Zawgyi – ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပ ဖရန္ လမ္းပတ္က လက္ရွိရာသီ ပရီးမီးယားလိဂ္ျပိဳင္ပြဲဟာ မန္စီးတီးနဲ႔ လီဗာပူးလ္အသင္း နွစ္သင္းတည္းသာ ဆုဖလားလု ၾကမယ့္ ျပိဳင္ပြဲျဖစ္တယ္လုိ႔ သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ဒီည ကစားမယ့္ ဘန္ေလနဲ႕ ပြဲစဥ္မွာ လီဗာပူးဘက္ ကြင္းလယ္ကစားသမား နဘီကီတာ ၾကံ့ခိုင္မႈ မျပည့္ဝေသးဘူးလို႔ ဆိုပါတယ္။ ဒဏ္ရာရ ကစားသမားအေနနဲ႔ေတာ့ ဂိုးသမား အယ္လီဆန္ တစ္ေယာက္သာ ႐ွိေနပါတယ္။

ဘန္ေလဟာ လီဗာပူးနဲ႔ ၿပိဳင္ပြဲစံု ထိပ္တိုက္ေတြ႕ဆံုမႈ ေနာက္ဆံုး ၁၆ ပြဲမွာ ၂ ပြဲသာ အႏိုင္ရ႐ွိထားေၾကာင္း သိရပါတယ္။ ယာဂင္ ကေလာ့ပ္ လက္ထက္ လီဗာပူးနဲ႔ ဘန္ေလ စုစုေပါင္း ေျခာက္ႀကိမ္ ထိပ္တိုက္ေတြ႕ဆံုခဲ့ရာမွာေတာ့ ဘန္ေလက ပြဲတိုင္း ဂိုးသြင္းထားေၾကာင္း သိရပါတယ္။

အယ္လီဆန္ မပါ၀င္နိုင္ေသးေပမယ့္ လက္ရွိ လီဗာပူး ဂိုးသမား အက္ဒရီယန္အေပၚ အျပည့္အဝ ယံုၾကည္မႈရွိတယ္လို႔ နည္းျပ ယာဂင္ ကေလာ့ပ္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

” အယ္လီဆန္ ျပန္ေကာင္းလာဖို႔ အခ်ိန္တစ္ခုေတာ့ ေပးရပါလိမ့္မယ္။ ေတာ္ေသးတာက အယ္လီဆန္ ဒဏ္ရာရသြားခ်ိန္မွာ အက္ဒရီယန္ ရွိေနတာပါပဲ။ အက္ဒရီယန္ဟာ အသင္းအတြက္ ရာႏႈန္းျပည့္ အာ႐ံုစိုက္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ၿပီးေတာ့ ဂိုးသမားေကာင္း တစ္ေယာက္မွာ ရွိသင့္ရွိအပ္တဲ့ အရည္အေသြးေတြလည္း သူ႔မွာအျပည့္ရွိပါတယ္။ ” လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။

လီဗာပူး ခံစစ္မွဴး ထရန္႔ အလက္ဇႏၵါးအာႏုိးဟာ အဂၤလန္လက္ေ္ရြးစင္အသင္း အတြက္ ေရြးခ်ယ္ ခံထားရျပီး စီးတီးမွ ေ၀ၚကာ မပါ၀င္ တာေၾကာင့္ လာမယ့္ ယူရုိ ၂၀၂၀ ေျခစစ္ပြဲေတြမွာ အဂၤလန္ရဲ႕ ပထမဦးစားေပး ေနာက္ခံလူ အျဖစ္ ပြဲထြက္ခြင့္ ရဖို႕ အေျခအေန ေကာင္းသြားခဲ့ပါတယ္။

လီဗာပူးနည္းျပ ယာဂင္ ကေလာ့က အလက္ဇႏၵါးအာႏုိးဟာ ကစားသမား အေနနဲ႕ ဆက္လက္ တုိးတက္ေအာင္ မလုပ္ႏုိင္ဘူး ဆုိရင္ ပြဲထြက္ ဦးစားေပးေနရာ အတြက္ အာမခံခ်က္ ရွိမွာ မဟုတ္ဘူးလို႕ သတိေပး သြားပါတယ္။

ယူအီးအက္ဖ္ေအ တာ၀န္ရွိသူေတြက ဒီရာသီမွာ အေ၀းကြင္းကို လိုက္ပါ အားေပးတဲ့ ပရိသတ္ေတြ လက္မွတ္ကုန္က်စာရိတ္ေတြ သက္သာေစဖို႔ အတြက္ ေစ်းေလွ်ာ့ေပးမယ့္ အေၾကာင္း တရား၀င္ ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။ ထိုေၾကျငာခ်က္ အရ ခ်န္ပီယံလိဂ္ အေ၀းကြင္း လက္မွတ္ေစ်းဟာ ယူရုိ ၇၀ ထက္ မ်ားမွာ မဟုတ္သလို ၊ ယူရုိပါလိဂ္ လက္မွတ္ ေစ်းကလဲ ၄၅ ယူရုိ ထက္ မ်ားျပားမွာမဟုတ္ပါဘူး။

Unicode –

ချယ်လ်ဆီးအသင်းရဲ့ နည်းပြ ဖရန် လမ်းပတ်က လက်ရှိရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်း နှစ်သင်းတည်းသာ ဆုဖလားလု ကြမယ့် ပြိုင်ပွဲဖြစ်တယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဒီည ကစားမယ့် ဘန်လေနဲ့ ပွဲစဉ်မှာ လီဗာပူးဘက် ကွင်းလယ်ကစားသမား နဘီကီတာ ကြံ့ခိုင်မှု မပြည့်ဝသေးဘူးလို့ ဆိုပါတယ်။ ဒဏ်ရာရ ကစားသမားအနေနဲ့တော့ ဂိုးသမား အယ်လီဆန် တစ်ယောက်သာ ရှိနေပါတယ်။

ဘန်လေဟာ လီဗာပူးနဲ့ ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၁၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားကြောင်း သိရပါတယ်။ ယာဂင် ကလော့ပ် လက်ထက် လီဗာပူးနဲ့ ဘန်လေ စုစုပေါင်း ခြောက်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာတော့ ဘန်လေက ပွဲတိုင်း ဂိုးသွင်းထားကြောင်း သိရပါတယ်။

အယ်လီဆန် မပါဝင်နိုင်သေးပေမယ့် လက်ရှိ လီဗာပူး ဂိုးသမား အက်ဒရီယန်အပေါ် အပြည့်အဝ ယုံကြည်မှုရှိတယ်လို့ နည်းပြ ယာဂင် ကလော့ပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

” အယ်လီဆန် ပြန်ကောင်းလာဖို့ အချိန်တစ်ခုတော့ ပေးရပါလိမ့်မယ်။ တော်သေးတာက အယ်လီဆန် ဒဏ်ရာရသွားချိန်မှာ အက်ဒရီယန် ရှိနေတာပါပဲ။ အက်ဒရီယန်ဟာ အသင်းအတွက် ရာနှုန်းပြည့် အာရုံစိုက်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ ဂိုးသမားကောင်း တစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ အရည်အသွေးတွေလည်း သူ့မှာအပြည့်ရှိပါတယ်။ ” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါးအာနိုးဟာ အင်္ဂလန်လက်ေ်ရွးစင်အသင်း အတွက် ရွေးချယ် ခံထားရပြီး စီးတီးမှ ဝေါ်ကာ မပါဝင် တာကြောင့် လာမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာ အင်္ဂလန်ရဲ့ ပထမဦးစားပေး နောက်ခံလူ အဖြစ် ပွဲထွက်ခွင့် ရဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

လီဗာပူးနည်းပြ ယာဂင် ကလော့က အလက်ဇန္ဒါးအာနိုးဟာ ကစားသမား အနေနဲ့ ဆက်လက် တိုးတက်အောင် မလုပ်နိုင်ဘူး ဆိုရင် ပွဲထွက် ဦးစားပေးနေရာ အတွက် အာမခံချက် ရှိမှာ မဟုတ်ဘူးလို့ သတိပေး သွားပါတယ်။

ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေက ဒီရာသီမှာ အဝေးကွင်းကို လိုက်ပါ အားပေးတဲ့ ပရိသတ်တွေ လက်မှတ်ကုန်ကျစာရိတ်တွေ သက်သာစေဖို့ အတွက် ဈေးလျှော့ပေးမယ့် အကြောင်း တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ထိုကြေငြာချက် အရ ချန်ပီယံလိဂ် အဝေးကွင်း လက်မှတ်ဈေးဟာ ယူရို ၇၀ ထက် များမှာ မဟုတ်သလို ၊ ယူရိုပါလိဂ် လက်မှတ် ဈေးကလဲ ၄၅ ယူရို ထက် များပြားမှာမဟုတ်ပါဘူး။