လီဗာပူးကို ႐ွံဴးခဲ့တာအတြက္ အမ္မရီရဲ႕ ဗ်ဴဟာကို အျပစ္ေျပာမႈေတြ ထြက္ေပၚခဲ့ေပမယ့္ အလုပ္ျဖစ္မယ္ဆိုရင္ အေဝးကြင္းမွာ လီဗာပူးထံက ရမွတ္ခြဲေဝယူႏုိင္မယ့္ အေနအထားကို နီးစပ္ခဲ့ပါတယ္။

အမ္မရီရဲ႕ 4-4-2 ကစားကြက္ဟာ အာႏိုးနဲ႔ ေရာဘတ္ဆန္အတြက္ ႀကီးမားတဲ့ ေနရာလြတ္ေတြ ျဖစ္ေစခဲ့ႁပီး ႏွစ္ေယာက္ေပါင္း ျဖတ္တင္ေပးပို႔မႈ ၂၃ ႀကိမ္ လုပ္ႏိုင္ခဲ့ပါတယ္။ ညာေတာင္ပံ လြတ္ေနတာက လီဗာပူး အတြက္ ပထမ ၂ ဂိုးမွာ သြယ္ဝိုက္ ပတ္သက္မႈ႐ွိခဲ့တာပါ။

ဒါေပမယ့္ အာဆင္နယ္ရဲ႕ ဗ်ဴဟာက မွန္တယ္လို႔လဲ ေျပာႏိုင္ပါတယ္။ ပထမပိုင္းမွာ ဆာလက္နဲ႔ မာေနးကို အခြင့္မသာေအာင္ လုပ္ႏိုင္ခဲ့တာပါ။ အာဆင္နယ္ဟာ အေနာက္ကေနစလို႔ မရပ္မနား တိုက္စစ္ဆင္ဖို႔ ႀကိဳးစားတာအတြက္ ေဝဖန္ခံခဲ့ရေပမယ့္ ကလပ္ရဲ႕ အနၱရာယ္႐ွိတဲ့ ခ်ဥ္းကပ္မႈက အားနည္းခ်က္႐ွိခဲ့တာပါ။

အာဆင္နယ္ရဲ႕ ေကာင္တာအခြင့္အေရးေတြကို အသံုးမခ်ႏုိင္ျခင္းက လီဗာပူးအတြက္ အခြင့္အေရး ျဖစ္ခဲ့ပါတယ္။ လီဗာပူးဟာ အမွားမ်ားေနတဲ့ ဂန္းနားေတြကို ဖိကစားဖို႔ ရက္စက္ခဲ့တယ္။ အန္ဖီးမွာ အမ္မရီရဲ႕ဗ်ဴဟာက အႏၱရာယ္႐ွိခဲ့ၿပီး အားနည္းခ်က္ မ်ားခဲ့ေပမယ့္ ဒါက အာဆင္နယ္ အသံုးျပဳႏိုင္တဲ့ အေကာင္းဆံုး ပလန္ ျဖစ္ပါတယ္။

ပိုခ်က္တီႏိုက နယူးကာဆယ္နဲ႔ပြဲမွာ ဖန္တီးႏိုင္စြမ္း အ႐ွိဆံုး ပေလးမိတ္ကာေတြ ျဖစ္တဲ့ လိုဆယ္ဆိုနဲ႔ အဲရစ္ဆင္တို႔ကို အရံခံုမွာ ထားခဲ့ပါတယ္။ က်ပ္တည္းတဲ့ ေနရာေတြမွာ မလႈပ္ႏိုင္ေအာင္ ျဖစ္ခဲ့ၿပီး က်စ္လ်စ္တဲ့ ခံစစ္တံတိုင္းကို ထိုးေဖာက္ႏိုင္စြမ္း ကင္းခဲ့တာပါ။

4-2-3-1 ကစားကြက္မွာ ဆြန္ေဟာင္မင္နဲ႔ လူးကပ္ေမာ္ရာတို႔က ဘယ္နဲ႔ ညာျခမ္းေတြကေန အစြမ္းကုန္ ႀကိဳးစားခဲ့ေပမယ့္ ခံစစ္ေကာင္းလြန္းတဲ့ နယူးကာဆယ္ အစြန္လူေတြဆီမွာ ေနရာလြတ္ေတြ မ႐ွာႏိုင္ခဲ့ပါဘူး။ ဒုတိယပိုင္းမွာ 4-4-2 ပံုစံ ေျပာင္းခဲ့ၿပီး ဆိုဆယ္လိုနဲ႔ အဲရစ္ဆင္တို႔ ဝင္လာတဲ့အခါ ဗဟိုနဲ႔ေတာင္ပံၾကား half spaces ေတြဆီ ေနရာယူဖို႔ စတင္ခဲ့ေပမယ့္ ေနာက္က်သြားခဲ့ၿပီး နယူးကာဆယ္က ထိုက္တန္စြာ အႏိုင္ရခဲ့ပါတယ္။

လန္ဒန္ဒါဘီပြဲမွာေတာ့ ႏွစ္သင္းဟာ ျပီးခဲ့တဲ့ပြဲက အမွားေတြကို ျပင္ဆင္လာၾကမွာျဖစ္ျပီး အိမ္ရွင္ အာဆင္နယ္အဖို႔ ဒီပြဲကို အူဘာ၊ လာကာ၊ ပီပီတို႔နဲ႔ တိုက္စစ္စဖို႔ ေမွ်ာ္လင့္ရပါတယ္။

UNICODE

လီဗာပူးကို ရှူံးခဲ့တာအတွက် အမ်မရီရဲ့ ဗျူဟာကို အပြစ်ပြောမှုတွေ ထွက်ပေါ်ခဲ့ပေမယ့် အလုပ်ဖြစ်မယ်ဆိုရင် အဝေးကွင်းမှာ လီဗာပူးထံက ရမှတ်ခွဲဝေယူနိုင်မယ့် အနေအထားကို နီးစပ်ခဲ့ပါတယ်။

အမ်မရီရဲ့ 4-4-2 ကစားကွက်ဟာ အာနိုးနဲ့ ရောဘတ်ဆန်အတွက် ကြီးမားတဲ့ နေရာလွတ်တွေ ဖြစ်စေခဲ့ပြီး နှစ်ယောက်ပေါင်း ဖြတ်တင်ပေးပို့မှု ၂၃ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ ညာတောင်ပံ လွတ်နေတာက လီဗာပူး အတွက် ပထမ ၂ ဂိုးမှာ သွယ်ဝိုက် ပတ်သက်မှုရှိခဲ့တာပါ။

ဒါပေမယ့် အာဆင်နယ်ရဲ့ ဗျူဟာက မှန်တယ်လို့လဲ ပြောနိုင်ပါတယ်။ ပထမပိုင်းမှာ ဆာလက်နဲ့ မာနေးကို အခွင့်မသာအောင် လုပ်နိုင်ခဲ့တာပါ။ အာဆင်နယ်ဟာ အနောက်ကနေစလို့ မရပ်မနား တိုက်စစ်ဆင်ဖို့ ကြိုးစားတာအတွက် ဝေဖန်ခံခဲ့ရပေမယ့် ကလပ်ရဲ့ အန္တရာယ်ရှိတဲ့ ချဉ်းကပ်မှုက အားနည်းချက်ရှိခဲ့တာပါ။

အာဆင်နယ်ရဲ့ ကောင်တာအခွင့်အရေးတွေကို အသုံးမချနိုင်ခြင်းက လီဗာပူးအတွက် အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ လီဗာပူးဟာ အမှားများနေတဲ့ ဂန်းနားတွေကို ဖိကစားဖို့ ရက်စက်ခဲ့တယ်။ အန်ဖီးမှာ အမ်မရီရဲ့ဗျူဟာက အန္တရာယ်ရှိခဲ့ပြီး အားနည်းချက် များခဲ့ပေမယ့် ဒါက အာဆင်နယ် အသုံးပြုနိုင်တဲ့ အကောင်းဆုံး ပလန် ဖြစ်ပါတယ်။

ပိုချက်တီနိုက နယူးကာဆယ်နဲ့ပွဲမှာ ဖန်တီးနိုင်စွမ်း အရှိဆုံး ပလေးမိတ်ကာတွေ ဖြစ်တဲ့ လိုဆယ်ဆိုနဲ့ အဲရစ်ဆင်တို့ကို အရံခုံမှာ ထားခဲ့ပါတယ်။ ကျပ်တည်းတဲ့ နေရာတွေမှာ မလှုပ်နိုင်အောင် ဖြစ်ခဲ့ပြီး ကျစ်လျစ်တဲ့ ခံစစ်တံတိုင်းကို ထိုးဖောက်နိုင်စွမ်း ကင်းခဲ့တာပါ။

4-2-3-1 ကစားကွက်မှာ ဆွန်ဟောင်မင်နဲ့ လူးကပ်မော်ရာတို့က ဘယ်နဲ့ ညာခြမ်းတွေကနေ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ခံစစ်ကောင်းလွန်းတဲ့ နယူးကာဆယ် အစွန်လူတွေဆီမှာ နေရာလွတ်တွေ မရှာနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ 4-4-2 ပုံစံ ပြောင်းခဲ့ပြီး ဆိုဆယ်လိုနဲ့ အဲရစ်ဆင်တို့ ဝင်လာတဲ့အခါ ဗဟိုနဲ့တောင်ပံကြား half spaces တွေဆီ နေရာယူဖို့ စတင်ခဲ့ပေမယ့် နောက်ကျသွားခဲ့ပြီး နယူးကာဆယ်က ထိုက်တန်စွာ အနိုင်ရခဲ့ပါတယ်။

လန်ဒန်ဒါဘီပွဲမှာတော့ နှစ်သင်းဟာ ပြီးခဲ့တဲ့ပွဲက အမှားတွေကို ပြင်ဆင်လာကြမှာဖြစ်ပြီး အိမ်ရှင် အာဆင်နယ်အဖို့ ဒီပွဲကို အူဘာ၊ လာကာ၊ ပီပီတို့နဲ့ တိုက်စစ်စဖို့ မျှော်လင့်ရပါတယ်။