Zawgyi – အာဆင္နယ္ နည္းျပ အူႏိုင္း အမ္မရီက ကလပ္ အသင္းဟာ ကြင္းလယ္ကစားသမား မီဆြတ္ အိုေဇးလ္ကို လိုအပ္ေနဆဲ ျဖစ္တယ္လုိ႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ အိုေဇးလ္ဟာ စပါးအသင္းနဲ႔ ပြဲမွာ ပါဝင္ ကစားဖြယ္ရွိတယ္လုိ႔လည္း ၄င္းက ဆိုခဲ့ပါတယ္။

အာဆင္နယ္ ခံစစ္မွဴး မြန္ရီရယ္ဟာ စပိန္ လာလီဂါကလပ္ ရီးရဲလ္ဆိုစီဒက္ အသင္းထံ ႏွစ္ႏွစ္ စာခ်ဴပ္နဲ႔ အၿပီးသတ္ ေျပာင္းေရႊ႕ ေရာက္ရွိ သြားခဲ့ၿပီ ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္တုန္းက မာလာဂါ အသင္းကေန ေျပာင္းေရႊ႕လာတဲ့ မြန္ရီရယ္ဟာ အာဆင္နယ္အသင္းအတြက္ ပြဲေပါင္း ၂၅၀ ကစားေပးခဲ့ၿပီး သြင္းဂိုး ၁၀ဂိုး သြင္းယူေပးခဲ့သူပါ။

မြန္ရီရယ္ အာဆင္နယ္ကေန ထြက္ခြာသြားတာေၾကာင့္ ဘယ္လာရင္ ဟာ အမ္မရီ ေရြးခ်ယ္မယ့္ အသင္းေခါင္းေဆာင္ ငါးဦးစာရင္းမွာ ပါ၀င္လာနိုင္တယ္လို႔ လန္ဒန္အေျခစိုက္ သတင္းဌာနက သံုးသပ္သြားပါတယ္။

အာဆင္နယ္ကြင္းလယ္ကစားသမား အယ္နီနီက တူရကီကလပ္ ဘက္ဆစ္တပ္ အသင္းထံ အငွားနဲ႕ တရား၀င္ ေျပာင္းေရႊ႕သြားျပီ ျဖစ္ပါတယ္။

ေျမာက္လန္ဒန္ဒါဘီ ပြဲ မတိုင္ခင္မွာ ဖိအား ပို မ်ားစြာ ခံစားေနရတဲ့ အသင္းက စပါးထက္ အာဆင္နယ္အသင္း ျဖစ္တယ္လို႔ စပါး ကစားသမားေဟာင္း ေဂ်မီ အိုဟားရားက သံုးသပ္လိုက္ပါတယ္။ ပရီးမီးယားလိဂ္ ၃ ပြဲ ကစားျပီးခ်ိန္မွာ အာဆင္နယ္ အသင္းက ၂ ပြဲႏိူင္ ၁ ပြဲရွဳံး ၆ မွတ္ ရရွိထားျပီး စပါးကေတာ့ ၁ ပြဲႏိူင္ ၁ ပြဲသေရနဲ႕ ၁ ပြဲရွဳံးထားပါတယ္။

အာဆင္နယ္ရဲ႕ ျပစ္သစ္သား ကြင္းလယ္ကစားသမား ဂြမ္ဒူဇီ က သူ အားနည္းေနေသးတဲ့ ခံစစ္ကို ဆင္းကူတဲ့ အပိုင္း နဲ႔ နည္းစနစ္ပိုင္းဆိုင္ရာ ေနရာယူ ကစားျခင္းေတြမွာ ပိုမို တိုးတက္ေကာင္းမြန္လာေအာင္ ႀကိဳးစားေနေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

အာဆင္နယ္ ကစားသမားေဟာင္း အီယန္ရိုက္က အမ္မရီဟာ ရီးရဲလ္ကေန အငွား ေခၚထားတဲ့ ဆီးဘယ္ေလာ့ကို တိုက္စစ္ ကစားသမား သုံးေယာက္ရဲ႕ အေနာက္မွာ စိတ္ႀကိဳက္ခြင့္ ကစားေပးသင့္ေၾကာင္း အၾကံျပဳသြားခဲ့ပါတယ္။

အာဆင္နယ္ကြင္းလယ္လူ ဆီးဘယ္ေလာ့ဟာ ရိုေမးနီးယား၊ ဖာရိုးစ္တို႔နဲ႔ ယူရိုေျခစစ္ပြဲ ကစားရမယ့္ စပိန္ လက္ေရြးစင္အသင္းရဲ႕ ၂၃ ဦး အျပီးသတ္ လူစာရင္းမွာ ေရြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။

Unicode –

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီက ကလပ်အသင်းဟာ ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်ကို လိုအပ်နေဆဲဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အိုဇေးလ်ဟာ စပါးအသင်းနဲ့ ပွဲမှာ ပါဝင် ကစားဖွယ်ရှိတယ်လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။

အာဆင်နယ် ခံစစ်မှူး မွန်ရီရယ်ဟာ စပိန် လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက် အသင်းထံ နှစ်နှစ် စာချူပ်နဲ့ အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက မာလာဂါ အသင်းကနေ ပြောင်းရွှေ့လာတဲ့ မွန်ရီရယ်ဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၂၅၀ ကစားပေးခဲ့ပြီး သွင်းဂိုး ၁၀ဂိုး သွင်းယူပေးခဲ့သူပါ။

မွန်ရီရယ် အာဆင်နယ်ကနေ ထွက်ခွာသွားတာကြောင့် ဘယ်လာရင် ဟာ အမ်မရီ ရွေးချယ်မယ့် အသင်းခေါင်းဆောင် ငါးဦးစာရင်းမှာ ပါဝင်လာနိုင်တယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနက သုံးသပ်သွားပါတယ်။

အာဆင်နယ်ကွင်းလယ်ကစားသမား အယ်နီနီက တူရကီကလပ် ဘက်ဆစ်တပ် အသင်းထံ အငှားနဲ့ တရားဝင် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

မြောက်လန်ဒန်ဒါဘီ ပွဲ မတိုင်ခင်မှာ ဖိအား ပို များစွာ ခံစားနေရတဲ့ အသင်းက စပါးထက် အာဆင်နယ်အသင်း ဖြစ်တယ်လို့ စပါး ကစားသမားဟောင်း ဂျေမီ အိုဟားရားက သုံးသပ်လိုက်ပါတယ်။ ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ အာဆင်နယ် အသင်းက ၂ ပွဲနိူင် ၁ ပွဲရှုံး ၆ မှတ် ရရှိထားပြီး စပါးကတော့ ၁ ပွဲနိူင် ၁ ပွဲသရေနဲ့ ၁ ပွဲရှုံးထားပါတယ်။

အာဆင်နယ်ရဲ့ ပြစ်သစ်သား ကွင်းလယ်ကစားသမား ဂွမ်ဒူဇီ က သူ အားနည်းနေသေးတဲ့ ခံစစ်ကို ဆင်းကူတဲ့ အပိုင်း နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ နေရာယူ ကစားခြင်းတွေမှာ ပိုမို တိုးတက်ကောင်းမွန်လာအောင် ကြိုးစားနေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်က အမ်မရီဟာ ရီးရဲလ်ကနေ အငှား ခေါ်ထားတဲ့ ဆီးဘယ်လော့ကို တိုက်စစ် ကစားသမား သုံးယောက်ရဲ့ အနောက်မှာ စိတ်ကြိုက်ခွင့် ကစားပေးသင့်ကြောင်း အကြံပြုသွားခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ဆီးဘယ်လော့ဟာ ရိုမေးနီးယား၊ ဖာရိုးစ်တို့နဲ့ ယူရိုခြေစစ်ပွဲ ကစားရမယ့် စပိန် လက်ရွေးစင်အသင်းရဲ့ ၂၃ ဦး အပြီးသတ် လူစာရင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။