မနေ့က ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမှုမှာပဲ ၂၀၁၉ ခုနှစ်ရဲ့ UEFA အကောင်းဆုံးကစားသမားဆုကို လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဆန်ကာတင် နောက်ဆုံး သုံးဦးစာရင်းမှာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အပြိုင် ဗန်ဒိုက် ပါဝင်ခဲ့ပြီး ဆုကိုတော့ ပြိုင်ဘက်အသင်းသားတွေကို ကျော်ဖြတ်ရရှိခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်ရဲ့ ဥရောပအကောင်းဆုံး ကစားသမားဆုအတွက် ထိပ်ဆုံးစာရင်းတွေမှာ ပါဝင်ခဲ့သူက ဗန်ဒိုက်တစ်ဦးတည်း မဟုတ်ပါဘူး။

ဆန်ကာတင်စာရင်းမတင်ခင် အကြို ၁၀ ဦးစာရင်းမှာတော့ လီဗာပူးအသင်းသားတွေဖြစ်တဲ့ အယ်လီဆန်၊ မာနေး၊ ဆာလက်တို့လည်း ပါဝင်ခဲ့ကြသေးတာဖြစ်တယ်။ မဲပေးမှုရလဒ်တွေအရ ဗန်ဒိုက်က အများဆုံးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယနေရာမှာ မက်ဆီ၊ တတိယနေရာမှာ ရော်နယ်ဒိုတို့ ရပ်တည်ခဲ့ကြပါတယ်။

သူတို့သုံးဦးနောက် နံပါတ် လေးနေရာမှာတော့ ဂိုးသမား အယ်လီဆန်၊ နံပါတ် ငါးနေရာမှာတော့ မာနေးနဲ့ နံပါတ် ၆ နေရာမှာတော့ ဆာလက်တို့ ရပ်တည်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီနှစ်အတွက် အကောင်းဆုံး ဥရောပကစားသမား စာရင်းရဲ့ ထိပ်ဆုံး ၆ ဦးစာရင်းမှာ လီဗာပူးက လေးဦးထိ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

UEFA Player of the Year votes:

1. VirgilvDijk – 305 points
2. Lionel Messi – 207 points
3. Cristiano Ronaldo – 74 points
4. Alissonbecker- 57 points
5. Sadio Mané – 51 points
6. MoSalah – 49 points