အဂၤလန္ လက္ေရြးစင္အသင္းမွာ ပါ၀င္ဖို႔ ခ်ယ္ဆီးလူငယ္ ကစားသမား ေမဆန္ေမာင့္ ေရြးခ်ယ္ခံလိုက္ရျပီးေနာက္ ခ်ယ္ဆီးနည္းျပ လမ္းပတ္က ေမာင့္ဟာ ဒီရာသီ အမ်ားၾကီး ေတာက္ပလာမယ့္ ကစားသမားလို႔ ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီး ကစားသမား ဘာကာယိုကိုကို ေခၚယူနိုင္ခဲ့ျပီ ျဖစ္ေၾကာင္း မိုနာကို အသင္း ဒုဥကၠဌက အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။ သတင္းမ်ား အရ ဘာကာယိုကိုဟာ အျပီးသတ္ ေခၚယူခြင့္ ပါ၀င္တဲ့ ကနဦး အငွားနဲ႕ ျပန္လည္ ထြက္ခြာသြားျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ဒီတပတ္ ခ်ယ္ဆီးအသင္းနဲ႕ ရင္ဆိုင္ရမယ့္ ရွက္ဖီးယူနိုက္တက္ဟာ ဒီရာသီမွာ ေကာင္းမြန္စြာ စတင္ထားသလို ျပီးခဲ့တဲ့ရာသီကလည္း နည္းျပ ခရစ္စ္ လုပ္ျပခဲ့တာက အထင္ၾကီးေလာက္ဖြယ္ ျဖစ္ေၾကာင္း လမ္းပတ္က ပြဲၾကိဳမွာ ေျပာၾကားခဲ့ပါတယ္။

ယူအီးအက္ဖ္ေအ တာ၀န္ရွိသူေတြက ဒီရာသီမွာ အေ၀းကြင္းကို လိုက္ပါ အားေပးတဲ့ ပရိသတ္ေတြ လက္မွတ္ကုန္က်စာရိတ္ေတြ သက္သာေစဖို႔ အတြက္ ေစ်းေလွ်ာ့ေပးမယ့္ အေၾကာင္း တရား၀င္ ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။ ထိုေၾကျငာခ်က္ အရ ခ်န္ပီယံလိဂ္ အေ၀းကြင္း လက္မွတ္ေစ်းဟာ ယူရုိ ၇၀ ထက္ မ်ားမွာ မဟုတ္သလို ၊ ယူရုိပါလိဂ္ လက္မွတ္ ေစ်းကလဲ ၄၅ ယူရုိ ထက္ မ်ားျပားမွာမဟုတ္ပါဘူး။

ေနာ၀စ္အသင္းကို အႏိုင္ကစားခဲ့တဲ့ ပြဲစဥ္မွာ ခ်ယ္ဆီးပရိသတ္ေတြက ေဂ်ာ္ဂ်င္ဟို ရဲ႕ အမည္ကို ေအာ္ဟစ္ကာ အားေပးသံေတြ ၾကားရတဲ့ အတြက္ နည္းျပ လမ္းပတ္က ေက်နပ္ေနပါတယ္။ ေဂ်ာ္ဂ်င္ဟို ဟာ နည္းျပေဟာင္း ဆာရီ လက္ထက္ကေတာ့ ပရိသတ္ေတြရဲ႕ ျငိဳျငင္မႈ ေတာက္ေလ်ာက္ ခံခဲ့ရသူ ျဖစ္ပါတယ္။

အိမ္ကြင္း ႏိုင္ပြဲ မရေသးတဲ့ အတြက္ ယေန႕ည မွာ ခ်ယ္ဆီး တို႕ ရွက္ဖီးကို အိမ္ကြင္းမွာ ယွဥ္ျပိဳင္ျပီး ႏိုင္ပြဲ စတင္ ရွာေဖြ သြားမလား နဲ႔ ရာသီစကတည္းက စြမ္းေဆာင္ႏုိင္ျခင္း မရွိေသးတဲ့ Clean Sheet ကိုေရာ စတင္ ရယူ ႏိုင္မလား ဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ခ်ယ္ဆီး နည္းျပ လမ္းပတ္က ေနာဝွစ္ခ်္ နဲ႕ ႏိုင္ပြဲ တပြဲ နဲ႕ ရပ္တန္႕ ေနမွာ မဟုတ္ေၾကာင္းနဲ႔ အဆိုပါ ပြဲက သြင္းဂိုး ၂ဂိုး ရယူႏုိင္ခဲ့တဲ့ ေအဘရာဟမ္ ရဲ႕ ဂိုးသြင္း စြမ္းရည္ဟာ ရပ္တန္႕ ေနမွာ မဟုတ္ဘူး လို႕လည္း ဆိုခဲ့ပါတယ္ ။

UNICODE

အင်္ဂလန် လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ ချယ်ဆီးလူငယ် ကစားသမား မေဆန်မောင့် ရွေးချယ်ခံလိုက်ရပြီးနောက် ချယ်ဆီးနည်းပြ လမ်းပတ်က မောင့်ဟာ ဒီရာသီ အများကြီး တောက်ပလာမယ့် ကစားသမားလို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီး ကစားသမား ဘာကာယိုကိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း မိုနာကို အသင်း ဒုဥက္ကဌက အတည်ပြု ပြောကြားလိုက်ပါတယ်။ သတင်းများ အရ ဘာကာယိုကိုဟာ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ ကနဦး အငှားနဲ့ ပြန်လည် ထွက်ခွာသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီတပတ် ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ရှက်ဖီးယူနိုက်တက်ဟာ ဒီရာသီမှာ ကောင်းမွန်စွာ စတင်ထားသလို ပြီးခဲ့တဲ့ရာသီကလည်း နည်းပြ ခရစ်စ် လုပ်ပြခဲ့တာက အထင်ကြီးလောက်ဖွယ် ဖြစ်ကြောင်း လမ်းပတ်က ပွဲကြိုမှာ ပြောကြားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေက ဒီရာသီမှာ အဝေးကွင်းကို လိုက်ပါ အားပေးတဲ့ ပရိသတ်တွေ လက်မှတ်ကုန်ကျစာရိတ်တွေ သက်သာစေဖို့ အတွက် ဈေးလျှော့ပေးမယ့် အကြောင်း တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ထိုကြေငြာချက် အရ ချန်ပီယံလိဂ် အဝေးကွင်း လက်မှတ်ဈေးဟာ ယူရို ၇၀ ထက် များမှာ မဟုတ်သလို ၊ ယူရိုပါလိဂ် လက်မှတ် ဈေးကလဲ ၄၅ ယူရို ထက် များပြားမှာမဟုတ်ပါဘူး။

နောဝစ်အသင်းကို အနိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ချယ်ဆီးပရိသတ်တွေက ဂျော်ဂျင်ဟို ရဲ့ အမည်ကို အော်ဟစ်ကာ အားပေးသံတွေ ကြားရတဲ့ အတွက် နည်းပြ လမ်းပတ်က ကျေနပ်နေပါတယ်။ ဂျော်ဂျင်ဟို ဟာ နည်းပြဟောင်း ဆာရီ လက်ထက်ကတော့ ပရိသတ်တွေရဲ့ ငြိုငြင်မှု တောက်လျောက် ခံခဲ့ရသူ ဖြစ်ပါတယ်။

အိမ်ကွင်း နိုင်ပွဲ မရသေးတဲ့ အတွက် ယနေ့ည မှာ ချယ်ဆီး တို့ ရှက်ဖီးကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ပြီး နိုင်ပွဲ စတင် ရှာဖွေ သွားမလား နဲ့ ရာသီစကတည်းက စွမ်းဆောင်နိုင်ခြင်း မရှိသေးတဲ့ Clean Sheet ကိုရော စတင် ရယူ နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ချယ်ဆီး နည်းပြ လမ်းပတ်က နောဝှစ်ချ် နဲ့ နိုင်ပွဲ တပွဲ နဲ့ ရပ်တန့် နေမှာ မဟုတ်ကြောင်းနဲ့ အဆိုပါ ပွဲက သွင်းဂိုး ၂ဂိုး ရယူနိုင်ခဲ့တဲ့ အေဘရာဟမ် ရဲ့ ဂိုးသွင်း စွမ်းရည်ဟာ ရပ်တန့် နေမှာ မဟုတ်ဘူး လို့လည်း ဆိုခဲ့ပါတယ် ။