဲ့ပါတယ်။