Zawgyi – အာဆင္နယ္နည္းျပ အူႏိုင္း အမ္မရီဟာ အသင္း တိုက္စစ္သံုးေယာက္ျဖစ္တဲ့ ေပါင္ သန္း ၁၈၀ တန္ေၾကးရွိ အူဘာမီယန္း၊ လာကာဇက္တီနဲ႔ နစ္ကိုးလပ္စ္ ပီပီတို႔ကို ဒီတပတ္ စပါးနဲ႕ လန္ဒန္ ဒါဘီ ပြဲစဥ္မွာ တစ္ၿပိဳင္နက္တည္း ပြဲထြက္ အသုံးျပဳဖို႔ ၾကံရြယ္ေနပါတယ္။

အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္တီဟာ အေသးစား ဒဏ္ရာတစ္ခုေၾကာင့္ ၿပီးခဲ့တဲ့အပတ္ လီဗာပူးနဲ႔ ပြဲစဥ္ကို ပြဲထြက္ခြင့္မရခဲ့ပါဘူး။ ဒီတပတ္ မွာေတာ့ အမ္မရီက အဆိုပါ တိုက္စစ္ကစားသမား ၃ ဦးစလုံးကို တစ္ၿပိဳင္နက္တည္း အသုံးျပဳဖို႔ စဥ္းစားေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

နစ္ကိုးလပ္စ္ ပီပီဟာ အာဆင္နယ္အသင္းကို ကလပ္စံခ်ိန္တင္ ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သလို အူူဘာမီယန္းက ေပါင္ ၅၆ သန္း၊ လာကာ ဇက္တီက ေပါင္ ၅၂ သန္း အသီးသီး တန္ေၾကး ရွိၾကပါတယ္။

” သူတို႔ အတူတူ ပြဲထြက္ကစားဖို႔ အသင့္ျဖစ္ေနသလို ၃ ေယာက္စလုံးကိုလည္း အတူတူ အသုံးျပဳႏိုင္ေနပါၿပီ။ ဒါေပမယ့္ ဒါက ကြၽန္ေတာ္တို႔ရဲ႕ ကစားကြက္ေပၚမွာ မူတည္ေနတာပါ။ ကြၽန္ေတာ္ သူတို႔ ၃ ေယာက္အတြဲကို ျမင္ရဖို႔ အေကာင္းဘက္မွာ ရွိေနတယ္လို႔ ေျပာခ်င္ပါတယ္။ ”

” ဒါေပမယ့္ လာကာဇက္တီက သူ႔ရဲ႕ ေျခခ်င္းဝတ္မွာ ျပႆနာ ရွိေနပါတယ္။ ဒဏ္ရာက တျဖည္းျဖည္းနဲ႔ ျပန္ေကာင္းလာပါၿပီ။ ပီပီကေတာ့ အျခားသူေတြ ထက္ ေနာက္က်ၿပီးမွ ေရာက္လာေပမယ့္ ပြဲတိုင္းမွာ ပို အံဝင္လာပါၿပီ။ အူဘာမီယန္းကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အေရးႀကီး ကစားသမားပါ ” လို႔ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲမွာ အမ္မရီက ေျပာခဲ့ပါတယ္။

Unicode – အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီဟာ အသင်း တိုက်စစ်သုံးယောက်ဖြစ်တဲ့ ပေါင် သန်း ၁၈၀ တန်ကြေးရှိ အူဘာမီယန်း၊ လာကာဇက်တီနဲ့ နစ်ကိုးလပ်စ် ပီပီတို့ကို ဒီတပတ် စပါးနဲ့ လန်ဒန် ဒါဘီ ပွဲစဉ်မှာ တစ်ပြိုင်နက်တည်း ပွဲထွက် အသုံးပြုဖို့ ကြံရွယ်နေပါတယ်။

အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီဟာ အသေးစား ဒဏ်ရာတစ်ခုကြောင့် ပြီးခဲ့တဲ့အပတ် လီဗာပူးနဲ့ ပွဲစဉ်ကို ပွဲထွက်ခွင့်မရခဲ့ပါဘူး။ ဒီတပတ်မှာတော့ အမ်မရီက အဆိုပါ တိုက်စစ်ကစားသမား ၃ ဦးစလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။

နစ်ကိုးလပ်စ် ပီပီဟာ အာဆင်နယ်အသင်းကို ကလပ်စံချိန်တင် ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သလို အူူဘာမီယန်းက ပေါင် ၅၆ သန်း၊ လာကာ ဇက်တီက ပေါင် ၅၂ သန်း အသီးသီး တန်ကြေး ရှိကြပါတယ်။

” သူတို့ အတူတူ ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေသလို ၃ ယောက်စလုံးကိုလည်း အတူတူ အသုံးပြုနိုင်နေပါပြီ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ရဲ့ ကစားကွက်ပေါ်မှာ မူတည်နေတာပါ။ ကျွန်တော် သူတို့ ၃ ယောက်အတွဲကို မြင်ရဖို့ အကောင်းဘက်မှာ ရှိနေတယ်လို့ ပြောချင်ပါတယ်။ ”

” ဒါပေမယ့် လာကာဇက်တီက သူ့ရဲ့ ခြေချင်းဝတ်မှာ ပြဿနာ ရှိနေပါတယ်။ ဒဏ်ရာက တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာပါပြီ။ ပီပီကတော့ အခြားသူတွေထက် နောက်ကျပြီးမှ ရောက်လာပေမယ့် ပွဲတိုင်းမှာ ပို အံဝင်လာပါပြီ။ အူဘာမီယန်းကတော့ ကျွန်တော်တို့ရဲ့ အရေးကြီး ကစားသမားပါ ” လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အမ်မရီက ပြောခဲ့ပါတယ်။