ခ်ယ္ဆီးနဲ႔ ေနာဝစ္တို႔ ရင္ဆုိင္ကစားတဲ့ပြဲမွာ ကန္ေတ မပါတဲ့ ခ်ယ္ဆီးဟာ ဘာကေလ၊ ကိုဗာဆစ္၊ ေဂ်ာ္ဂ်င္ဟို တို႔ ကြင္းလယ္သံုးေယာက္ကို ထိထိေရာက္ေရာက္ အသံုးခ်ခဲ့ပါတယ္။

နံပါတ္ ၁၀ ေနရာလြတ္မွာ Todd Cantwell၊ Steioermann နဲ႔ Buendia တို႔ လြတ္လြတ္လပ္လပ္ သြားလာႏိုင္တဲ့ ေနာဝစ္ရဲ႕ 4-2-3-1 တိုက္စစ္ပံုစံကို ရင္ဆိုင္ရာမွာ ကိုဗာဆစ္ အေနနဲ႔ ေဂ်ာ္ဂ်င္ဟို ေဘးမွာ ပိုၿပီး ေနရာယူရမွာ ျဖစ္ေပမယ့္ အဲ့ဒီ့အစား သူက ေနာဝစ္ရဲ႕ ကြင္းလယ္လူေတြကို ဖိအားေပးခဲ့ပါတယ္။

ဘာကေလကလဲ ထိုနည္းတူ လုပ္ခဲ့တာေၾကာင့္ ခ်ယ္ဆီးကြင္းလယ္ဟာ ေနရာလြတ္ေတြ ျဖတ္ေတာက္ဖို႔ ဒါမွမဟုတ္ တစုတစည္းတည္း ေနဖို႔ထက္ အနီးဆံုးလူကို ဖိအားေပးေနခဲ့တာပါ။ ခံစစ္ေၾကာင္းက တိုက္စစ္အတြက္ မကူညီေပးႏိုင္ခဲ့သလို ကြင္းလယ္ပိုင္းကလဲ စုစည္းမႈေတြ မျပသႏိုင္ခဲ့ပါဘူး။

ခ်ယ္ဆီးရဲ႕ တစ္ဦးခ်င္း တိုက္စစ္ဆင္မႈက ေနာဝစ္ရဲ႕ ကစားပံုကို ဒုကၡေပးခဲ့ပါတယ္။ အေနာက္မွာလဲ မေန အတူတကြလဲ မ႐ွိတဲ့ တစ္ကိုယ္ေတာ္ ကြင္းလယ္လူေတြဟာ ေမဆန္ေမာင့္ ၊ ဘာကေလ၊ ပူလီဆစ္ တို႔အတြက္ အခြင့္အေရးေတြ ဖန္တီးဖို႔ ခံစစ္နဲ႔ ကြင္းလယ္ၾကားမွာ ႀကီးမားတဲ့ ေနရာလြတ္ေတြ ျဖစ္ေပၚေစခဲ့တာပါ။

မန္ေနဂ်ာလမ္းပတ္ဟာ ခ်ယ္ဆီးအသင္းရဲ႕ ဟန္ခ်က္မညီမႈေတြကို ဖာေထးဖို႔ ၾကိဳးစားေနျပီး တန္းတက္ကလပ္ေတြနဲ႔ ႏွစ္ပြဲဆက္တိုက္ ေတြ႔ဆံုမႈကေန အေကာင္းျမင္ႏုိင္တဲ့ ရလဒ္ေတြကို ထြက္ေပၚေစဖို႔ ဦးတည္မွာပါ။ ရွက္ဖီးနဲ႔ပြဲမွာေတာ့ ပက္ဒရို ဦးေဆာင္တဲ့ တိုက္စစ္ျပသနာ ရွိေနေသးေပမယ့္ ခ်ယ္ဆီး အႏုိင္သံုးမွတ္နဲ႔အတူ ကြင္းတြင္းျပသနာေတြကို တိုးခ်ဲ႔ ေျဖရွင္းလာပါမယ္။

UNICODE

ချယ်ဆီးနဲ့ နောဝစ်တို့ ရင်ဆိုင်ကစားတဲ့ပွဲမှာ ကန်တေမပါတဲ့ ချယ်ဆီးဟာ ဘာကလေ၊ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို တို့ ကွင်းလယ်သုံးယောက်ကို ထိထိရောက်ရောက် အသုံးချခဲ့ပါတယ်။

နံပါတ် ၁၀ နေရာလွတ်မှာ Todd Cantwell၊ Steioermann နဲ့ Buendia တို့ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ နောဝစ်ရဲ့ 4-2-3-1 တိုက်စစ်ပုံစံကို ရင်ဆိုင်ရာမှာ ကိုဗာဆစ် အနေနဲ့ ဂျော်ဂျင်ဟို ဘေးမှာ ပိုပြီး နေရာယူရမှာ ဖြစ်ပေမယ့် အဲ့ဒီ့အစား သူက နောဝစ်ရဲ့ ကွင်းလယ်လူတွေကို ဖိအားပေးခဲ့ပါတယ်။

ဘာကလေကလဲ ထိုနည်းတူ လုပ်ခဲ့တာကြောင့် ချယ်ဆီးကွင်းလယ်ဟာ နေရာလွတ်တွေ ဖြတ်တောက်ဖို့ ဒါမှမဟုတ် တစုတစည်းတည်း နေဖို့ထက် အနီးဆုံးလူကို ဖိအားပေးနေခဲ့တာပါ။ ခံစစ်ကြောင်းက တိုက်စစ်အတွက် မကူညီပေးနိုင်ခဲ့သလို ကွင်းလယ်ပိုင်းကလဲ စုစည်းမှုတွေ မပြသနိုင်ခဲ့ပါဘူး။

ချယ်ဆီးရဲ့ တစ်ဦးချင်း တိုက်စစ်ဆင်မှုက နောဝစ်ရဲ့ ကစားပုံကို ဒုက္ခပေးခဲ့ပါတယ်။ အနောက်မှာလဲ မနေ အတူတကွလဲ မရှိတဲ့ တစ်ကိုယ်တော် ကွင်းလယ်လူတွေဟာ မေဆန်မောင့် ၊ ဘာကလေ၊ ပူလီဆစ် တို့အတွက် အခွင့်အရေးတွေ ဖန်တီးဖို့ ခံစစ်နဲ့ ကွင်းလယ်ကြားမှာ ကြီးမားတဲ့ နေရာလွတ်တွေ ဖြစ်ပေါ်စေခဲ့တာပါ။

မန်နေဂျာလမ်းပတ်ဟာ ချယ်ဆီးအသင်းရဲ့ ဟန်ချက်မညီမှုတွေကို ဖာထေးဖို့ ကြိုးစားနေပြီး တန်းတက်ကလပ်တွေနဲ့ နှစ်ပွဲဆက်တိုက် တွေ့ဆုံမှုကနေ အကောင်းမြင်နိုင်တဲ့ ရလဒ်တွေကို ထွက်ပေါ်စေဖို့ ဦးတည်မှာပါ။ ရှက်ဖီးနဲ့ပွဲမှာတော့ ပက်ဒရို ဦးဆောင်တဲ့ တိုက်စစ်ပြသနာ ရှိနေသေးပေမယ့် ချယ်ဆီး အနိုင်သုံးမှတ်နဲ့အတူ ကွင်းတွင်းပြသနာတွေကို တိုးချဲ့ ဖြေရှင်းလာပါမယ်။