မန္စီးတီး အစြန္ခံစစ္မွဴး လာေပၚေတးဟာ ျပင္သစ္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံလိုက္ရတဲ့ေနာက္ ဂြာဒီယိုလာက လာေပၚေတးက ဥေရာပတခြင္မွာ အေကာင္းဆံုး ဘယ္ျခမ္းခံစစ္မွဴး ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

လာေပၚေတးဟာ ကလပ္အသင္းနဲ႕ အတူ ေျခစြမ္းျပေနေပမယ့္ ျပင္သစ္အသင္းကေန အၾကိမ္ၾကိမ္ ခ်န္လွပ္ခံထားရျပီး ဒီလထဲမွသာ ေရြးခ်ယ္ေခၚယူျခင္း ခံခဲ့ရတာပါ။

ပက္ဂြာဒီယုိလာဟာ သတင္းစာ ရွင္းလင္းပြဲကို ေရာက္ရွိ လာခဲ့ျပီး ေမးခြန္း မေမးခင္မွာပဲ 9 ႏွစ္ အရြယ္ သမီးငယ္ေလးကို ဆံုးရႈံးလိုက္ရတဲ့ လူး၀စ္ အင္းနရစ္ အတြက္ ကိုယ္ခ်င္းစာ ၀မ္းနည္းမိေၾကာင္းကို မန္စီးတီး ေဘာလံုး လုပ္ငန္းစုရဲ႕ ကိုယ္စား ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

ပရက္စတန္ ေနာ့သ္အန္းအသင္းနဲ႕ မန္စီးတီးတို႔ရဲ႕ ကာရာေဘာင္းဖလား တတိယအဆင့္ ပြဲစဥ္ဟာ စက္တင္ဘာ ၂၄ ရက္ေန႔မွာ ယွဥ္ျပိဳင္ ကစားမွာ ျဖစ္တယ္လို႔ အတည္ျပဳခ်က္ ထြက္ခဲ့ပါျပီ။

ဂြာဒီယိုလာက ေဆာက္ဂိတ္ရဲ႕ အဂၤလန္လက္ေရြးစင္အသင္းမွာ စီးတီးခံစစ္မွဴး ေ၀ၚကာ ေရြးခ်ယ္ မခံရျခင္းအေပၚ အ့ံအားသင့္မိေၾကာင္း ၀န္ခံေျပာဆိုလိုက္ပါတယ္။

ယူအီးအက္ဖ္ေအ တာ၀န္ရွိသူေတြက ဒီရာသီမွာ အေ၀းကြင္းကို လိုက္ပါ အားေပးတဲ့ ပရိသတ္ေတြ လက္မွတ္ကုန္က်စာရိတ္ေတြ သက္သာေစဖို႔ အတြက္ ေစ်းေလွ်ာ့ေပးမယ့္ အေၾကာင္း တရား၀င္ ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။ ထိုေၾကျငာခ်က္ အရ ခ်န္ပီယံလိဂ္ အေ၀းကြင္း လက္မွတ္ေစ်းဟာ ယူရုိ ၇၀ ထက္ မ်ားမွာ မဟုတ္သလို ၊ ယူရုိပါလိဂ္ လက္မွတ္ ေစ်းကလဲ ၄၅ ယူရုိ ထက္ မ်ားျပားမွာမဟုတ္ပါဘူး။

မန္စီးတီး လူငယ္ေလး ဇင္ခ်န္ကိုက သူ႔ရဲ႕တိုးတက္လာမႈဟာ မန္ေနဂ်ာဂြာဒီယိုလာရဲ႕ ပဲကိုင္ေပးမႈေၾကာင့္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။ လက္ရွိ ဘယ္အစြန္ေနရာကိုလည္း ပပ္ကပဲ ေရြးခ်ယ္ေပးခဲ့ကာ ကစားေစတာပါလို႔ သူက ေျပာပါတယ္။

UNICODE

စီးတီး အစွန်ခံစစ်မှူး လာပေါ်တေးဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလိုက်ရတဲ့နောက် ဂွာဒီယိုလာက လာပေါ်တေးက ဥရောပတခွင်မှာ အကောင်းဆုံး ဘယ်ခြမ်းခံစစ်မှူး ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

လာပေါ်တေးဟာ ကလပ်အသင်းနဲ့ အတူ ခြေစွမ်းပြနေပေမယ့် ပြင်သစ်အသင်းကနေ အကြိမ်ကြိမ် ချန်လှပ်ခံထားရပြီး ဒီလထဲမှသာ ရွေးချယ်ခေါ်ယူခြင်း ခံခဲ့ရတာပါ။

ပက်ဂွာဒီယိုလာဟာ သတင်းစာ ရှင်းလင်းပွဲကို ရောက်ရှိ လာခဲ့ပြီး မေးခွန်း မမေးခင်မှာပဲ 9 နှစ် အရွယ် သမီးငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့ လူးဝစ် အင်းနရစ် အတွက် ကိုယ်ချင်းစာ ဝမ်းနည်းမိကြောင်းကို မန်စီးတီး ဘောလုံး လုပ်ငန်းစုရဲ့ ကိုယ်စား ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပရက်စတန် နော့သ်အန်းအသင်းနဲ့ မန်စီးတီးတို့ရဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်ဟာ စက်တင်ဘာ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်တယ်လို့ အတည်ပြုချက် ထွက်ခဲ့ပါပြီ။

ဂွာဒီယိုလာက ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ စီးတီးခံစစ်မှူး ဝေါ်ကာ ရွေးချယ် မခံရခြင်းအပေါ် အံ့အားသင့်မိကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေက ဒီရာသီမှာ အဝေးကွင်းကို လိုက်ပါ အားပေးတဲ့ ပရိသတ်တွေ လက်မှတ်ကုန်ကျစာရိတ်တွေ သက်သာစေဖို့ အတွက် ဈေးလျှော့ပေးမယ့် အကြောင်း တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ထိုကြေငြာချက် အရ ချန်ပီယံလိဂ် အဝေးကွင်း လက်မှတ်ဈေးဟာ ယူရို ၇၀ ထက် များမှာ မဟုတ်သလို ၊ ယူရိုပါလိဂ် လက်မှတ် ဈေးကလဲ ၄၅ ယူရို ထက် များပြားမှာမဟုတ်ပါဘူး။

မန်စီးတီး လူငယ်လေး ဇင်ချန်ကိုက သူ့ရဲ့တိုးတက်လာမှုဟာ မန်နေဂျာဂွာဒီယိုလာရဲ့ ပဲကိုင်ပေးမှုကြောင့်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ လက်ရှိ ဘယ်အစွန်နေရာကိုလည်း ပပ်ကပဲ ရွေးချယ်ပေးခဲ့ကာ ကစားစေတာပါလို့ သူက ပြောပါတယ်။